33 C
Yangon

လောင်းလုံးတွင် စစ်တပ်က ပြည်သူ ၆ ဦးကို အကြောင်းမဲ့ ရိုက်နှက် ဖမ်းဆီး၊ မတ္တရာတွင် CDM သူနာပြု ၁ ဦးကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီး

Must read

လောင်းလုံးတွင် စစ်တပ်က ပြည်သူ ၆ ဦးကို အကြောင်းမဲ့ ရိုက်နှက် ဖမ်းဆီး၊ မတ္တရာတွင် CDM သူနာပြု ၁ ဦးကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီး

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်သို့ အကြမ်းဖက် စစ်ကောင်စီ ဝင်များ ဒီဇင်ဘာ ၂၂ ရက်နေ့ ည ၈ နာရီအချိန်တွင် ဝင်ရောက်၍ ပြည်သူ ၆ ဦး ကို အကြောင်းမဲ့ဖမ်းဆီးသွားကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သို့ ပြောကြားသည်။

“မြို့ပေါ်မှာ သူတို့ကားတွေ သွားလိုက်လာလိုက်လုပ်ပြီး ပတ်ဖမ်းနေတာ။ ဖမ်း မိတဲ့ သူတွေကို လောင်းလုံးရဲစခန်းကို ခေါ်သွားတယ်။ အသက်ကြီးပိုင်း တွေ လည်းပါတယ်လို့ သိရတယ်။ တစ်အိမ်ပြီး တစ်အိမ်သွားပြီး ဖမ်းနေတာ ပါ”ဟု ဒေသခံရွာသားတစ်ဦးက ပြောကြားသည်။

ဖမ်းဆီးခံရသူများမှာ ဒေါ်မီးထွေး၊ ဒေါ်ယဥ်နွယ်၊ ဒေါ်ကျင်သန်း၊ ဒေါ်အေးသန်း၊ ဦးဖေသန်းနှင့် ဦးအောင်အောင်တို့ ဖြစ်ကြပြီး သာမန်ပြည်သူများသာ ဖြစ် ကြောင်း၊ စစ်ကောင်စီဝင်များသည် ရပ်ကွက်အတွင်း ကားသုံးစီးနှင့် လှည့်ပတ် ၍ ပြည်သူများကို ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်ထံမှ သိရှိရသည်။

ထို့ပြင်မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရွှေဖောင်ရွာတွင်လည်း CDM သူနာပြု ချစ်စန္ဒီဦး ကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၂ ရက်နေ့ ညနေ ၄ နာရီဝန်းကျင် အချိန် ဓာတ်ပုံနှင့်တကွ လာရောက် ရိုက်နှက် ဖမ်းဆီးသွားကြောင်း ဒေသ ပြည် သူ များက ရန်ကုန်ခေတ်သစ်ထံသို့ သတင်းပေးပို့သည်။

“သူက ဒီနယ်ကမဟုတ်ဘူး။ အဲဒါ ဒလန်သတင်းပေးတယ်ထင်တယ်။ ဓာတ်ပုံ နဲ့ကို လာဖမ်းတာ။ CDM သူနာပြုပါ။ ဘယ်ဆေးရုံလဲတော့မသိဘူး။ ရိုက်နှက် အဖမ်း တော့ ခံလိုက်ရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ယခုနှစ် ဧပြီလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များက ရန်ကုန် မြို့ တွင် ညအချိန် လူငယ်များကို လိုက်လံ ဖမ်းဆီးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article