33 C
Yangon

ရွှေတောင်မြို့နယ်၊ ပွဲသာရွာထိပ်ရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

Must read

ရွှေတောင်မြို့နယ်၊ ပွဲသာရွာထိပ်ရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပွဲသာရွာထိပ်ရှိ စစ်တပ်စစ်ဆေးရေး ဂိတ်ကို မိုင်း ၂ လုံးဖြင့် ယနေ့ ဖောက်ခွဲတိုက်ခိုက်ကြောင်း ပြည်ခရိုင်တပ်ရင်း ၃၆၀၁ တပ်ရင်း၊ တပ်ခွဲ ၅ ၊ နွေဦးအဖွဲ့မှ တာဝန်ရှိမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာ ၂၇ ရက်နေ့ နံနက် ၉ နာရီ ၃၀ အချိန် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ရှားတိုင်း အုပ်စု၊ ပွဲသာရွာထိပ်ရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို ပြည်ခရိုင်တပ်ရ င်း၃၆၀၁တပ်ရင်းတပ်ခွဲ(၅)နွေဦးအဖွဲ့က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ်မိုင်း ၂ လုံး ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းပေါက်ကွဲမှုကြောင့် စစ်ဆေးရေး ဂိတ်မှ စစ်သား ထိခိုက်သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရသည့် အဆိုပါ စစ်ဆေးရေးဂိတ်သည် ပြည်သူ များ ၏ ဆိုင်ကယ်များကို ဖမ်းဆီးစစ်ဆေးခြင်း၊ ငွေတောင်းခံခြင်း၊ ငွေမပေးနိုင် ပါက ဆိုင်ကယ်ကိုသိမ်းဆည်းပြီး လူကိုပါ ထောင်ချ အရေးယူမှုများ လုပ် ဆောင် နေသည့်အတွက် ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသပြည်သူ့ ကာကွယ်ရေးတပ်က ဆိုသည်။

အများပြည်သူများအနေဖြင့် စစ်တပ်နှင့်အနီးစပ်ဆုံးနေရာများကို အထူး သတိ ပြု ရှောင်ရှားသွားလာကြပါရန်အသိပေး နှိုးဆော်ထားပြီး များမကြာမီ တိုက် ခိုက် မှုများ အရှိန်မြင့်လာမည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပဲခူးတိုင်းအတွင်းရှိ စစ်ဆေးရေးဂိတ်တစ်ခု။ (ပုံအဟောင်းဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article