36 C
Yangon

လောင်းရှည်မြို့နယ်တွင် ကပစ ၂၁ မှ စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်သား ၅ ဦး သေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

မကွေးတိုင်း၊ လောင်းရှည်မြို့နယ်အတွင်းလှည့်လည် စစ်ကြောင်းထိုးလာသော ကပစ ၂၁ မှ စစ်ကြောင်း တိုက်ခိုက်ခဲ့ရပြီး စစ်သား ၅ ဦးသေဆုံးပြီး ၁၃ ဦး အ ပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း Laung She Regional People’s Defense Force ထံမှ သိရသည်။

ဒီဇင်ဘာလ ၁၀ ရက် နံနက် ၇ နာရီအချိန် အင်အား ၇၀ ဝန်းကျင်ခန့်ဖြင့် ကပစ ၂၁ မှ ထွက်ခွာလာ သော အကြမ်းဖက်စစ်သားများကို ခရိုင်အမှတ် ၆ တပ်ရင်း၊ ခရိုင်အမှတ် ၃ တပ်ရင်း၊ စလင်းအဖွဲ့၊ စေတုတ္တရာအဖွဲ့နှင့် မိုးကြိုးအဖွဲ့တို့က ပူး ပေါင်း၍ လောင်းရှည်မြို့နယ်၊ ညောင်ပင်ကျေးရွာနှင့် ကံလယ် ကျေးရွာ အကြား တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မိုင်းဆွဲတယ်၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အနီးကပ်ပစ်ခတ်တိုက် ခိုက်ခဲ့တာ၊ စခတွေဘက်က လည်း အထိနာတော့ RPG 7 ၊ စိန်ပြောင်း ၆၀ မမ၊ စက်လတ်တွေနဲ့ ပြန်ပစ်ခဲ့တာ၊ စခတွေ ၅ ကောင် သေတယ်၊ ဒဏ်ရာရတဲ့ ၁၃ ကောင်လည်း သေနိုင်တယ်”ဟု လောင်းရှည်ဒေသ PDF တပ်ဖွဲ့က ပြော သည်။

ယင်းတိုက်ပွဲအတွင်း ခရိုင်အမှတ် ၆ တပ်ရင်းမှ ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင် စီတပ်သားများသည် ညနေ ၆ နာရီခန့်တွင် ကံလယ် ကျေးရွာမှ နေအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးကာ ပြည် သူများကိုလည်း ဓားစာခံ ဖမ်းဆီးသွားကြောင်း၊ ဒီဇင်ဘာလ ၁၁ ရက်နေ့၌ ညောင်ပင်ကျေးရွာမှတဆင့် စစ်ကူအင်အားထပ်ဖြည့်ကာ ဓားစာခံပြည်သူများကို ပြန်လွှတ်ပေးခဲ့ပြီး ကျန် တစ် ဦး ကို ကပစ ၂၁ အထိ ဖမ်းဆီးကာ ခေါ်ဆောင်ကာ ပြန်လည်ဆုတ် ခွာသွားကြောင်း သိရသည်။

ဓာတ်ပုံ- တိုက်ပွဲအတွင်းကျဆုံးသွားသော PDF ရဲဘော်နှစ်ဦးကို ဈာပန အခမ်း အနားဖြင့် သဂြိုလ်စဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article