28 C
Yangon

ရေဦးမြို့နယ်တွင် ကျေးရွာ ၁၇ ရွာ မီးရှို့ဖျက်ဆီးခံရပြီး အ ရေးပေါ်အကူအညီများလိုအပ်နေ

Must read

ရေဦးမြို့နယ်တွင် ကျေးရွာ ၁၇ ရွာ မီးရှို့ဖျက်ဆီးခံရပြီး အ ရေးပေါ်အကူအညီများလိုအပ်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၇ ရွာကို အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၁၉ ရက်နေအတွင်း မီးရှို့ဖျက်ဆီးခဲ့ရာ အရေးပေါ်စာနပ်ရိက္ခာ၊ အဝတ် အထည်များလိုအပ်လျက်ရှိကြောင်း People’s Defence Comrade တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများမှ မီးရှို့ဖျက်ဆီးခဲ့သည့်ရွာများမှာ ပိတ်ဋကတ်ကျရွာ နေအိမ် ၁၇ လုံး ၊ ပေါက်သာရွာ အလုံး ၉၀ ၊ ဇိန့်ဇွန်း အရှေ့ရွာ ၃၄ လုံး၊ ဇိန့်ဇွန်း အနောက်ရွာ ၃၅ လုံး၊ မုတ်စီ ၁၅၅ လုံး၊ ရွာမိဿာ ၄၁၀ လုံး၊ ချမ်းသာရွာ/ ခရစ်ယန်ပိုင်း ၅၉ လုံး၊ အိုးသယ်ကွက် အလုံး ၅၀ ၊ ထန်းတောကုန်း ၁၆ လုံး၊ ကုန်းသာ ၂၀၉ လုံး ၊ ရွာသစ် ၁၅၀ ၊ ထန်းပင်ကုန်း ၃၁ လုံး၊ ဇဝ ၆၇ လုံး၊ ဝက်ဖိုး ၃၈ လုံး ၊ တောင်ကုန်း ၅၁ လုံး၊ ချောင်းဆုံ ၂၉ လုံး ၊ ငှက်ပျောတော ၄၁ လုံး ၊ ကွမ်းအုံ ၃၅ လုံး ၊ မကျည်းကုန်း ၇၅ လုံး ၊ ညောင်ပင်သာ ၃၈ လုံး စုစု ပေါင်း အိမ်ခြေ ၁၆၃၀ လုံး ဖြစ်ကြောင်း သိရသည်။

“အခုမီးရှို့ခံရတဲ့ရွာ ၁၇ ရွာလုံးက ရွာလုံးကျွတ်နီးပါးတွေချည်းပဲ၊ နှစ်ကြိမ်သုံးကြိမ် အရှို့ခံရတဲ့ရွာတွေလဲ ပါတယ်။ ချမ်းသာရွာဆိုရင် တတိယအကြိမ်အရှို့ခံရတာ၊ ဖြစ်သလို အသစ်ပြန်ဆောက်ထားတဲ့ အိမ်လေးတွေပါ မီးရှို့သွားတာ၊ အခုဆိုရင် ဘေးနားက တစ်ချို့ရွာက ထမင်းထုပ်လေးတွေလာပို့တာ စားနေကြရတယ်၊ ဆန်၊ ဆီ၊အနွေးထည်၊စောင်၊ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေပါတယ်” ဟု People’s Defence Comrade ပကဖ ရဲဘော် အမေ့သားက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောကြားသည်။

ယင်းကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သည့် တပ်ဖွဲ့မှာ မော်လိုက် အခြေစိုက် ခမရ ၃၆၄ တပ်နှင့် မှော်ဘီ အခြေစိုက် ခလရ ၇၀၁ တပ်ဖွဲ့တို့ဖြစ်ပြီး ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာ ၁၉ ရွာကို မီးရှို့ပြီးနောက် ရေဦးမြို့နယ်သို့ ကူးကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအကြမ်းဖက်စစ်ကောင်စီတပ်သားများက ချမ်းသာရွာပြည်သူတစ်ဦးကို ဦး ခေါင်းဖြတ် သတ်ခဲ့ပြီး ဇဝရွာမှ အဘွားအို တစ်ဦးလည်း မီးရှို့သတ်ဖြတ်သွားကြောင်း သိရသည်။

“ဒီကောင်တွေက တိုက်ပွဲဖြစ်ဖြစ်မဖြစ်ဖြစ် နယ်မြေရှင်းလင်းရေးဆိုပြီး ခေါင်းစဉ်တပ်ရှို့နေတာ၊ ရွာတွေ ဒီလအတွင်း ပြာကျစေရမယ်ဆိုလို့ ကြိမ်းဝါးပြီး ရှို့နေတာ၊ မီးရှို့ဖို့သက်သက် သီးသန့်လာတဲ့ ခွေးတပ် တွေပါ၊ ကျနော်တို့ အဖွဲ့အစည်းတွေ အနေနဲ့လည်း ပြန်လည်နေရာချထားရေးအတွက် အမြန်ဆုံးစီစဉ်နေပေမယ့် တစ်ရွာထဲမဟုတ်တော့ လက်ရှိ အဆင်မပြေသေးဘူးဗျ” ဟု People’s Defence Comrade ပကဖ ရဲဘော် အမေ့သားက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောကြားသည်။

လက်ရှိတွင် နေအိမ်မီးရှို့ဖျက်ဆီးခံ ပြည်သူများ၏ ပြန်လည် ထူထောင်နိုင်ရေးနှင့် အရေးပေါ် စားနပ် ရိက္ခာများ လိုအပ်လျက်ရှိသဖြင့် ပြည်တွင်းပြည်ပမှ စေတနာ့အလှူရှင်များ တတ် နိုင်သလောက် ပါဝင်လှူဒါန်းပေးကြပါရန် မေတ္တာရပ်ခံပါကြောင်း People’s Defence Comradeက ထုတ်ပြန်ထား သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article