35 C
Yangon

ရုရှား ဂျက်တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးမှု မြင့်တက်လာ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

မြန်မာနိုင်ငံရဲ့ တိုက်ပွဲတွေဟာ တစ်နေ့ထက်တစ်နေ့ အသေအပျောက် ပိုမိုများ ပြားလာလျက် ရှိပါတယ်။

မြန်မာအတိုက်အခံအစိုးရ (NUG )ရဲ့ အချက်အလက် တွေအရ အာဏာသိမ်းမှု ဖြစ်ပွားပြီးကတည်းက စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေဟာ ပိုမို ပြင်း ထန်လာခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေအတွင်း အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှု အကြိမ် ၁၉၀ အပါအဝင် လေကြောင်းတိုက်ခိုက်မှု ၂၆၈ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး အုပ်စုဖြစ်တဲ့ Myanmar Witness အဖွဲ့နဲ့ အတူတကွ ဆန်းစစ်လေ့လာမှုများအပါအဝင် NHK သတင်းဌာနရဲ့ လေ့လာ ဆန်းစစ် တွေ့ရှိချက်များအရ စစ်ကောင်စီဟာ ရုရှားရဲ့အကူအညီကို ရယူပြီး ၎င်းရဲ့ လေတပ်အင်အားကို တိုးမြှင့်အားဖြည့်လျက်ရှိနေတာကို တွေ့ရပါတယ်။

ဥပမာတစ်ခုအနေနဲ့ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း စစ်ကိုင်းတိုင်းထဲက စာသင်ကျောင်း တကျောင်း ဖြစ်ပြီး၊ အဲ့ဒီကျောင်းကို စစ်တပ်က ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ရဟတ်ယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာပါ။

ကလေးသူငယ်များအပါအဝင် အနည်းဆုံးလူ ၁၂ ဦးသေဆုံးခဲ့ပြီး၊ အရပ်သား တွေဟာ စိတ်ပိုင်း၊ ရုပ်ပိုင်း ဒဏ်ရာအနာတရတွေနဲ့ ဆက်လက်ရုန်း ကန် နေရဆဲလည်း ဖြစ်ပါတယ်။ လေကြာင်းဗုံးကြဲတိုက်ခိုက်ခံရမှု ဖြစ်စဉ်မှာ ကြုံတွေ့ပါဝင်ခဲ့တဲ့ ကျောင်းဆရာတဦးကတော့-

“ အကာအကွယ်ယူကြဖို့ ကလေးတွေကို ကျွန်တော်လှမ်းအော်ပြောလိုက်တဲ့ အချိန်မှာပဲ တိုက်ခိုက်မှုတွေ စတင်ဖြစ်ပွားလာတယ်။ ကျွန်တော်လည်း ထိတ် လန့်ကြောက်ရွံ့နေတဲ့ ကလေးမလေး တစ်ယောက်ကို ကာပေးရင်း ကျွန်တော့်ပေါင်ကို ကျည်ထိမှန်ခံရတာ ဖြစ်ပါတယ်” လို့ဆိုပါတယ်။

မြန်မာပြည် မြောက်ဖက်စွန်း ကချင်ပြည်နယ်မှာလည်း ထိုနည်းတူ ညအချိန် တင်ဆက်နေတဲ့ တေးဂီတဖျော်ဖြေပွဲမှာ နောက်ထပ် လေကြောင်းကနေ အတိုက်ခံရတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အနည်းဆုံး လူ ၅၀ ဦး သေဆုံးခဲ့တယ်လို့ သတင်းဌာနအချို့က ဖော်ပြထားပြီး ကချင်ပြည်နယ်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကမူ သေဆုံး သူ စုစုပေါင်း ၆၂ ဦးရှိတယ်လို့ တရားဝင် ထုတ်ပြန်ပြောဆိုထားပါတယ်။

အဲ့ဒီ့တိုက်ခိုက်မှုဟာ သောင်းကျန်းသူများအပေါ် လိုအပ်လို့ ဆင်နွှဲရတဲ့ စစ်ဆင် ရေး တစ်ခုဖြစ်တယ်လို့ စစ်တပ်ဘက်က ခုခံငြင်းဆိုခဲ့ပါတယ်။ အရပ်သား သေဆုံးမှု မရှိကြောင်းလည်း စစ်တက်က ဗြောင်ကျကျ ငြင်းဆိုထားဆဲလည်း ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက ကချင်ပြည်နယ်အကြောင်း ရိုက်ကူး တင်ဆက်နေတဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ဦးကမူ အတိုက်ခိုက်ခံခဲ့ရတဲ့နေရာဟာ ဒေသခံအရပ်သားများ စုဝေးတွေ့ဆုံရာ အရပ်တစ်ခုဖြစ်တယ် လို့ဆိုပါတယ်။

