31.9 C
Yangon

ရွှေဘိုတွင် စပါးရိတ်သိမ်းနေသည့် ဒေသခံပြည်သူ ဦးဖိုးသီတိုးကို စစ်တပ်က ပစ်သတ်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မအူပင်ရွာတွင် စပါးရိတ်သိမ်းနေသည့် ဒေသခံပြည်သူ ဦးဖိုးသီတိုးကို စစ်တပ်က ပစ်သတ်ခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ရွှေဘိုမြို့နယ်၊ မအူပင်ရွာတွင် စပါးရိတ်သိမ်းနေသည့် လယ်သမား ဦဖိုးသီတိုးက ၎င်းပိုင်ဆိုင်သည့် လယ်တောတွင် စပါးရိတ်သိမ်းနေစဥ် ဆင်အင်းရွာမှ စစ်သားများနှင့် ပျူစောထီးအဖွဲ့များက လယ်ကွင်းထဲထိ ဆင်းကာပစ်ခတ်ခဲ့သောကြောင့် ရင်ဝတွင် သေနတ်ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်မှ စစ်သားနှင့် ပျူစောထီးများသည် ဆင်အင်းရွာနှင့် မအူပင်ကျေးရွာအတွင်းရှိ လယ်ကွင်းများမှ စပါးများကို ရိတ်သိမ်း ယူဆောင်ပြီး လယ်သမားများစပါးရိတ်သိမ်းခွင့် မပေးဘဲ စပါးရိတ်သိမ်းနေသည့် လယ်သမားများကို ဆင်အင်းရွာတွင် တပ်စွဲထားသော စစ်သားများနှင့် ပျူစောထီးများကို လယ်တောထဲထိ လာရောက် ပစ်ခတ် တားဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

” မအူပင်ရွာက လယ်သမားကြီး ဦဖိုးသီတိုးက သူပိုင်ဆိုင်တဲ့ လယ်တောထဲမှာ စပါးရိတ်သိမ်းနေတုန်း ဆင်အင်းရွာက စစ်သားနဲ့ ပျူစောထီးများက လယ်ကွင်းထဲထိ ဆင်းလာပြီး ပစ်ခတ်တဲ့အတွက် ရင်ဝကို သေနတ်ထိမှန် သေဆုံးခဲ့ပါတယ်။ ဆင်အင်းရွာ လယ်ကွင်းတွေကို စစ်ခွေးတွေက စက်တွေနဲ့ ကိုယ်တိုင် ရိတ်ယူနေတယ်လို့သိရတယ်” ဟု ဒေသခံ ပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article