26 C
Yangon

ရေစကြိုနှင့် ကလေးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၇ ဦးသေဆုံးကာ PDF ရဲဘော် ၁ ဦးကျဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သဲတောရွာအနီး အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း Pakokku Underground Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ရေစကြိုမြို့နယ်၊ သဲတောကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ နယ်မြေ ရှင်းလင်းရေး ဝင်ရောက်လုပ်ဆောက်စဥ် ကင်းပုန်းဝပ်နေသော စစ်သား ၁၅ ဦးခန့်နှင့်ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားပြီး PDF ရဲဘော် ၁ ဦးကျဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Pakokku Underground Force နှင့် Black Cobra Force၊ ရေစကြိုမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များ၊ ပခုက္ကူမြို့နယ် ပြည့်သူကာကွယ်ရေး တပ်ဖွဲ့များ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ LPDF များ မှစုပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းကို ထိုးစစ် ဆင်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးကြောင်း PDF (Kalay) တပ်ဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ကလေးမြို့နယ် တောင်ပိုင်းသို့ စစ်ကြောင်း ထိုးလာသည့် အင်အား ၈၀ ဝန်းကျင်ခန့်ရှိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဇင်းကလင်း ကျေးရွာနှင့် ထိုမာကျေးရွာ အကြား၌ PDF (Kalay) မိုင်းတပ်ဖွဲ့မှ နံနက် ၉ နာရီ ၄၆ မိနစ်ခန့်တွင် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အနီး ပတ်ဝန်းကျင်ကို ၁၀ မိနစ်ခန့် ရမ်းကား ပစ်ခတ်ခဲ့ပြီး ထိုမာကျေးရွာ အတွင်းသို့ ဝင်ရောက်ကာ အရပ်သား ပြည်သူ ၆ ဦးအား ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article