28 C
Yangon

ဝက်လက်တွင် မြို့နယ် ပကဖနှင့် တပ်ရင်း ၂ က BO.Tiger အဖွဲ့ဝင်တချို့ကို ဖမ်းဆီး သတ် ဖြတ် မှု အပေါ် တော် လှန်ရေးအဖွဲ့ ၃၉ ခုက ရှုတ်ချ၊ ကျူးလွန်သော ဝက်လက် ပကဖနှင့်တပ်ရင်း၂ ကို အရေး ယူရေး လုပ်ဆောင်မည်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ဒေသကာကွယ်ရေး တပ်ဖွဲ့ဖြစ်သော BO.Tiger အဖွဲ့ကို မြို့နယ် ပကဖနှင့် တပ်ရင်း ၂ က ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် အရေးယူနိုင်ရေး တော်လှန်ရေး တပ်ဖွဲ့ ၃၉ ဖွဲ့က လုပ်ဆောင်သွားမည်ဟု ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဝက်လက်မြို့နယ် ပကဖ ခေါင်းဆောင် နေမျိူးအောင် နှင့် တပ်ရင်း ၂ တို့သည် ဒေသခံ ကာကွယ်ရေး အဖွဲ့ Bo. Tiger ဗိုလ်ကျားကြီး အဖွဲ့ကို မမှန်မကန် စွပ်စွဲခြင်း၊ ရဲဘော်များကို ရက်ရက် စက်စက် ပစ်သတ် အလောင်းဖျောက်ခြင်း စသည့် အကြမ်းဖက် လုပ်ရပ်များ လုပ်ကိုင်ခဲ့ကြောင်း၊ ယင်းလုပ် ရပ်အပေါ် ဗိုလ်နဂါး MRDA အဖွဲ့၊ ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့ အပါအဝင် တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းပေါင်း ၃၉ ဖွဲ့က အပြင်းအထန်ရှုံ့ချကြောင်း ထုတ်ပြန် ထားသည်။

ဝက်လက်မြို့နယ် ပကဖ ခေါင်းဆောင် နေမျိူးအောင်နှင့် တပ်ရင်း ၂ တာဝန်ခံ တို့ကို လိုအပ်သလို အရေးယူနိုင်ရေး လက်နက်ကိုင် အဖွဲ့စည်းများနှင့်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး Bo.Tiger ဗိုလ်ကျားကြီးအဖွဲ့ကို အကာကွယ်ပေးသွားမည်ဖြစ်ကြောင်း​ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သြဂုတ်လ ၃၁ ရက်နေ့၌ ဝက်လက်မြို့နယ် ပကဖ အဖွဲ့၏ စေခိုင်းချက်အရ ဝက်လက်မြို့ မြို့နယ် တပ်ရင်း ၂ က BO.Tiger အဖွဲ့ကို ဆက်ကြေးကောက်သည်ဟု အကြောင်းပြချက်ဖြင့် ဖမ်းဆီးရန် ကြိုးစားရုံမက ဥပဒေမဲ့ သတ် ဖြတ်ရန် ကြိုးစားခဲ့ကြောင်း၊ မျက်မြင်သက်သေ ပြည်သူများစွာ၏ ထွက်ဆိုချက်အရ ဒေသန္တရ ကာကွယ်ရေး တပ်ဖွဲ့များ သိရှိခဲ့ကြောင်း၊ တပ်ရင်း ၂ သည် မြို့နယ် ပကဖ၏ ပုဂ္ဂိုလ်ရေး အငြိုးအတေးဖြင့် ခိုင်းစေချက်အရ ဝက်လက် BO.Tiger အဖွဲ့ အပေါ် ရာဇဝတ်မှု ကျူးလွန်ခဲ့သည်ကို ဝမ်းနည်းဖွယ်ရာ ကြားနာခဲ့ရကြောင်း၊ မြို့နယ် ပကဖသည် BO.Tiger အဖွဲ့ ကို အကြမ်းဖက် အဖြစ် သတ်မှတ်ပြီး BO.Tiger အဖွဲ့နှင့် ပူးပေါင်းသူများကိုပါ အကြမ်းဖက် အဖြစ် သတ်မှတ်ကြောင်း ကြေညာခြင်းသည် NUG အစိုးရ၏ ပေးအပ်ထားသော တာဝန်ကို ကျော်လွန်ခြင်း ဖြစ်ပြီး အာဏာအလွဲသုံးစားမှု ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

“ကျွန်တော့်တို့အနေနဲ့ ကွန်ရက် သဖွယ် ချိတ်ဆက်ထားတဲ့အဖွဲ့တွေက ဝက်လက် ပကဖနဲ့ ရင်း ၂ က လူတွေကို လူမှုရေးပြစ်ဒဏ်တွေလုပ်မယ်။ ဝက်လက် ပကဖအဖွဲ့နဲ့ ရင်း ၂ က လူတွေဆိုရင် ကျနော်တို့ နဲ့ ချိတ်ထားတဲ့ အဖွဲ့တွေက သူတို့လမ်းကို အဖြတ်မခံဘူး။ တခြားလမ်းက သွားချင်သွား အဲ့လိုပုံစံ တွေလုပ် မှာပါ” ဟု ရွှေဘိုမြို့နယ်လွတ်လပ်သောထောက်ပို့ရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကပြောဆိုသည်။

ထို့ပြင် တော်လှန်ရေးအဖွဲ့များအကြား သဘောထားကွဲလွဲမှုများကို လက်နက်ဖြင့် ဖြေရှင်းခြင်းသည် မသင့်တော်ဘဲ ညှိနှိုင်းဖြေရှင်းမှုကို အဓိက ဦးစားပေးသင့်ဟု သုံးသပ်မှုများလည်းရှိနေသည်။

“ဝက်လက်မှာဖြစ်နေတာ ငါတို့နဲ့မဆိုင်ဘူးလို့ ယူဆလို့မရပါဘူး။ အမှန်တရားပေါ်ထွက်လာ အောင် လုပ်ရမယ်။ ဘာ့ကြောင့်လဲ ဆိုတော့ ဒီပြသနာတွေကို ကူးစက်မသွားအောင် တားဆီး ပေးဖို့ တာဝန် အားလုံးမှာတာဝန်ရှိတယ်”ဟု ဗိုလ်ကျားကြီးအမှုကိုလိုက်ပါဆောင်ရွက်နေသည့် ကိုယ်စားလှယ်က ပြောဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက တစ်စုံတစ်ရာ ထုတ်ပြန် ထားခြင်းမရှိသေးပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article