ရုပ်ရှင်ဒါရိုက်တာတဦးဖြစ်တဲ့ သွန်းနေစိုးက “အတိုက်ခံရတဲ့နေရာက ပုံမှန်ဈေး ဒါမှမဟုတ် ဈေးပွဲတော်လို နေရာမျိုးပါ။ အဲ့ဒီနေရာက သာမန်အရပ်သားတွေ ဝမ်းရေးအတွက် သွားလာလှုပ်ရှားနေတဲ ့နေရာဖြစ်ပါတယ်” လို့ဆိုပါတယ်။

မြန်မာပြည် အရှေ့တောင်ပိုင်းရှိ ကရင်ပြည်နယ်က ဒေသတစ်ခုမှာလည်း ည သန်း ခေါင်အချိန် စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့လို့ ဘုန်းကြီး ကျောင်း တစ်ကျောင်းလုံး ပြာကျသွားခဲ့ပါတယ်။

အဲဒီကျောင်းမှာ နေထိုင်လျက်ရှိတဲ့ ကလေးငယ် ၄၀ ကျော်ကို အချိန်မီ ကယ် ထုတ် နိုင်ခဲ့ပေမယ့် လက်ရှိမှာ ကလေးငယ်တွေဟာ အိုးမဲ့အိမ်မဲ့ဘဝသို့ ရောက်ရှိ သွားကြပြီ ဖြစ်ပါတယ်။

NHK သတင်းဌာနရဲ့ လေ့လာဆန်းစစ်မှုတွေအရ မြန်မာလေတပ်ဟာ ရုရှား အကူအညီနဲ့ အင်အားတိုးချဲ့လျက်ရှိကြောင်း တွေ့ရှိရပါတယ်။ ရုရှား လေယာဉ် တွေကို လေကြောင်းပစ်မှတ်များအနီး တွေ့ရှိရပြီး၊ ပြီးခဲ့တဲ့ ဧပြီလမှစတင်ပြီး စုံစမ်းထောက်လှမ်းမှုတွေ မကြာခဏ တွေ့ရှိနေခဲ့ခြင်းလည်း ဖြစ်ပါတယ်။

Myanmar Witness မှ လက်နက်ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ Leone Hadavi က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ တွေရလေ့ရှိတဲ့ လေယာဉ် ဟာ ရုရှားလုပ် ယက်-၁၃၀ (Yak-130) လေ့ကျင့်ရေးနှင့် အပေါ့စား တိုက်ခိုက် ရေး ဂျက်လေယာဉ်ဖြစ်ကြောင်း ၎င်းက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

“ဒီလေယာဉ်က နောက်ပိုင်း ထုတ်လုပ်ထားတာဖြစ်ပြီး ပိုမိုဆန်းသစ်တဲ့ လေယာဉ် အမျိုးအစားပါ။ ထိန်းကျောင်းမောင်းနှင်ရတာ အလွန်လွယ်ကူတယ်။ အရမ်းလဲ ဘက်စုံအသုံးဝင်တဲ့ လေယာဉ်ဖြစ်ပါတယ်” လို့ သူက ဆက်ပြော ပါတယ်။

Yak-130 လေယာဉ်ကို မမြင်ရချိန်အထိ မြန်မာစစ်တပ်ဟာ တရုတ်လုပ် (K-8) လေယာဉ်များကိုသာ အားကိုးအသုံးပြုလျှက် ရှိတာပါ။ ရုရှားဂျက်လေယာဉ်ဟာ စွမ်းဆောင်မှု ပိုမိုမြင့်မားတဲ့ လေယာဉ်ဖြစ်တယ်လို့ Hadavi က ဆိုပါတယ်။

