37 C
Yangon

လျှပ်စစ် ဘတ်စ်ကားနှင့် လျှပ်စစ် ရထား ပြေးဆွဲမည်ဟု ကြွေးကြော်ခဲ့သော မင်းအောင်လှိုင်က တိုင်းချစ် ပြည်ချစ်စိတ်ဖြင့် စက်ဘီးစီးခိုင်းပြီး စက်သုံးဆီနှင့် လျှပ်စစ် ချွေတာရန် ပြောဆိုမှု လှောင်ရယ်စရာဖြစ်လာ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူများအနေဖြင့် လျှပ်စစ် ဓာတ်အား နှင့်လောင်စာဆီကို ချွေတာသုံးစွဲကြရန် ပြောဆိုလိုက်ပြီး စက်သုံးဆီ ချွေတာသည့် အနေဖြင့် စက်ဘီးကဲ့သို့သော ယာဉ်များကို တိုင်းချစ်ပြည် ချစ် စိတ် ဖြင့် စီးနင်းကြရန် ပြောဆိုသည်။

ယမန်နေ့ မြစ်ကြီးနားတွင် စီးပွားရေးသမားနှင့်တွေ့ဆုံစဉ် မင်းအောင်လှိုင်က ထိုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

စက်သုံးဆီကို ပြည်ပမှ နှစ်စဉ် တင်သွင်းနေရမှုကြောင့် နိုင်ငံခြားငွေ သုံးစွဲမှု များစွာ ကုန်ကျလျက်ရှိကြောင်း၊ စက်သုံးဆီ တတ်နိုင်သမျှ ချွေတာသုံးစွဲရန် လိုအပ်ကြောင်း၊ စက်သုံးဆီ သုံးစွဲရန် မလိုအပ်သည့် စက်ဘီးကဲ့သို့သော ယာဉ် များကို တိုင်းချစ် ပြည်ချစ် စိတ်ဖြင့် စီးနင်းကြရန် မင်းအောင်လှိုင်က ပြော ဆို သည်။

လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကြီးမားနေပြီး အခြေအနေအရပ်ရပ်ကြောင့် လျှပ် စစ်ဓာတ်အား ထုတ်လုပ်နိုင် သည့် စီမံကိန်းများ ရပ်တန့်ခဲ့ရကြောင်း၊ လျှပ်စစ်ဓာတ်အား ချွေတာ သုံးစွဲကြရန် လိုအပ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။

ယမန်နှစ် ဩဂုတ်လ၊ စက်တင် ဘာလနှင့် အောက်တိုဘာလ အစည်းအဝေး များနှင့်ဖွင့်ပွဲများတွင် မင်းအောင်လှိုင်က မြန်မာနိုင်ငံတွင် လျှပ်စစ်ရထားနှင့် လျှပ် စစ် ကား စီမံကိန်း အကောင် အထည်ဖော်မည်ဖြစ်ကြောင်း၊နေပြည် တော်တွင် မြေအောက်ရထားစနစ်နှင့် လျှပ်စစ်ဘတ်စကားများ ပြေးဆွဲ မည်ပြော ဆိုခဲ့ရာမှ အာဏာသိမ်းပြီး ၂ နှစ်အကြာတွင် ပြည်သူများ စက်ဘီး စီးနင်းကြရန် မင်းအောင်လှိုင်က ပြောဆိုလာခြင်းဖြစ်သည်။

မင်းအောင်လှိုင်က ရန်ကုန်-ပြည်ခရီးစဉ်ကို လျှပ်စစ်ရထားဖြင့် ပြေးဆွဲမည်ဖြစ် ကြောင်း၊ ၂၀၂၁ ခုနှစ် စက်တင် ဘာလ ၁၀ ရက်နေ့ ဖွင့်ပွဲတစ်ခုတွင်လည်း နေပြည်တော် တွင် လျှပ်စစ် ရထား လမ်း ဖောက်နိုင်ရေး ဆောင်ရွက်မည် ဖြစ် ကြောင်း ထုတ် ဖော်ပြောဆို ခဲ့သည်။

“တစ်နိုင်ငံလုံး လျှပ်စစ်ရထား လမ်းနဲ့ဆွဲ ရပါ လိမ့်မယ်။ တစ်နိုင်ငံလုံး လျှပ်စစ် ရထားနဲ့ပြေးပါမယ်။ မြို့ပေါ်မှာသုံးတဲ့ ကား တွေဟာ လျှပ်စစ်ကားတွေ ဖြစ်ရပါ လိမ့်မယ်။ ကျနော်တို့ တွက်ချက်နေတယ်။ အချိန်တစ်ခုပြီးရင် အဲဒါကို ကြေညာ ပါ့မယ်။”ဟု ၂၀၂၁ နှစ် အောက်တိုဘာလ ၂၅ ရက်နေ့ နေပြည် တော် စစ်ကောင်စီအစည်း အဝေးတွင် မင်းအောင်လှိုင်က ထုတ်ဖော် ပြောဆိုခဲ့သည်။

မင်းအောင်လှိုင်၏ လျှပ်စစ်ရထားနှင့်လျှပ်စစ်ကား စီမံကိန်းများကို ပြောဆို ခဲ့သော် လည်း လက်တွေ့တွင် လျှပ်စစ်မီးပင် မှန်မှန်မပေးနိုင်သည့်အပြင် ယခုနောက်ဆုံး စက်ဘီးစီးခိုင်းသည့်အတွက် ပြည်သူများအကြား လှောင် ရယ်စရာအဖြစ် လူမှုကွန်ရက်များတွင် ဝေဖန်မှုများ တရှိန် ထိုးမြင့် တက် လျက် ရှိနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article