35 C
Yangon

ရေစကြို၊ ဗြိဘ(အနောက်) ရွာကို စစ်တပ်က ဝင်စီး၍ မီးရှို့ဖျက်ဆီးမှု နေအိမ် ၆၀ ကျော် မီးလောင်ပျက်စီး၊ ပြည်သူ ပိုင် ပစ္စည်းများကို စစ်သားနှင့်ပျူစောထီး များက ခိုးယူ လုယက်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

မကွေးတိုင်း ၊ရေစကြိုမြို့နယ်၊ ဗြိဘ(အနောက်)ရွာကို စစ်တပ်က ဝင်ရောက် စီးနင်း၍ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးရာတွင် နေအိမ် အလုံး ၆၀ ကျော် မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများက ပြောကြားသည်။

စစ်တပ်က ဗြိဘ(အနောက်)ရွာကို ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ဝင်ရောက်၍ ဘုန်း ကြီး ကျောင်းတွင် တပ်စွဲကာ ဒီဇင်ဘာ ၁၈ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်မှ စ၍ ရွာကို မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၆၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ပြည်သူများ၏ နေအိမ်များကို မွှေနှောက်ကာ ပစ္စည်းများကိုလည်း ခိုးယူလုယက်သွားခဲ့ကြောင်း၊ ရွာအတွင်းရှိ အိမ်မွေး တိရစ္ဆာန် များ၊ ကြက်၊ ဝက်များကို သတ်ဖြတ်ချက်ပြုတ်စားသောက်၍ မူးရူး သောင်း ကျန်းကြကြောင်း Yesagyo Township INGO Committee က ပြောသည်။

“ပြည်သူနေအိမ်တွေကို မီးရှို့သွားပါတယ်။ ပစ္စည်းကတော့ ပြောမနေပါနဲ့ဗျာ။ ပြည်သူတွေတော့ အထိအခိုက် မရှိပါဘူးဗျ။ ရွာကနေတော့ စစ်တပ်က နေ့လယ် လောက်က ပြန်ထွက်သွားတယ်ဗျ” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ် -ပ.က.ဖ မှ ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီဝင်များသည် ဗြိဘ(အရှေ့)ရွာကိုလည်း ဇူလိုင်လ ၂ ရက် နေ့က ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၆၅ လုံး မီးလောင်ပျက်စီး ခဲ့ ကြောင်း ဒေသခံများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article