“ကေ-၈ (K-8) လေယာဉ်က ဒုံးကျည် ၅ ခု သို့မဟုတ် ဒုံးပစ်စင် (Pylon) ၅ ခု တပ်ဆင်နိုင်ပြီး လက်နက်အလေးချိန် ၁,၀၀၀ကီလိုဂရမ်အောက်ပဲ သယ်နိုင် တဲ့အချိန်မှာ ယက်(Yak) လေယာဉ်က ဒုံးကျည် ၉ ခုတပ်ဆင်နိုင်ပြီး လက်နက် အလေးချိန် ၃,၀၀၀ကီလိုဂရမ်အထိ သယ်နိုင်ပါတယ်။ ဒါကြောင့် ဒီလေယာဉ် နှစ်မျိုးရဲ့စွမ်းဆောင်မှုက အလွန် ကွာခြားပါတယ်” လို့ ၄င်းက ပြောပါ တယ်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလက ကျင်းပခဲ့တဲ့ မြန်မာလေတပ် နှစ်ပတ်လည် အခမ်း အနားမှာ ယက်-၁၃၀ (Yak-130) တိုက်လေယာဉ် အသစ် ၆ စီးကို စတင် အသုံးပြုဖို့အတွက် အကြမ်းဖက်စစ်ဗိုလ်ချုပ်တွေက ထုတ်ဖော် မိတ်ဆက် ခဲ့တာပါ။

ရုပ်သံထဲမှ ဂျက်လေယာဉ်တွေရဲ့ အမှတ်စဉ်ကို 18-15 မှ 18-20 အထိ သတ်မှတ် ဖော်ပြထားပြီး ပထမဆုံး တပ်တော်ဝင် အခမ်းအနားမှာ တွေ့မြင် ခဲ့ရတဲ့ ယက်-၁၃၀ (Yak-130) လေယာဉ်တွေကို 18-01 မှစတင်ပြီး အမှတ် စဉ်တပ်ထားတာကြောင့် မြန်မာ့လေတပ်မှာ လက်ရှိအသုံးပြုနေတဲ့ ယက်-၁၃၀ (Yak-130) လေယာဉ်စုစုပေါင်း အစီး ၂၀ ရှိမယ်လို့ ခန့်မှန်းယူဆရပါတယ်။

ရုရှား ဂျက်လေယာဉ်တစ်စီး ပါဝင်တဲ့ ရုပ်သံ မှတ်တမ်းတစ်ခုကိုလည်း ထိုင်းနိုင် ငံ နယ်စပ်အနီး မြန်မာနိုင်ငံမြောက်ပိုင်းဒေသ ကရင်ပြည်နယ်အတွင်းမှာ ရိုက်ကူးရယူနိုင်ခဲ့ပါတယ်။

အဲဒီ ရုပ်သံမှတ်တမ်းကို လေ့လာကြည့်တဲ့ အခါ ယက်-၁၃၀(Yak-130) လေ ယာဉ် ပေါ်မှနေပြီး ပဲ့ထိန်းမဲ့ ဒုံးကျည် ၃၆ ခု ပစ်ခတ်ခဲ့တာကို တွေ့ရကြောင်း Myanmar Witness လက်နက်ကျွမ်းကျင်သူတွေက အတည်ပြု ပြောပါတယ်။

ဒါ့ကြောင့် ယက်-၁၃၀ (Yak-130) တိုက်လေယာဉ်ပါ လက်နက်တွေဟာ အလွန်အန္တရာယ် ကြီးမားကြောင်း Hadavi ကအောက်ပါအတိုင်း ပြောဆို ပါတယ်။

“ဒီလက်နက်တွေရဲ့ ချိန်ရွယ်ပစ်မှတ်မှု စနစ်ဟာ နည်းပညာအရ သိပ်ပြီး အဆင့်မြင့်မားမှု မရှိတဲ့အတွက် တမင်ရည်ရွယ်တာဖြစ်စေ၊ မရည်ရွယ်ဘဲ ဖြစ်စေ၊ ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးမှုနဲ့ ပစ္စည်းဥစ္စာ ပျက်စီး ဆုံးရှုံးရမှုတွေ ကြီးမားနိုင်တာ တွေ့ရပါတယ်”လို့ သူက ပြောပါတယ်။

ကရင်ပြည်နယ် မြို့တစ်မြို့ဖြစ်တဲ့ လေးကေကော်ဒေသမှ ရုပ်သံမှတ်တမ်း တစ်ခုကို တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တစ်ခုက ထုတ်လွှင့်ခဲ့ပါတယ်။

