31 C
Yangon

သပိတ်ကျင်းတွင် ကျေးရွာများကို မီးရှို့ဖျက်ဆီး ပြန်လာသည့် စစ်ကားတန်းကို မိုင်းဆွဲတိုက်ခိုက်၊ ထီးချိုင့်ရဲစခန်းမှ လှည့်ကင်းစစ်ကြောင်းကို မိုင်းဆွဲတိုက် ခိုက်မှု သေဆုံးမှုရှိနိုင်

Must read

သပိတ်ကျင်းတွင် ကျေးရွာများကို မီးရှို့ဖျက်ဆီး ပြန်လာသည့် စစ်ကားတန်းကို မိုင်းဆွဲတိုက်ခိုက်၊ ထီးချိုင့်ရဲစခန်းမှ လှည့်ကင်းစစ်ကြောင်းကို မိုင်းဆွဲတိုက် ခိုက်မှု သေဆုံးမှုရှိနိုင်

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တောင်တလုံးရွာနှင့် အင်ပျံရွာကြားတွင် ယနေ့ ဒီဇင်ဘာလ ၂၈ ရက် နံနက် ၆ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီကား ၄ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တကောင်းပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထီးချိုင့်မြို့နယ်အတွင်းရှိ ကျေးရွာများကို မီးရှို့ပြီး တကောင်းမြို့ဘက်သို့ ပြန် ဆင်း လာသော အကြမ်း ဖက်စစ်ကောင်စီ တပ်မ ၈၈ လက်အောက်ခံ တပ်သား များလိုက်ပါလာသည့် ဖောကား ၆ ဘီးကား ၃ စီး နှင့် ၁၂ ဘီးတွဲကား တစ်စီး စုစု ပေါင်း ၄ စီးကို ပဒေသာမိုင်း ၂ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။

“ထီးချိုင့်မှာ ရွာလှည့်ပတ် မီးရှို့နေတဲ့ကောင်တွေ၊ ယာဉ်တန်းတစ်ခုလုံး အင်အား ၁၀၀ နီးပါးပါတယ်၊ ၆ ဘီး ကားက စစ်သုံးကား အစိမ်းတွေနဲ့၊ ၁၂ ဘီးတွဲကားက တော့ သာမန်ကားပဲ၊ ဘယ်ကနေ ချောဆွဲထားလဲ မသိဘူး၊ ၂ စီးမြောက်ကားကို မိုင်းဆွဲပြီးတဲ့နောက်မှာ ရှေ့ဆုံးကားမှာ ပါတဲ့စစ်ခွေးတွေက လမ်းဘေးတစ် လျှောက် ရမ်းသမ်း ပစ်သွားတာ၊ သစ်တပင်ရွာအထိပဲ၊ မနက်ပိုင်းစောစော ဆို တော့ ပြည်သူတွေ မသွား ကြသေးလို့ ထိခိုက် တာမျိုးတော့ မကြားမိသေးဘူး” ဟု တကောင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆို သည်။

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ယာဉ်တန်း၏ ၂ စီးမြောက် ကားကို ထိမှန်ခဲ့ကြောင်း၊ ၎င်းကားမှာ ဘေးဘော်ဒီတွင် သံအထူးပြားများ ကပ်ထား သ ဖြင့် အကြမ်းဖက်စစ်သားများ ထိခိုက်ဒဏ် ရာရရှိမှုသာရှိနိုင်ကြောင်း၊ ထိခိုက် သေဆုံးမှုအရေအတွက်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း၊ ပြည်သူ့ ကာ ကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

သပိတ်ကျင်းမြို့နယ်အတွင်းတွင် ပြည်သူများအနေဖြင့် သတ်မှတ်ထားသော အချိန်အတွင်းသာ ကား လမ်းများကို အသုံးပြုပေးရန်၊ အိမ်စီးကားများ မှန်ချ မောင်းနှင်ပေးရန်၊ သတ်မှတ်ချိန်ကျော်လွန် ပါကမိုင်းဆွဲမှု ပြုလုပ် သွားမည် ဖြစ်ကြောင်း၊ တကောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေး ထားသည်။

အလားတူ ဒီဇင်ဘာလ ၂၇ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ်အချိန် ထီးချိုင့်မြို့ ရဲစခန်းမှ ကင်းလှည့်ရန် ဆင်းလာသော ဆိုင်ကယ် ၃ စီးဖြင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦးကို မိုင်းဆွဲတိုက်ခိုက်ရာ သေဆုံးမှုရှိနိုင်ကြောင်း ထီးချိုင့် Special.9-HPDFက တရားဝင် သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- တကောင်းပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article