28 C
Yangon

လောင်းလုံး၊ မော်လိုက်၊ ဖားကန့်နှင့် မုံရွာတို့တွင် တိုက်ပွဲများ ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၄၀ ဦးခန့်သေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၇

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်၊ စစ်ကိုင်းတိုင်း မော်လိုက်၊ မုံရွာမြို့နယ်နှင့် ကချင်ပြည်နယ် ဖားကန့်မြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၄၀ ဦးခန့် သေဆုံးခဲ့ကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

လောင်းလုံးတွင် ရဲစခန်း၊ ပျုစောထီးစခန်းနှင့် စစ်ကူလာသော စစ်ကြောင်းများ တိုက်ခိုက်ခံရပြီး စစ်ကောင်စီ တပ်သား ၄၀ ဦးခန့်သေဆုံး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ရဲစခန်းနှင့် ပျူစောထီးစခန်း၊ စစ်ကူလာသော စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄၀ ဦးခန့်သေဆုံးကြောင်း လောင်းလုံး PDF အဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၄ ရက်နေ့ ည ၈ နာရီခန့်တွင် လောင်းလုံးမြို့နယ်ရှိ မောင်းမကန်ရဲစခန်းနှင့် ကရင်ကြီးကျေးရွာရှိ ပျူစောထီး စခန်းကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား၊ ရဲနှင့် ပျူစောထီး အများအပြား သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းသို့ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် မောင်းမကန် ရဲစခန်း တိုက်ပွဲအတွက် စစ်ကူလာသော ၁၀၄ ခြေလျင်တပ်ရင်းမှ စစ်ကား ၃ စီး ဆင်းလာစဥ် PDF ရဲဘော်များက ၂ ကြိမ်မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ မောင်းမကန် သုံးထပ်လမ်း တစ်နေရာတွင် ပထမ အကြိမ် မိုင်း ၁၂ လုံးဖြင့် လည်းကောင်း၊ ဒုတိယ အကြိမ် မိုင်း ၂၄ လုံးဖြင့် လည်းကောင်း ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကား ၂ စီး မိုင်းထိမှန် ထိုးရပ်သွားပြီး ကျန် ၁ စီးမှာ မီးလောင် သွားကြောင်း သိရသည်။

ပျူစောထီး ဦးလေးလေးစခန်းအား စစ်ကူလာသော Vigo ကား ၁ စီးကို PDF ရဲဘော်များက မိုင်း ၁၂ လုံးဖြင့် ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF)၊ Dawei Guerrilla Revolutionary Force -DGRF(ထားဝယ်-ပကဖ)၊ T-PDF၊ YPPDF၊ Dawei Defence Team-DDT တပ်ခွဲ ၃ (ထားဝယ်-ပကဖ)၊ အထူးပြောက်ကျားတပ်ဖွဲ့နှင့် ထားဝယ်နဂါးပြည်သူ့ကာကွယ်ရေး တပ်ခွဲ ၁ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထားဝယ်မြို့ စစ်တပ်ဆေးရုံတွင် လက်ရှိချိန်ထိ စစ်သား၊ ရဲနှင့် ပျူစောထီးများ ဆေးကုသမှု ခံယူနေပြီး စစ်ကောင်စီ တပ်သား ၄၀ ဦးခန့်သေဆုံးခဲ့ကြောင်း လောင်းလုံး PDF အဖွဲ့များက ထုတ်ပြန်ထားသည်။

မော်လိုက်တွင် ၃ ရက်ဆက်တိုက် တိုက်ပွဲ ဖြစ်ပွားပြီး စစ်ဘက်က ထိခိုက်သေဆုံးမှု များပြားပြီး တိုက်လေယာဥ်ဖြင့် ဗုံးကျဲနေ

စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးမှု များပြားနေကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၉ မိနစ်တွင် မော်လိုက်မြို့ နယ် ဘယူးဝရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ် Yak-130 ၂ စီးဖြင့် တစ်ကြိမ်၊ ၄ နာရီ ၁၀ မိနစ်ခန့်တွင် Yak – 130 ဂျက်ဖိုက်တာ ၁ စီးဖြင့် တစ်ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၅ ရက်နေ့တွင် မော်လိုက်မြို့နယ် ရွှေလင်းတရွာသို့ အမြန်ရေယာဥ် ၂ စီးဖြင့် လိုက်ပါလာသည့် အင်အား ၁၀၀ ခန့်ပါ စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်းသို့ ဝင်ရောက်နိုင်ခြင်း မရှိဘဲ ဖဲကဇက်၌ သောင်တင်နေကြောင်း၊ ထို့ပြင် အင်အား ၇၀ ခန့်ပါ ကား ၂ စီးသည် မော်လိုက်မြို့နယ်ကို ကလေးဝ လမ်းဘက်မှ ဝင်ရောက်လာ​ကာ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၆ ရက်နေ့တွင် မြစ်ကြောင်း အတိုင်း ဆန်တက်လာသည့် စစ်သား အင်အား ၅၀ နီးပါး ပါဝင်လာသည့် ဇက်မော်တော်ကို PDF ရဲဘော်များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ဘန်ကာများ ပေါက်ကွဲကာ တစ်ဖက် ကမ်းကပ်၍ ထိခိုက် ဒဏ်ရာရရှိသော လူနာများကို သယ်ယူကာ ပြန်လည် ထွက်ခွာ သွားကြောင်း သိရသည်။

” ၃ ရက်ဆက်တိုက် ထိတွေ့ တိုက်ပွဲတွေအတွင်းမှာ စစ်တပ်ဘက်က သေဆုံးအရေ အတွက် ၅၀နဲ့ ၈၀အကြားရှိတယ် လို့လည်းသိရပါတယ်။ စစ်ခွေးတွေ ဘက်ကတော့ သေဆုံးသူ‌ မရှိဘူးလို့ ငြင်းထားပေမယ့် သင်္ချိုင်းမှာလည်း ခွေးအဖွဲ့တွေတော်တော်ကြာကြာ ရောက်နေတယ်လို့ သိရပါတယ်။ ယူးဝအောက် ငပဲသာမှာ တိုက်ပွဲ ဖြစ်ပွားပြီး ညပြန်ထွက်မရဘဲ စစ်ခွေး သံခွံစက်လှေ တစ်စီး ပျက်စီးပြီး ပိတ်မိနေကြတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးက ပြောဆိုသည်။

ဖားကန့်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း KIA တပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များ ထံမှ သိရသည်။

ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ဖားကန့်မြို့နယ် လယ်ပြင်ရမ်းချက် စက်ရုံမှ ထွက်ခွာလာ​သော အကြမ်းဖက် စစ်တပ် တပ်မ ၃၃ လက်​အောက်ခံ ခ.မ.ရ ၁၂ တပ်ရင်းမှ စစ်သား ၃၀ ခန့်ပါဝင်သော စစ်​ကြောင်းကို မဒဲ့ယန်ရွာ အနီးတွင် KIA တပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကချင် လွတ်​မြောက်​ရေး တပ်မ​တော် KIA တပ်မဟာ ၉ အမှတ် ၆ တပ်ရင်းမှ ရဲဘော်များက မိုင်းခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦး ပွဲချင်းပြီး​ သေဆုံးကာ ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မုံရွာ၊ တောပုရွာရှိ ပျူစောထီး စခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို PDF တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

ဒီဇင်ဘာလ ၅ ရက်နေ့ ည ၁၀ နာရီခန့်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက တောပုကျေးရွာ (ပျူရွာ) ၆၀မမ၊ ၈၀ မမ များဖြင့် သွားရောက် တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက် အတည် မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုကိခိုက်မှုကိုSun King Envoy (LPDF)
၊ Democratic Guerrilla Force ( DGF ) အောက်ချင်းတွင်း
URBAN HUNTER FORCE ( UHF )၊ KUG တပ်ရင်း GYZ နှင့် GYZ တပ်ခွဲ (၁) Monywa Peregrine PDF၊ Aung San Force၊ ဗန္ဓုလနှင့်အဖွဲ့သားများ PDF တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article