အပြာရောင် အဆောက်အအုံများမှ မီးခိုး တလူလူထွက်နေပြီး အဲဒီနေရာမှာ ပဋိပက္ခကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူများအတွက် ဆောက် လုပ်ပေး ထားတဲ့ အိမ်ရာများ ရှိနေတာပါ။ အဲဒီအိမ်ရာတွေကို ရည်ရွယ်ပြီး ပစ်ခတ် ခဲ့တယ်လို့တောင် ကောက်ချက်ချနိုင်ပါတယ်။

ရုပ်သံပေါ်ထွက်လာပြီး နောက်တစ်နေ့မှာတော့ အဲ့ဒီ့နေရာမှာပင် ရှာဖွေ တွေ့ရှိခဲ့တဲ့ ကျည်ခွံ အဟောင်းများရဲ့ ပုံကိုလည်း မြင်တွေခဲ့ရတာပါ။ အဲ့ဒီ့ကျည်တွေဟာ ၂၃ မမကျည်များ ဖြစ်တယ်လို့ Hadavi ကဆိုပါတယ်။

သတင်းဌာနတစ်ခုက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ခုမှ ထိပ်တန်း အရာရှိတစ်ဦးထံသို့လည်း ဆက်သွယ် မေးမြန်းခဲ့ပါတယ်။ ကရင်ပြည်နယ်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် လွန်ခဲ့သော နှစ် ၃၀ ကျော်ကြာ တိုက်ပွဲ ဝင်နေသူတဦးဖြစ်တဲ့ ကော်သူလေးတပ်မတော်မှ ဗိုလ်မှူးစလုံးက လက်ရှိ ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုက အကြီး အကျယ် ပိုမိုများပြားလာနေတယ်လို့ ဆိုပါတယ်။

“အရှေ့တောင်ပိုင်းက ကော့ကရိတ်မှာ လွန်ခဲ့တဲ့တစ်လအတွင်း ဂျက်လေယာဉ် တွေဟာ တစ်နေ့ အကြိမ် ၅၀ ကင်းထောက်တယ်။ ပြီးတော့ ၄ စီးက ပြန်လာ တိုက်ခိုက်ကြတယ်။ ဒီလိုလေကြောင်း တိုက်ခိုက်ခံရတဲ့အခါ အများဆုံး ထိခိုက်ခံစားရတာ ကျွန်တော်တို့ စစ်သားတွေ မဟုတ်ပါဘူး။ ရွာသူရွာသား တွေပဲ ပိုပြီးသေဆုံးရတာပါ။ ဒါသူတို့လုပ်နေတဲ့ လုပ်ရပ်တွေပေါ့ လူတွေကို ထိတ်လန့်ကြောက်ရွံ့လာအောင် လုပ်နေတာ ဖြစ်ပါတယ်” လို့ ၄င်းက ပြောခဲ့တာပါ။

လူမှုကွန်ရက်များမှာ ရေးသားချက်တွေအရ အောက်တိုဘာလလယ်ခန့်က မြန်မာ့ဝေဟင်မှာ အဆင့်မြင့် တိုက်လေယာဉ်တစ်စီးရဲ့ ပထမဆုံးအကြိမ် ပျံသန်းမောင်းနှင်မှုတွေကို တွေ့မြင်ခဲ့တယ်လို့လည်း ၎င်းကဆိုပါတယ်။

အဲ့ဒီ့လေယာဉ်ဟာ ရုရှားလုပ် ဆူခွိုင်း-၃၀ (Sukhoi-30) လေယာဉ်ဖြစ်တယ်လို့ တတစ်ချ ယုံကြည်စွာ ပြောဆိုလျှက် ရှိနေတာပါ။ တစ်ဆက်တည်းမှာပဲ မြန်မာ နိုင်ငံမှာ ရိုက်ကူးထားတယ် လို့ဆိုတဲ့ ဆူခွိုင်း-၃၀ (Sukhoi-30) ရဲ့ဓာတ်ပုံ တွေကို NHK က သီးခြားရရှိထားပါသေးတယ်။

အဲ့ဒီ့လေယာဉ်ဟာ လက်နက်တပ်ဆင်ထားခြင်း မရှိဘဲ လေ့ကျင့်ပျံသန်းနေခြင်း ဖြစ်ဖွယ်ရှိတယ်လို့ Myanmar Witness က လေ့လာမှုတွေအရ သုံးသပ်ပါ တယ်။

