36 C
Yangon

ဝါရှင်တန် DC တွင် မတရားဖမ်းဆီးခြင်းခံရသော ခရစ်ယာန် ဆရာတော်နှစ်ပါးနှင့် သေဒဏ်ပေးခဲ့သော ကျောင်းသား ၇ဦးအတွက် ဆုတောင်းခြင်းနှင့် စစ်အာဏာရှင် ဆန္ဒပြပွဲ ကျင်းပ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

အမေရိကန်ပြည်ထောင်စု၏ မြို့တော် Washington DC ၌ မတရားဖမ်းဆီးခံရသော ခရစ်ယာန် ဆရာတော်နှစ်ပါးဖြစ်သည့် ကချင်နှစ်ခြင်းခရစ်ယာန် ဆရာတော် Rev. Dr. Hkalam Samson နှင့် ချင်းခရစ်ယာန် ဆရာတော် Rev. Thian Lian Sang တို့နှစ်ပါးကို အမြန်လွတ်မြောက်ရေးနှင့် မတရားစွတ်စွဲ သေဒဏ်ပေးခံရသော ဒဂုံတက္ကသိုလ် ကျောင်းသား ၇ ဦး လွတ်မြောက်ရေးအတွက် ဆန္ဒပြတောင်းဆိုခြင်းကို ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။

မတရားဖမ်းဆီးခံရသော ခရစ်ယာန် ဆရာတော်နှစ်ပါးအတွက် ဆုတောင်းဝတ်ပြုပွဲကို Calvary Burmese Church မှ ဆရာတော် Rev. Saw Ler Htoo မှ ဦးဆောင်ပြီး Washington DC မြို့လယ်ရှိ Calvary Burmese Church တွင် ကျင်းပခဲ့ကြောင်း၊ American Baptist Church, USA မှ ခရစ်ယာန်ဆရာတော်ကြီးများ၊ New York နှင့် Maryland မှ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၊ တိုင်းရင်းသား ခရစ်ယာန်ဆရာတာ်ကြီးများ တက်ရောက်ခဲ့ကြပြီး မြန်မာပြည်အတွက် မေတ္တာပို့ အားပေးစကားပြောကြားခြင်း၊ မတရားဖမ်းဆီးခြင်းခံရသော ပြည်သူများအတွက် ဆုတော်င်းပေးခြင်းများ ပြုလုပ်ခဲ့ကြသည်။

ထို့နောက် ဘုရားကျောင်းမှ မြန်မာစစ်သံရုံးရှေ့သို့ ဆက်လက်ချီတက်ခဲ့ကြပြီး လူထုဆန္ဒပြပွဲပြုလုပ်ခဲ့ပြီး ဆန္ဒပြပွဲတွင် မတရားဖမ်းဆီးခြင်းခံရသော ခရစ်ယာန် ဆရာတော်နှစ်ပါးနှင့် သေဒဏ်ပေးခဲ့သော ကျောင်းသား ၇ဦးအားအမြန် လွှတ်ပေးရန် တခဲနက် တောင်းဆိုခဲ့ကြကြောင်း၊ ၈၈ ကျောင်းသား ခေါင်းဆာင်နှင့် Save Myanmar အဖွဲ့ဝင်ဖြစ်သော ဦးရင်အေးမှ ဦးဆောင်၍ နွေဦးတော်လှန်ရေးနှင့် ခေတ်အဆက်ဆက် ဒီမိုကရေစီတော်လှန်ရေးအတွက် အသက်ပေးခဲ့ကြသော သူရဲကောင်းများကို အလေးပြုခဲ့ကြပြီး ကချင်ခေါင်းဆောင် နှင့် Save Myanmar အဖွဲ့ဝင် ကို M Tu Aung ကလဲ “ကချင်တစ်ဦးကိုထိရင် ကချင်အားလုံးကိုထိခိုက်ခြင်းဖြစ်ကြောင်း၊ တော်လှန်ရေးတဦးကို ထိရင် အားလုံးကိုထိခြင်းဖြစ်ကြောင်း” ပြောကြားပြီး တော်လှန်ရေးကို အရှိန်မြှင့်ဆောင်ရွက်ရန် တိုက်တွန်းခဲ့ကြောင်း၊ President of Kachin community, Indiapolis Mr. Job Maron, Rev. Dou Qae Lakang, General Secretary of Kachin Baptist Church, USA, Jeff Woods, General Secretary of American Baptist Churches တို့မှ မတရားအာဏာလု မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ရှို့ချကြပြီး ဘာသာရေးဖိနှိပ်မှုများ ရပ်တန့်ရန် တောင်းဆိုခဲ့ကြပြီး New York မှ ဓမ္မဝါဒီအောင်မြေမင်္ဂလာကျောင်းတိုက်မှ ဆရာတော်အရှင်ဣဿရိယ မှ မတရားအာဏာလုယူထားသော စစ်တပ်အား ပြည်သူကို အာဏာပြန်အပ်ရန်နှင့် ယုတ်မာမှုအားရပ်တန့်ရန် တောင်းဆိုခဲ့ကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article