37 C
Yangon

လောင်းလုံးတွင် “အာဏာရှင်ရှိရင် တော်လှန် ပုန်ကန်သူ လူထုရှိတယ်” စာတန်း ကိုင်ဆောင်ကာ ကျောင်းသား၊ လူငယ်များ ချီတက် ဆန္ဒပြ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

လောင်းလုံးမြို့နယ်တွင် အခြေခံပညာ ကျောင်းသားများ သပိတ်ကော်မတီ (လောင်းလုံးမြို့နယ်)မှ ဦးဆောင်ကာ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် “အာဏာရှင်ရှိရင် တော်လှန် ပုန်ကန်သူ လူထုရှိတယ်” စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

“ပြည်သူတွေကို လက်နက်အားကိုးတစ်ခုတည်းနဲ့ အနိုင်ကျင့်အုပ်ချုပ်ချင်တဲ့ အာဏာရှင်တွေ ရှိနေသရွေ့ တော်လှန်ပုန်ကန်မယ့် လူထုကလည်း ဆက်ရှိနေအုံးမှာဖြစ်တယ်။မတရားမှုကို ခေါင်းငုံ့မခံတဲ့ တော်လှန်သူလူထုတစ်ရပ်လုံး ရှိနေသရွေ့တော့ အာဏာရူးစစ်ဘီလူးတွေ ဘယ်တော့မှ တိုင်းပြည်ကို လွယ်လွယ်နဲ့ အုပ်ချုပ်ခွင့်ရမှာမဟုတ်ဘူး” ဟု သပိတ် ဦးဆောင်သည့် ကျောင်းသား လူငယ် တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article