35 C
Yangon

ဝေါမြို့နယ်၊ ကန်တော်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး ချိန်ကိုက်ဗုံးပေါက်ကွဲ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၅

ပဲခူးတိုင်း ဝေါမြို့နယ်၊ ကန်တော်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ယနေ့ ဒီဇင် ဘာလ ၅ ရက် နေ့ နံနက် ၄ နာရီ ၄၅ မိနစ်အချိန် ချိန်ကိုက်ဗုံးဖြင့် ဖောက်ခွဲ တိုက်ခိုက် ခံရ ကြောင်း ဒေသခံများ ထံမှ သိရှိရသည်။

“ရုံးအနည်းငယ် ထိခိုက်ပျက်စီးသွားပါတယ်။ ခေါင်းမိုးတွေ လန်ကုန်တယ်။ ရုံး အနီးဝန်းကျင်က အိမ်တွေ မှန်တွေ ကွဲကုန်ပါတယ်။ မနက်စောစောဆိုတော့ လူထိခိုက်မှုတော့ မရှိပါဘူး ။ အုပ်ချုပ်ရေးမှူးက စစ်ထွက်ပါ အရမ်းဆိုးပါတယ်။ အုပ်ချုပ်ရေးမှူးနာမည်က အော်ဇော်ဌေး နာမည်ပြောင်က ရွှေသွားလို့ ခေါ်ပါ တယ်။ သူက အရမ်းဆိုးပါတယ်။ ဧည့်စာရင်းတိုင်တာတို့ ခရီးသွား ထောက်ခံစာ လုပ်တာတို့ဆို မျက်နှာထိ မျက်နှာထားကြီးနဲ့ ဟောက်စားလုပ်ပြီး အမြဲ ဘဝင် ရူး နေသူတစ်ယောက်ပါ ” ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သို့ ပြောကြားသည်။

ဗုံးပေါက်ကွဲမှုအပြီးတွင် အုပ်ချုပ်ရေးမှူးအပါအဝင် စစ်သားများက ကား ၄ စီး ဖြင့် အင်အား ၂၀ ခန့် ရောက်ရှိလာကြောင်း၊ အရပ်ဝတ်များနှင့် သေနတ်များ လွယ်ထားသည်ကို တွေ့ရကြောင်း၊ ရုံးအနီးဝန်းကျင်ကို ပိတ်ထားပြီး လူများကို ဖြတ်သန်းသွားလာခွင့်မပြုကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဝေါမြို့နယ် ပကဖ နှင့် UG တော်လှန်ရေးရဲဘော်များကမူ ဝေါမြို့ ကန်တော် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၅ နာရီ ခန့် အချိန် နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ၊ အဆိုပါ တိုက်ခိုက်မှုတွင် အုပ်ချုပ်ရေးမှူးရုံး အဆောက်အဦ ထိခိုက် ပျက်စီး မှုများရှိခဲ့ပြီး တော်လှန်ရေးရဲဘော်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ပဲခူးတိုင်း PDF က သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article