အဲဒီနေ့မှာပဲ လေတပ်စခန်းတခုကို ဂြိုဟ်တုပုံရိပ်မှတစ်ဆင့် လေ့လာမှုများအရ မကြာသေးမီကမှ လောလောလတ်လတ် ဆောက်လုပ်ထားတဲ့ လေယာဉ်ရုံ များအနီး ပြေးလမ်းပေါ်မှာ ရပ်ထားတဲ့ ဆူခွိုင်း-၃၀(Sukhoi-30) တစ်စီးကို အတည်ပြုနိုင်ခဲ့ပါတယ်။

Leone Hadavi က ‘ဆူခွိုင်း-၃၀ (Sukhoi-30) လေယာဉ် ဆိုရင် တင်ဆောင်နိုင်တဲ့ လက်နက်ပမာဏက ပိုတောင်များလာတယ်။ ယက် (Yak) လေယာဉ်မှာ ကီလို ၃,၀၀၀၊ ဒုံးကျည် ၉ ခု၊ အခုဆူခွိုင်း-၃၀ (Sukhoi-30) မှာဆို လက်နက်အလေးချိန် ကီလို ၈၀၀၀,နဲ့ ဒုံးကျည် ၁၂ ခု အထိ တပ်ဆင် နိုင်ပါတယ်” လို့ ပြောဆိုပါတယ်။

လွတ်လပ်တဲ့ မြန်မာမီဒီယာတစ်ခုရဲ့ သီးခြားသတင်းရင်းမြစ်တစ်ခုမှာလည်း မတ်လအတွင်း ရုရှား နိုင်ငံမှ ဆူခွိုင်း-၃၀ (Sukhoi-30) လေယာဉ် ၂ စီး မြန်မာနိုင်ငံကို ပထမဦးဆုံးရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံကို မော်စကိုက ဆူခွိုင်း-၃၀ (Sukhoi-30) လေယာဉ် ၆ စီးပေး ပို့သွားမယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးက ပြောဆိုကြောင်း ရုရှားနိုင်ငံပိုင် သတင်းမီဒီယာက ဖော်ပြထားပါတယ်။ ဒါ့ကြောင့်စစ်ကောင်စီဟာ ၂၀၁၈ ခုနှစ်က မှာယူခဲ့တဲ့ လေယာဉ်တွေအနက် ဂျက်လေယာဉ် ၄ စီးကို ရုရှားထံမှ ရရှိဦးမှာလည်း ဖြစ်ပါတယ်။

လေ့လာမှုတွေအရ မြန်မာစစ်တပ်ဟာ ရုရှားနိုင်ငံရဲ့ ကာလရှည် အကူအညီနဲ့ လေတပ်အင်အားကို အဆင့်မြှင့်တင်နေတယ်ဆိုတာ အထင်အရှား ပေါ် လွင်လာနေပြီး၊ တနည်းအားဖြင့် ပြည်သူလူထုကို လေကြောင်းက အကြမ်း ဖက်တိုက်ခိုက်ဖို့ ပြင်ဆင်နေခြင်းလည်း ဖြစ်ပါတယ်။

“ကေ-၈ (K-8) လေယာဉ်က အခြေခံ အမောင်းသင်လေယာဉ်ပါ။ ယက်-၁၃၀ (Yak-130) ကတော့ တိုက်လေယာဉ်မှူးတွေကို စတုတ္ထနဲ့ ပဉ္စမ မျိုးဆက်ဂျ က်လေယာဉ်တွေ မောင်းနှင်နိုင်ရေး သင်ကြားပေးတဲ့ အဆင့်မြင့်အမောင်းသင် လေယာဉ် ဖြစ်ပါတယ်။ ဆူခွိုင်း-၃၀ (Sukhoi-30) ကတော့ စတုတ္ထမျိုးဆက် ဂျက်တိုက်လေယာဉ်ပါ။ လေယာဉ်သုံးစွဲမှုတွေ များပြားလာမယ်လို့ ကျွန်တော် တို့ သုံးသပ်ရရှိထားပြီး ဒီအချက်ကြောင့်လည်း မြန်မာလေတပ်နဲ့ သူတို့ရဲ့ လှုပ်ရှားမှုတွေကို Myanmar Witness က ပိုမိုတိုးမြှင့်စောင့်ကြည့် လေ့လာနေတာ ဖြစ်ပါတယ်” လို့ Leone Hadavi ကပြောပါတယ်။

