30 C
Yangon

ရေဦးတွင် နေအိမ် ၇၀၀ ကျော်ရှိသော ရွာမိဿရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးသဖြင့် ရွာလုံးကျွတ်နီးပါးပြာကျ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

စစ်ကိုင်းတိုင်း၊ ရေဦးမြိုနယ်၊ ရွာမိဿရွာအနီး အကြမ်းဖက် စစ်တပ်နှင့် ကာကွယ်ရေး တပ်ဖွဲများ တိုက်ပွဲဖြစ်ပွားပြီးနောက်နေအိမ် ၇၀၀ ကျော်ရှိသော ရွာမိဿရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးသဖြင့် ရွာလုံးကျွတ်နီးပါးပြာကျသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၁၃ ရက် နံနက်ပိုင်းတွင် ရေဦးမြိုနယ်၊ ရွာမိဿရွာအနီး အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲတို ထိတွေ့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်တပ်က ရွာမိဿရွာကို မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ပြောသည်။

“တိုက်ပွဲဖြစ်တာက ၄၅ မိနစ်လောက်ပဲကြာတယ်၊ စခတွေ ထိခိုက်သေဆုံးမှုရှိနိုင်ပေမယ့် အတိအကျ မသိခဲ့ရဘူး။ စခတွေက နှစ်ဖက်ညှပ်တိုက်တာ၊ လက်နက်ကြီး ပစ်ကူတွေရော၊ ဒရုန်းတွေရော၊ လက် နက်ကြီးတွေလဲ ပစ်တယ်၊ PDF ရဲဘော်တစ်ဦး ကျတယ်၊ တပ်ရင်း ၉ က ရဲဘော်နှစ်ဦး ပျောက်နေတယ်၊ စခတွေက ရွာမိဿရွာကို ၂ နေရာ ၃ နေရာခွဲပြီး မီးရှိ သွားတာ၊ ရွာလုံးကျွတ်နီးပါး မီးရှိခံလိုက်ရတယ်၊ ပြည်သူတွေကတော့ မနေ့ကစ ရွှေ့ခိုင်းထားလို ဘာမှ မဖြစ်လိုက်ဘူး” ဟု ရေဦးမြိုနယ် ပလဖ ရဲဘော် တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောကြား သည်။

စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၇၀၀ ကျော်ရှိသော ရွာမိဿကျေးရွာတွင် နေအိမ် ၃၀ သာကျန်ရှိတော့သည်ဟု သိရှိရသည်။

“ရေဦးမြို့နယ် ရွာမိဿာရွာ အိမ်ခြေ၇၀၀ ကျော်ရှိတာမှာ စစ်တပ်က မီးရှို့လို့ နေအိမ် ၃၀လောက်ပဲကျန်တယ်။ လယ်သမားတွေရဲ့ စပါးတွေကိုပါ မီးရှို့ဖျက်ဆီးသွားတာ” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article