34 C
Yangon

ရွှေပြည်သာ စုသက်မွေးသိပ္ပံမှ ကျောင်းဆရာ ဦးဇော်မြတ်လင်းကို စစ်တပ်က ပါးစပ်ထဲ အက်ဆစ်လောင်း ၊ ဝါးချွန်ဖြင့် ထိုးပြီး ညှင်းဆဲသတ်ဖြတ်မှုကို ဗီဒီယို ရိုက်ကူးပြီး စစ်ကြောရေးတွင် စစ်ကောင်စီက ယင်းဗီဒီယိုကို အသုံးပြု ခြိမ်း ခြောက်

Must read

ရွှေပြည်သာ စုသက်မွေးသိပ္ပံမှ ကျောင်းဆရာ ဦးဇော်မြတ်လင်းကို စစ်တပ်က ပါးစပ်ထဲ အက်ဆစ်လောင်း ၊ ဝါးချွန်ဖြင့် ထိုးပြီး ညှင်းဆဲသတ်ဖြတ်မှုကို ဗီဒီယို ရိုက်ကူးပြီး စစ်ကြောရေးတွင် စစ်ကောင်စီက ယင်းဗီဒီယိုကို အသုံးပြု ခြိမ်း ခြောက်

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

ရွှေပြည်သာ စုသက်မွေးသိပ္ပံမှ ကျောင်းဆရာ ဦးဇော်မြတ်လင်းကို စစ်တပ်က ပါးစပ်ထဲ အက်ဆစ်လောင်း ၊ ဝါးချွန်ဖြင့် ထိုးပြီး ညှင်းဆဲသတ်ဖြတ်မှုကို ဗီဒီယို ရိုက်ကူးပြီး စစ်ကြောရေးတွင် စစ်ကောင်စီက ခြိမ်းခြောက်ရန် အသုံးပြုလျက် ရှိကြောင်း စစ်ကြောရေးတွင် အစစ်ခံခဲ့ရသည့် အမေရိကန်နိုင်ငံသား စိုက်ပျိုး ရေးပညာရှင် ၊ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း၏ လရောတော စိုက်ပျိုးရေး တာဝန် ခံ ဦးကျော်ဌေးဦးက ပြောဆိုသည်။

ဦးကျော်ဌေးဦးကို စစ်တပ်က ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ဖမ်းဆီးခဲ့ ပြီးနောက် စစ်ကြောရေးတွင် ရက်ပေါင်းများစွာ ညှဉ်းဆဲ နှိပ်စက်ခဲ့ကြောင်း၊ ၎င်းတို့‌ မေးသည့် မေးခွန်းများကို မဖြေပါက ပစ်သတ်၍ ရကြောင်း ပြောဆိုပြီး ရွှေပြည်သာ စုသက်မွေးသိပ္ပံကျောင်းမှ ဦးဇော်မြတ်လင်းကို စစ်တပ်က ပါးစပ် ထဲ အက်ဆစ်လောင်းချခြင်း၊ ဝါးချွန်းများ ဖြင့် ထိုးသည့် ဗီဒီယိုကို ပြသခဲ့ ကြောင်း ၎င်းက ပြောဆိုသည်။

“ကောင်းကောင်းမဖြေရင် မင်းလိုကောင်မျိုးကို ငါပစ်သတ်လို့ရတယ်။ ပြီးရင် ဘယ် လောက် ဆိုးလဲ ဆိုရင် သူ့ဖုန်းထဲက ဗီဒီယိုပြတယ်။ အဲဒါက အမေ့အိမ် ကျောင်း ဆရာလေးကို ပါးစပ်ကို ဝါးချွန် နဲ့ ထိုးထားတဲ့ပုံတွေ၊ အက်ဆစ် လောင်း တဲ့ဗီဒီယို အခွေ အဲဒီလူတွေဆီမှာ ရှိတယ်။ ပါးစပ်ထဲကို အက်ဆစ် လောင်း ထည့် တာ အဲဒီဗီဒီယိုကိုပြတယ်” ဟု ဦးကျော်ဌေးဦးက ပြောသည်။

ဦးကျော်ဌေးဦးသည် နိုဝင်ဘာလတွင် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအ ကြံပေး ရှောင်တာနယ်တို့နှင့်အတူ အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက် ခဲ့သူလည်းဖြစ်သည်။

၂၀၂၁ ခုနှစ် မတ်လ ၈ ရက်နေ့ ညပိုင်းတွင် ရွှေပြည်သာ NLD ပါတီဝင် စုသက် မွေးသိပ္ပံမှ ဦးဇော်မြတ်လင်းကို စစ်တပ်နှင့်ရဲက ဖမ်းဆီးပြီး မတ်လ ၉ ရက်​နေ့ မွန်းလွဲပိုင်းတွင် အလောင်းပြန်ပေးခဲ့ကြော်ငး၊ ဦး​ဇော်မြတ်လင်း၏ အ​လောင်း တွင် အလွန်အမင်းနှိပ်စက်ထားသည့်ဒဏ်ရာများနှင့် ရုပ်ပျက်ဆင်းပျက်ဖြစ်​နေခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article