အာဏာသိမ်းပြီနောက်ပိုင်း မြန်မာပြည်သူ ၁ သန်းကျော်ဟာ ပြည်တွင်းမှာ နေရပ်စွန့်ခွာထွက်ပြေး နေရတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များ အေဂျင်စီက ခန့်မှန်းထားပါတယ်။ ကလေးသူငယ်များအပေါ် ကျရောက်နေတဲ့ ဘေးအန္တ ရာယ်မှာ အထူးပင် ဆိုးဝါးပြင်းထန်နေဆဲလည်း ဖြစ်ပါတယ်။

“ဒုက္ခသည်စခန်းတွေက ဘဝဆိုတာ နေအိမ်အကျယ်ချုပ် ကျခံနေရတာနဲ့ မခြားနားပါဘူး။ လူတွေ ဘယ်မှမသွားနိုင်လို့ အရာရာ ရှားပါးပြတ်လပ်နေတယ်။ ဒုက္ခသည်တွေနဲ့ ပြည်သူတွေကို သူတို့ကျေးရွာတွေဆီ ပြန်ပို့ပေးနိုင်အောင် ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်လိုပါတယ်” ဗိုလ်မှုးစလုံးက ပြောပါတယ်။

အခြေအနေ ဆိုးရွားနေဆဲဖြစ်တဲ့ မြန်မာ့အရေးအတွက် အာဆီယံ ခေါင်းဆောင် တွေ ပါဝင်တဲ့ ထိပ်သီးညီလာခံကို ယမန်နှစ်အတွင်းက ကျင်းပခဲ့ပေမယ့် စစ် ကောင် စီက သဘောတူညီခဲ့တဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင် အထည် ဖော်မယ့် နောက်ဆုံးရက်တစ်ခုကို အတည်ပြု သတ်မှတ်နိုင်ခြင်း မရှိခဲ့ပါဘူး။

မြန်မာ့အရေးအပါအဝင် လူ့အခွင့်အရေးနှင့် အများပြည်သူ ပဋိပက္ခများဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက မြန်မာ့ပြဿနာကို ကမ္ဘာ့အသိုင်းအဝိုင်းက ဆက်လက် လျစ်လျူရှု နေဦးမည်ဆိုပါက ဘေးဆိုးကြီးများ ကျရောက်လာနိုင်ကြောင်း သတိပေးထားပြီလည်း ဖြစ်ပါတယ်။

ညှင်းပန်းနှိပ်စက်ခံရသူများအတွက် ဗဟိုဌာန ဥက္ကဋ္ဌနှင့် စီအီးအိုဖြစ်တဲ့ Simon Adams က “သမိုင်းမှာ မှန်တဲ့ဘက်က ရပ်တည်မယ့်အကြောင်း ရှေ့ထွက်ပြီး အခိုင်အမာ ပြောဆိုမယ့် နိုင်ငံမျိုးတွေ ကျွန်တော်တို့ ပိုမိုလိုအပ်နေတယ်။ သမိုင်းထဲက ဥပမာတွေကို ပြန်ကြည့်မယ်ဆိုရင် ၁၉၉၀ ပြည့်လွန်နှစ် တွေတုန်းက ရဝမ်ဒါ နိုင်ငံမှာ လူမျိုးတုန်း သတ်ဖြတ်မှုကြီး ဖြစ်ပေါ်လာမှုကို ဘယ်သူမှ ဘာမှမလုပ်နိုင်ဘဲ လက်ပိုက်ကြည့်နေတဲ့အဖြစ်ကို နိုင်ငံအားလုံး အကြီးအကျယ် အရှက်ရနေလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ဒီလိုပဲ ယူဂို ဆလားဗီးယားနိုင်ငံမှာ အချိန်ကြာမြင့်စွာ ဖြစ်ပွားခဲ့တဲ့ ရက်စက်ကြမ်း ကြုတ် မှုတွေအတွက်လည်း နိုင်ငံတကာအသိုင်းအဝိုင်းက ဘာမှမလုပ်နိုင်ခဲ့ဘူး။ အခုတစ်ခါ ဒီလိုအကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့ နိုင်ငံစာရင်းထဲ မြန်မာလဲ ပါဝင်လာခဲ့တာမို့လို့ နိုင်ငံတကာ အသိုင်းအဝိုင်းအဖို့ ထပ်ပြီး ကြီးကြီးမားမား အရှက်ရစရာ ဖြစ်လာခဲ့တယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ တချို့ အပိုင်း တွေ ဆောင်ရွက်ပြီး ဖြစ်ပုံရပေမယ့် ဒီလိုရာဇဝတ်မှုတွေ ကျူးလွန် နေတဲ့ အစိုးရ ကို သူတို့ရဲ့အကြမ်းဖက် လုပ်ရပ်တွေအတွက် တာဝန်ယူမှု ရှိလာ စေအောင် နိုင်ငံတကာ အသိုင်းအဝိုင်းတစ်ခုလုံးက ပိုမိုဆောင်ရွက်ဖို့ လိုအပ် လျက်ရှိပါတယ်” လို့ ပြောပါတယ်။

