31 C
Yangon

ဝက်လက်တွင် သေနတ်နှင့်အမြောက်များလုပ်ရန် စစ်တပ်စခန်းအနီးရှိ စစ် ကောင် စီပိုင် Mytel တာဝါတိုင်ကို ဖြိုလှဲ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် သေနတ်နှင့်အမြောက်များလုပ်ရန် စစ် တပ် ပိုင် Mytel တာဝါတိုင်ကို ဖြိုလှဲလိုက်ကြောင်း Bo Tiger – ဗိုလ်ကျား ကြီး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၁၅ ရက်နေ့ ၊ ဒီဇင်ဘာ ၁၆ ရက်နေ့တို့တွင် စစ်ကိုင်းတိုင်း၊ ဝက်လက် မြို့နယ်၊ အရှေ့ခြမ်း ရှိမ္မကားကျေးရွာ ဗျူဟာကုန်းတပ်စခန်းအနီးရှိ စစ်ကောင်စီ ပိုင် Mytel တာဝါတိုင်ကို ကျားသစ်နက် – ပျောက်ကျားအဖွဲ့ နှင့် Bo Tiger – ဗိုလ်ကျား ကြီး အဖွဲ့က ပူးပေါင်း ဖြိုချခဲ့ကြောင်း သိရှိရသည်။

“မနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်လောက်မှာ တစ်နေ့ ဒီဇင် ဘာ လ ၁၅ ရက်နေ့က ဖြိုချတာ အောင် မြင် ခဲ့တဲ့မိုင်တဲ တာဝါတိုင် ကို ဆက်ပြီး ဖောက်ခွဲဖြိုလှဲခဲ့ပြီး ဒီနေ့ သယ်ပါတယ်။ BoTiger ဗိုလ်ကျားကြီး အဖွဲ့ နဲ့ကျား သစ် နက်ပျောက်ကြားအဖွဲ့တို့ ပေါင်းလုပ် ဆောင် တာပါ။ ဒီဇင်ဘာ ၁၅ ရက် နေ့ ဖြိုချတော့ စစ်တပ်က လက် နက်ကြီး လက်နက်ငယ်တွေနဲ့ပစ်တယ်။ ခွေးတွေ အင်အား ၆၀ခန့်နဲ့ တာဝါတိုင်မိုင်းခွဲတဲ့ဘက်သို့တက်လာပြီးလက်နက် ကြီးလက်နက်ငယ်နဲ့ပစ်ခတ်တယ်။ ကျနော်တို့ဘက်က လက်နက်အင်အား မမျှတတာကြောင့် အဲဒီနေ့က အပြီး မဖြိုခဲ့ရဘူး။ ဘာ့ကြောင့် မိုင်တဲတာဝါတိုင် ကို သွားခွဲလဲဆိုရင် စစ်တပ်ထုပ်ကုန်ဖြစ်တာက တစ်ကြောင်း၊ မိုင်တဲတာဝါတိုင် က ရတဲ့ သံတွေကို လက်လုပ်သေနတ်လုပ်မယ်။ ပြောင်းတွေလုပ်မယ်။ အဲဒီလို ရည်ရွယ်ချက်နဲ့သွားဖြိုတာပါ” ဟု Bo Tiger – ဗိုလ်ကျားကြီး အဖွဲ့မှ တာဝန်ရှိ သူက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article