30 C
Yangon

ရွှေဘို-ဒီပဲယင်း-ရေဦး မြို့နယ်အစပ် ကျေးရွာများကို စစ်တပ်က ထိုးစစ်ဆင်နေမှု ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၃

စစ်ကိုင်းတိုင်း ရွှေဘို-ဒီပဲယင်း-ရေဦး အစပ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် နေရကြောင်း ဒီပဲယင်းမြို့နယ်-စစ်ရှောင်-ထောက်ပံ့ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ် သစ် သို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂ ရက်နေ့ ညနေပိုင်းတွင် ဒီပဲယင်းမြို့မှ ထွက်လာသော အင်အား ၇၀ ဝန်းကျင်ပါ စစ်တပ် စစ်ကြောင်းသည် ရေဦး-ဒီပဲယင်း နယ်စပ်ရှိ ဆည်ကြီးကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက် လာသောကြောင့် ရေဦး တောင်ဘက်ခြမ်းနှင့် ဒီပဲယင်းအရှေ့ခြမ်း ကျေးရွာများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

ထို့ပြင် ဒီပဲယင်း -ရွှေဘိုနယ်စပ်ရှိ ဆင်အင်းရွာ၊ မအူပင်၊ အင်ကြင်းပင်၊ သဘွတ်တောကျေးရွာများကို မီးရှို့ဖျက်ဆီးလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဒီပဲယင်း-ရွှေဘိုနယ်စပ်ရှိ ထညှင်း ကုန်းရွာကို စစ်ကြောင်းထိုး ဝင်ရောက် လာသောကြောင့် အနီးအနားကျေးရွာမှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

ရွှေဘို-ဒီပဲယင်း-ရေဦး မြို့နယ်အစပ်ရှိ သရက်တော၊ ညောင်လှ၊ ကုန်းကြီး၊ မူးခတွင်း၊ ဝဲကြီး၊ ရုံးသာ၊ နများ၊ ဆင်အင်းရွာ၊ မအူပင်၊ အင်ကြင်းပင်၊ သဘွတ်တော စသည့် ကျေးရွာများမှ ပြည်သူ ၅၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက် ပြေးတိမ်းရှောင်နေရခြင်း ဖြစ်ကြောင်း သိရသည်။

“ကျေးရွာ ၁၁ ရွာက ပြည်သူ ၅၀၀၀ ကျော်က စစ်တပ် စစ်ကြောင်းရဲ့ အန္တရာယ်စိုးရိမ်လို့ ဘေးလွတ်ရာ ကို ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ အဓိကကတော့ အခု စစ်တပ် စစ်ကြောင်းတွေ ဝင်နေတဲ့ နီးစပ်ရာ ကျေးရွာများတွေက စစ်ဘေးရှောင်နေရတာ ၅၀၀၀ ဆိုတာ ခန့်မှန်း စာရင်းပါပဲ။ အဲဒီထက် လည်း ပိုများနိုင်တယ်။ အခုပြေးနေရတဲ့ ပြည်သူတွေက ရွှေဘို-ဒီပဲယင်း-ရေဦး အစပ် ရွာတွေက ပြည်သူတွေပါ”ဟု ဒီပဲယင်းမြို့နယ်-စစ်ရှောင်-ထောက်ပံ့ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြော ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article