၂၀၂၂ စက်တင်ဘာလက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စစ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာကိစ္စရပ်တွေအတွက် သမ္မတပူတင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရုရှားနိုင်ငံကို သွားရောက်ခဲ့ပါတယ်။

အဲဒီခရီးစဥ်အတွင်း မင်းအောင်လှိုင်က ပူတင်ကို ကမ္ဘာ့တည်ငြိမ်ရေးနှင့် အခြေ အနေ ထိန်းသိမ်းရေးအတွက် ကမ္ဘာကြီးရဲ့ ခေါင်းဆောင်အဖြစ် ချီးမွမ်းခန်း ဖွင့်ခဲ့ ပါသေးတယ်။

ပြီးခဲ့တဲ့ရက်များအတွင်းကလည်း မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိနေတဲ့ ရုရှား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးကို လက်ခံတွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းအပြီး ပြည်သူတွေရဲ့ တွန်းလှန် ပုန်ကန်မှုကို ရင်ဆိုင်နေရတဲ့ မြန်မာစစ်တပ်ဟာ ရုရှနိုင်ငံနဲ့ ဆက်ဆံရေးကို အရှိန်မြှင့်တင်လာပြီး၊ စစ်ကောင်စီအနေနဲ့ တရုတ်ကိုကျော်လွန်ပြီး ရုရှားနဲ့ ဆက်ဆံရေးကို ပိုမိုအားကောင်းအောင် တည်ဆောက်နေတယ်ဆိုတာကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

ရုရှရဲ့ လက်နက်တွေနဲ့ မြန်မာစစ်တပ်ရဲ့ မိမိပြည်သူတွေအပေါ် ပြန်လည် ခြိမ်းခြောက်တဲ့အန္တရယ်ကို ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာ့အလယ်မှာ ပြဿနာတစ်ခုအဖြစ် ဆက်လက် တည်ရှိနေဆဲ ဖြစ်ပါတယ်။

ဝမ်းနည်းဖွယ်ရာ တွေ့မြင်နေရတဲ့ မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေကို ပွဲကြည့်ပရိတ်သတ်အဖြစ် ကျန်တစ်ကမ္ဘာလုံးက မည်မျှအချိန်ကြာကြာ ဘေးထိုင်ရပ်ကြည့်နေကြဦးမှာလဲ ဆိုတာကိုတော့ မေးခွန်းထုတ်ဖွယ် ရှိပါတယ်။

ဒါပေမယ့် မင်းအောင်လှိုင်ရဲ့ ရက်စက်ယုတ်မာလှတဲ့ လေကြောင်း တိုက်ခိုက် မှုတွေ ရပ်တန့်သွားဖို့ရာအတွက် ဖြစ်နိုင်တဲ့ နည်းလမ်းပေါင်းစုံကို အသုံးပြု တွန်း လှန်သွားမယ့် တာဝန်က မြန်မာတော်လှန်ရေးအဖွဲ့အသီးသီးသာမက မြန်မာပြည်သူအားလုံးရဲ့ ပုခုံးပေါ်သို့ ရောက်ရှိနေပြီ ဖြစ်တယ်ဆိုတာကတော့ အသေအချာပဲ ဖြစ်ပါတယ်။

(NHK သတင်းဌာန၏ Newsroom Tokyo သတင်းအစီအစဉ်က ထုတ် လွှင့်ခဲ့သော “Russian Jets for Myanmar Claim More Civilian Lives” ဗီဒီယိုသတင်းကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article