36 C
Yangon

ရုရှား-မြန်မာဆက်ဆံရေးအဖွဲ့ကို ဝန်ကြီးဌာနပုံစံဖွဲ့စည်းထားပြီး နူကလီးယား ဆိုင်ရာ ဌာနကြီး တစ်ခုကိုပါ ဖွဲ့စည်းထား၊ ၃ နှစ်မှ ၅ နှစ်အတွင်း စစ်ရေးဆိုင်ရာ နူကလီးယားနည်းပညာ ရရှိရေး မင်းအောင်လှိုင်မျှော်မှန်းထားဟုဆို

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေး တိုးမြှင့်ရန်နှင့် နှစ်နိုင်ငံ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး အရှိန်အဟုန်တိုးမြှင့် ပူးပေါင်းဆောင် ရွက်ရေးအတွက် စစ် ကောင်စီက စစ်ဘက်အရာရှိကြီးများ ဦးဆောင်ပါဝင်သောအဖွဲ့တစ်ခုကို ဝန်ကြီး ဌာနပုံစံ ဖွဲ့စည်းထားပြီး ယင်းဝန်ကြီးဌာနအောက်တွင် ရုရှား-မြန်မာ နူကလီးယား နည်းပညာပူးပေါင်းမှု ဌာနကြီးတစ်ခုကိုပါ ဖွဲ့စည်းထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရပ်ကွက်ထံမှ သိရှိရသည်။

ရုရှားနိုင်ငံတွင် စက်တင်ဘာလ ၇ ရက်နေ့ ကျင်းပခဲ့သည့် အရှေ့ဖျားစီးပွားရေး ဖိုရမ်(EEF)တွင် ရုရှားသမ္မတ ပူတင်နှင့် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေးအတွက် ဝန်ကြီးဌာနပုံစံ အဖွဲ့များ ဖွဲ့စည်းခြင်း၊ နူကလီးယားနှင့်စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဌာနကြီးတစ်ခုကိုပါ တိုးချဲ့ ဖွဲ့စည်းလာခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရုရှား-မြန်မာပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကို ဝန်ကြီးဌာနပုံစံမျိုးဖွဲ့စည်းထား ပါတယ်။ အဲဒီအထဲမှာ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း၊ ဗိုလ်ချုပ်ကြီး မြထွန်း ဦး၊ ဗိုလ်မှူး ချုပ် မြတ်မင်းဦးတို့လို့ ဗိုလ်ချုပ်တွေ ပါတယ်။ တိုက်ရိုက်ကတော့ တပ်ချုပ်က ကိုင်တာ။ အရပ်ဘက် ဝန်ကြီးဌာနတွေလည်းပါတယ်။ အဖွဲ့စုံပါ တယ်။ ဦးဆောင်တာက စစ်ဘက်က ဦးဆောင်တယ်။ အဲဒီမှာ ရုရှားပြန် မြန်မာ စစ်အရာရှိတွေ အားလုံးပါတယ်” ဟု စစ်ဘက်သတင်းရပ်ကွက်က ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ရုရှား-မြန်မာဆက်ဆံရေးအဖွဲ့တွင်ပါဝင်သည့် ဗိုလ်မှူးချုပ် မြတ်မင်းဦးသည် နေပြည်တော် စစ်ရုံးချုပ် တပ်မ တော် (ကြည်း၊ရေ၊လေ)ကွန်ပျူတာဌာနမှူး ဖြစ်ပြီး ဒုတိယဗိုလ်ချုပ်ကြီးကံမြင့်သန်းသည် ကာကွယ်ရေးပစ္စည်း ထုတ်လုပ် ရေး ညွှန်ကြားရေးမှူးရုံး အရာရှိချုပ်ဖြစ်ကာ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ကာကွယ်ရေးဝန်ကြီး ဖြစ်ကြောင်း သိရှိရသည်။

ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သည် နူကလီးယား စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ တည် ဆောက် ရေး၊ နူကလီးယား အချက် အလက် စင်တာ ရန်ကုန်တွင် ဖွင့်လှစ်ရေးကိုလည်း တိုက်ရိုက်ကိုင်တွယ်ပြီး အကောင်အထည်ဖော်မှုအနေဖြင့် နူးကလီးယားနည်းပညာဆိုင်ရာ ဌာနကြီးက ဆောင်ရွက်အကောင်အထည်ဖော်သည်ဟုဆိုသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့ မြန်မာနိုင်ငံအတွက် နူကလီးယား စွမ်း အင် အားသုံး လျှပ်စစ် ဓာတ် အားပေး စက်ရုံ တည် ဆောက်ရန် ရုရှားနှင့် မြန်မာ နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ပြီး နိုဝင်ဘာလ ၁၈ ရက်နေ့တွင်မူ ရန်ကုန်တွင် Nuclear Technology Information Center တည်ထောင်ရန် ရုရှား နိုင်ငံပိုင် အဏုမြူ စွမ်းအင် ကော်ပိုရေးရှင်း ROSATOM နှင့် သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဌာနတို ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီ လက်မှတ်ရေးထိုးခဲ့ကြသည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လာမည့် ၃ နှစ်မှ ၅ နှစ်အတွင်း မြန်မာနိုင်ငံတွင် စစ်ဘက်ဆိုင်ရာ နူကလီးယားနှင့် ပတ်သက်သော နည်းပညာ များ လက်တွေ့ အပြည့်အ၀ ရရှိရန် မျှော်မှန်းထားကြောင်း၊ အဓိကအားဖြင့် ငြိမ်းချမ်းသော ရည်ရွယ်ချက်ဟု အမည်တပ်ထားသော်လည်း စစ်ဘက်ဆိုင်ရာ နူကလီးယား နည်းပညာများကို ရရှိရန် လိုလားနေကြောင်း သိရှိရသည်။

“တပ်ချုပ်ဘက်ကတော့ ၃ နှစ်ကနေ ၅ နှစ်အတွင်း စစ်ဘက်နဲ့ပတ်သက်တဲ့ နူကလီးယား နည်းပညာတွေ ရချင်တယ်။ ဒါတွေကို တတ်ကျွမ်းထားရမယ်။ ထုတ်လုပ်တာ မထုတ်လုပ်တာက တစ်ပိုင်း။ အဓိက စစ်ရေးနဲ့ပတ်သက်တဲ့ နည်းပညာတွေကို ရယူဖို့ကို သူက စိတ်အားထက်သန်နေတယ်” ဟု စစ်ဘက် သတင်းရင်းမြစ်က ပြောသည်။

ရုရှား-မြန်မာဆက်ဆံရေးအဖွဲ့သည် ရုရှားနိုင်ငံမှ နည်းပညာများရရှိရေးအတွက် ပညာတော်သင်စေလွှတ်ခြင်း၊ ရုရှားမှ ပညာရှင်များ မြန်မာနိုင်ငံတွင် လာ ရောက် ပညာသင်ကြားပို့ချခြင်း၊ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ တက္ကသိုလ်များ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆောင်ရွက်နေသည်ဟု သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article