36 C
Yangon

ရေစကြိုတွင် ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးကာ PDF ရဲဘော် ၄ ဦးကျဆုံး၊ မြင်းမူတွင် စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်

Must read

ရေစကြိုတွင် ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးကာ PDF ရဲဘော် ၄ ဦးကျဆုံး၊ မြင်းမူတွင် စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း PKU N PDF တပ်ဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ရေစကြိုမြို့နယ်၊ သဲတောကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသောအကြမ်းဖက် စစ်တပ်မှ စစ်သားများကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့​ပြီး တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်သည် သဲတောရွာမှ တဆင့် ထန်းပင် ချောင်းကျေးရွာသို့ ဆက်လက် ချီတက်လာပြီး ထပ်မံ တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ယင်းအကြမ်းဖက် စစ်တပ်စစ်ကြောင်းသည် ရွာသာအေးရွာမှ နေအိမ် ၂ လုံး၊ ထန်းပင်ချောင်းကျေးရွာမှ နေအိမ် အလုံး ၂၀ ကျော်ကို မီးရှို့ဖျက် ဆီးပြီး ဒီဇင်ဘာလ ၂၁ ရက် ညပိုင်းတွင် ပြန်လည်ဆုတ် ခွာသွားကြောင်း သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ Southern YSO မှ PDF ရဲဘော် ၁ ဦးနှင့် Young Force (PKU) PDF မှ ရဲဘော်တက်ပု၊ ရဲဘော်အာဒမ်၊ ရဲဘော်တေမိတို့ ၃ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုကို PKU N PDF ၊ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မြင်းမူတွင် စစ်ကား ၃ စီးကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက People’s knight Defense Force Myinmu တပ်ဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၃ နာရီ ၁၅ မိနစ်တွင် စစ်ကိုင်း-မုံရွာ လမ်းပိုင်းတွင် ဝမ်းပြည့်နှင့် အလ္လကပ္ပ အကြား ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ၅ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို People’s knight Defense Force Myinmu (PKDF-MMU)နှင့် People’ Army To Fight Dictatorship အာဏာရှင်စနစ် တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD) ၊ TAUNGTHA People Defense Force (TTAPDF) ၊ D.B.B.F- MMU ၊ PAFD တပ်ခွဲ Dog Killers People Defense Force Myinmu ( DKPDF) စသည့် ညီနောင် မဟာမိတ်အဖွဲ့များမှ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article