27 C
Yangon

ရုရှားထံမှ ရေငုပ်သင်္ဘော တိုက်ရိုက် ထပ်မံ ဝယ်ယူနိုင်ရေး ကြိုးပမ်းနေပြီး တော်ပီဒိုစက်ရုံ ကိစ္စပါဝင်ဖွယ်ရှိ

Must read

ရုရှားထံမှ ရေငုပ်သင်္ဘော တိုက်ရိုက် ထပ်မံ ဝယ်ယူနိုင်ရေး ကြိုးပမ်းနေပြီး တော်ပီဒိုစက်ရုံ ကိစ္စပါဝင်ဖွယ်ရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

အကြမ်းဖက်စစ်ကောင်စီက ရုရှားထံမှ ရေငုပ်သင်္ဘောတစ်စီး ထပ်မံ ဝယ် ယူ နိုင် ရေး ဆွေးနွေးမှု များရှိနေပြီး တော်ပီဒို စက်ရုံ ကိစ္စများလည်း ရုရှားနှင့် မြန် မာ အကြား ဆွေးနွေးမှုများ ရှိနိုင်ကြောင်း ရေတပ်သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ရုရှား ဒုရေတပ်စစ်ဦးစီးချုပ် Vice Admiral Igor MUKHAMETSHIN နှင့်အဖွဲ့သည် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် စစ် ကောင် စီ ၏ ရေတပ် ဦးစီးချုပ် မိုးအောင်တို့အဖွဲ့က တွေ့ဆုံပြီး နှစ်နိုင်ငံ ရေ တပ်ချင်း ပူးပေါင်း ဆောင်ရွက်မည့်ကိစ္စများ ဆွေးနွေးကြောင်း စစ်ကောင်စီက သတင်း ထုတ်ပြန်သည်။

ဆွေးနွေးမှုများတွင် နှစ်နိုင်ငံရေတပ်မှ စစ်ရေယာဉ်များ အပြန်အလှန် ချစ်ကြည် ရေးခရီးစဉ်များ လေ့လာလည်ပတ်နိုင်မှုနှင့် နှစ်နိုင်ငံရေတပ်များအ ကြား ခရီး စဉ်များ အပြန်အလှန် လေ့လာလည်ပတ်နိုင်ရေး၊ စစ်ကောင်စီတပ်က ရုရှား သို့ သင်တန်းသားများ စေလွှတ်သင်ကြားလျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံ ရေတပ် အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များဆွေးနွေးကြောင်း စစ်တပ်ဘက်က သတင်း ထုတ်ပြန်ထားသည်။

ရန်ကုန်ခေတ်သစ်၏‌ ရေတပ်သတင်းရင်းမြစ်တချို့က စစ်ကောင်စီက ရုရှားထံမှ ရေငုပ်သင်္ဘော ၁ စီး ထပ်မံ ဝယ်ယူနိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း၊ လက်ရှိ ရေတပ်တွင် အိန္ဒိယရေတပ်မှ ရယူထားသော ရုရှားထုတ် မင်းရဲသိင်္ခသူ ရေငုပ် သင်္ဘောနှင့် တရုတ်က ပေးထားသည့် မင်းရဲကျော်ထင် ရေငုပ်သင်္ဘော ၂ စီးရှိ နေပြီး ထပ်မံ၍ တိုက်ခိုက်ရေးဆိုင်ရာ ခေတ်မီ ရေငုပ်သင်္ဘောတစ်စီးရယူရန် ကြိုးစား လျက်ရှိကြောင်း ပြောဆိုသည်။

“လက်ရှိ မင်းရဲသိင်္ခသူက အိန္ဒိယကနေ ရယူခဲ့တဲ့ ရုရှားရေငုပ်သင်္ဘော။ဒုတိယ က မင်းရဲကျော်ထင် ရေငုပ်သင်္ဘောက တရုတ်က ပေးတာ။ ရေတပ်ထဲမှာ သတင်း ဖြစ်နေတာက ရုရှားဆီက တိုက်ရိုက် ရေငုပ်သင်္ဘော အကြီးတစ်စီး ရဖို့ ကြိုးစား နေတယ်လို့သိရတယ်။ ရှေ့မှာတုန်းက ပထမဆုံးဟာက အိန္ဒိယ ရေတပ် က ရတဲ့ ရုရှားရေငုပ်သင်္ဘော။ နှစ်စီးလုံးက တစ်ပတ် ရစ် အဟောင်း တွေဆိုတော့ နောက်ထပ် ဒီနှစ်စီးထက် အဆင့်မြင့်တာကို ရယူဖို့ လုပ် တယ် လို့ သိထားပါတယ်။ အခုကတော့ ရုရှားဆီကနေ တိုက်ခိုက်ရေး ရေငုပ် သင်္ဘော ရဖို့ ကြိုးစားနေတယ်လို့သိရပါတယ်။ နောက်ထပ် ရုရှားဆီကလာမယ့် ရေငုပ် သင်္ဘော အတွက် သင်တန်းတွေ စေလွှတ်တာတွေလည်း လုပ်တော့ မယ် လို့ သိရပါတယ်။ အဲဒါက ရေတပ်အသိုင်းအဝိုင်းမှာ သိရတာပါ ” ဟု ရန်ကုန် ခေတ် သစ် ၏ သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံက ဒလ ရေတပ်ဝင်း အတွင်း တွင် တော်ပီဒို သိုလှောင်ထုတ်လုပ်ရေး စက်ရုံကို တည်ဆောက်ခဲ့ပြီး ယင်း တော်ပီဒိုစက်ရုံကိစ္စများလည်း ရုရှားရေတပ်ဒုစစ်ဦးချုပ်၏ ခရီးစဉ်အတွင်း ဆွေး နွေးနိုင်ဖွယ်ရှိကြောင်း ရေတပ်သတင်းရင်းမြစ်များ၏ အဆိုအရ သိရှိရ သည်။

ဓာတ်ပုံ- ရုရှားရေတပ်ဒုချုပ်နှင့် မိုးအောင်တို့ ဒီဇင်ဘာလ ၂၅ ရက်နေ့ တွေ့ဆုံ စဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article