31 C
Yangon

ရေစကြို၊ ထန်ပင်ချောင်းရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၃၀ ကျော်ပြာကျ

Must read

ရေစကြို၊ ထန်ပင်ချောင်းရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၃၀ ကျော်ပြာကျ

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ထန်ပင်ချောင်းရွာကို အကြမ်းဖက် စစ်တပ် မီးရှို့မှု ပြည်သူပိုင် နေအိမ် ၃၀ ကျော်ပြာကျခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ခန့်က ရေစကြိုမြို့နယ် ထန်ပင်ချောင်းရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၃၀ ကျော်ကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်းသိရသည်။

“ရှို့တာက တစ်ရွာလုံး အလောင်ရှို့တာလို့ သိရတယ်။ စစ်ခွေးတွေနဲ့ PDF တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပြီး စစ်ခွေးတွေက အထိနာလို့ ရွာကို မီးရှို့သွားတာ​လို့ သိရတယ်။ ရွာသူ ရွာသားတွေကတော့ အခုထိ ရွာထဲကို ပြန်မလာရဲသေးဘူး” ဟု ဒေသခံ ပြည်သူတစ်ဦးကပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article