28 C
Yangon

လောင်းလုံး၊ မင်္ဂလာဆောင်တစ်ခုတွင် စစ်ကောင်စီလက်အောက်ခံ ပျူစောထီး၊ စွန်ရဲ အဖွဲ့က ဗုံးထောင်ဖောက်ခွဲမှု ပြည်သူ ၆ ဦးဒဏ်ရာရ၊ ပြည်သူ ကို ထိခိုက် စေသည့် လုပ်ရပ် လောင်းလုံး PDF အပြင်းအထန်ရှုတ်ချ

Must read

လောင်းလုံး၊ မင်္ဂလာဆောင်တစ်ခုတွင် စစ်ကောင်စီလက်အောက်ခံ ပျူစောထီး၊ စွန်ရဲ အဖွဲ့က ဗုံးထောင်ဖောက်ခွဲမှု ပြည်သူ ၆ ဦးဒဏ်ရာရ၊ ပြည်သူ ကို ထိခိုက် စေသည့် လုပ်ရပ် လောင်းလုံး PDF အပြင်းအထန်ရှုတ်ချ

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ဝေဒီရွာရှိ မင်္ဂလာဆောင်တစ်ခု တွင် စစ် ကောင်စီ လက်အောက်ခံ ပျူစောထီး၊ စွန်ရဲအဖွဲ့များက ဗုံးထောင်ဖောက် ခွဲခဲ့ရာ ပြည်သူ ၆ ဦးဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။

ယနေ့ ဒီဇင်ဘာလ ၂၉ ရက် နံနက် ၈ နာရီခန့်က ဝေဒီရွာရှိ နေအိမ်ခြံဝင်း တစ်ခု အတွင်း မင်္ဂလာဆောင်ပွဲ တစ်ခုကျင်းပနေစဉ် ဗုံးထပေါက်ပြီး မင်္ဂလာဆောင်ပွဲ လာသူ ဦးဖေဝင်း၊ ဒေါ်အေးမူ၊ မရှမ်းမအို၊ မဖြူမာ အောင်၊ မမီးပြည့်တို့နှင့် အခြား ရွာမှ ပြည်သူတစ်ဦး ဗုံးစထိမှန်ဒဏ်ရာရရှိပြီး အရေးပေါ်လူနာတင်ယာဉ် ဖြင့် ဆေးရုံပို့လိုက်ရကြောင်း သိရသည်။

“ပျူစောထီးတွေရဲ့လုပ်ရပ်ပါ။ PDF တွေ ဖျက်ဆီးတယ်လို့ ထင်စေမယ့် အကြံနဲ့ လုပ်ဆောင်တာ ဖြစ်တယ်။ ပြည်သူနှင့် PDF တွေကို သွေးကွဲအောင် ကြံစည် နေတာပါ။ မင်္ဂလာဆောင် စပီကာ ဘောက်နားကနေ ပေါက်ကွဲတာ လို့သိထား တယ်။ လူနာတွေတော့ ကားနဲ့ခေါ်သွားတာပဲ သိရတယ်၊ ဘယ်ဆေးရုံပို့လိုက် လဲဆိုတာ မသိရဘူး” ဟု လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန် ရှိ သူတစ်ဦးကပြောသည်။

ယင်းမိုင်းခွဲမှုအပေါ် လောင်းလုံးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အပြင်း အထန် ရှုံချကန့်ကွက် ကြောင်း၊ လောင်းလုံးမြို့နယ်ပြည်သူ့ ကာကွယ်ရေး တပ် ဖွဲ့ (LLPDF) နှင့်လုံးဝ သက်ဆိုင်ခြင်းမရှိကြောင်း အသိပေးထုတ်ပြန် ထား သည်။

တော်လှန်ရေးအချိန်ကာလကြာမြင့်လာသည်နှင့်အမျှ အကြမ်းဖက်စစ်ကောင်စီ သည် လုံးပါးပါးကာ အဖက်ဖက်မှ ပျက်စီးယိုယွင်းနေပြီး ပြည်တွင်း၊ ပြည်ပ ဖိအား အမျိုးမျိုး ရင်ဆိုင်ကြုံတွေ့လာရသည် နှင့်အမျှ တော်လှန်ရေးပုံရိပ်ကျ ဆင်းစေရန် နည်းလမ်းအမျိုးမျိုးလုပ်ဆောင်လာနေသည်ကို သိသာ ထင်ရှား စွာတွေ့မြင်နေကြောင်း၊ ပြည်သူများ အထင်အမြင်လွဲမှားစေရန် လုပ်ကြံ ဖန်တီး မှုများရှိလာ နေပြီ ဖြစ်၍ ပြည်သူများအနေဖြင့် သတိရှိရန်၊ မင်္ဂလာပွဲများ၊ ပျော် ပွဲ ရွှင်ပွဲများ၊ ကမ်းခြေနှင့် လူစုလူဝေး များ ရှောင်ရှားသွားလာ နေထိုင် ကြရန် လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန် အသိပေး ထား သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article