33 C
Yangon

သပိတ်ကျင်းနှင့်ကန့်ဘလူအစပ်တွင် တိုက်ပွဲများဖြစ်ပြီး စစ်တပ်ဘက်မှ သေ ဆုံး မှု များပြား၊ ကိုးကန့်တွင် စစ်တပ် အထိနာသဖြင့် လေယာဉ်ဖြင့် ဗုံးကျဲရာ MNDAA တပ်ဖွဲ့ဝင် ၁ ဦးသေဆုံး

Must read

သပိတ်ကျင်းနှင့်ကန့်ဘလူအစပ်တွင် တိုက်ပွဲများဖြစ်ပြီး စစ်တပ်ဘက်မှ သေ ဆုံး မှု များပြား၊ ကိုးကန့်တွင် စစ်တပ် အထိနာသဖြင့် လေယာဉ်ဖြင့် ဗုံးကျဲရာ MNDAA တပ်ဖွဲ့ဝင် ၁ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အစပ် တွင် ၅ ရက်ကြာ တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူ ၃၀ ဦး ခန့် ရှိနိုင်ကြောင်း TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့မှ တာဝန် ရှိ သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့မှ ဒီဇင် ဘာလ ၂၈ ရက်နေ့အထိ သပိတ်ကျင်းမြို့နယ် နှင့် ကန့်ဘလူမြို့နယ် အစပ်ရှိ ခရမ်းစပ်ကုန်း ၊ဇင်းချောင်းစသည့် ကျေးရွာများ တွင် စစ်တပ်က စစ် ကြောင်းထိုးခြင်းနှင့် နေအိမ်မီးရှို့မှုများကို ဒီဇင်ဘာ ၂၃ ရက်နေ့မှ ဒီဇင်ဘာ ၂၈ ရက် နေ့အထိ ပြုလုပ်ခဲ့ကြောင်း ၊ ရွာမီးရှို့သည့် စစ် ကြောင်းကို PDF တပ်များ က လက်နက် ကြီး ၆၀ မမ အလုံး ၃၀ ကျော်နှင့် လက် နက်ငယ်များဖြင့် ပစ်ခ တ်ခဲ့ပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု များရှိ ခဲ့ကြောင်း သိရှိရသည်။

ထိုကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှုများကို TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့ ၊ ဒေသကာကွယ်ရေး တပ်ရင်း ၃၊ ရင်း၄ ၊ ရပ်ကျေး (ပကဖ)များ ပူးပေါင်းကာ ရင်ဆိုင်တိုက်ခိုက်ခဲ့ကြပြီး တိုက်ပွဲကာလ ၅ ရက်ဆက်တိုက် ရှိပြီဖြစ်ကြောင်း သိရှိရသည်။

PDF တပ်များ၏ တိုက်ခိုက်မှုကြောင့် ခရမ်းစပ်ကုန်းတွင် တပ်စွဲထားသော စစ် တပ်ဘက်မှ ၃၀ ကျော် ထက်မနည်း ထိခိုက်သေဆုံးနိုင်ကြောင်း၊ သေဆုံး ထိ ခိုက် သော စစ်သားများကို မော်တော်ဖြင့် ကြာညှပ် ဘက်သို့သယ်ယူကြောင်း၊ ကြာညှပ်ရွာသင်္ချိုင်း မီးသင်္ဂြိုလ်စက်တွင် စစ်သားအလောင်းများကို မီးသင်္ဂြိုလ် ခဲ့ ကြောင်း သိရှိရသည်။

ဒီဇင်ဘာ ၂၇ရက်နေ့ ည ၁၁ နာရီ ဝန်းကျင်အချိန် ဇင်းချောင်းကျေးရွာတွင် တပ် စွဲ နေသည့် အင်အား ၂၀ ဝန်းကျင် စစ်ကြောင်းကို လက်နက်ကြီး ၆၀ မမ ၂လုံး အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ ကြောင်း၊ ထိခိုက်ဒဏ်ရာရသော စစ်သားများကို ကား ၄စီးဖြင့် ၇ မိုင်ရွာအနီး ကြာအင်း ကုတင်(၁၀၀) စစ်ဆေးရုံတွင် ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့မှ ဒီဇင် ဘာလ ၂၈ ရက်နေ့အထိ ၅ရက်ဆက်တိုက် တိုက် ပွဲ တွင် စစ်တပ်ဘက်မှ သေဆုံးသူ ၃၀ ဦးထက်မနည်းရှိနိုင်ပြီး PDF တပ် များ ဘက်မှ ထိခိုက်မှုမရှိကြောင်း TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူက ပြောသည်။

တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သော ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက “ခရမ်းစပ်ကုန်းကျေးရွာက သပိတ်ကျင်းမြို့ နယ်ထဲ မှာ တော့ပါတယ်။ ဒါပေမယ့် ဧရာဝတီမြစ်အနောက် ဘက်ကမ်းမှာရှိ တာ၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ ပုတီဖြူ၊ကြာညှပ်တို့မှာရှိ ပျူစောထီး တွေက အနောက်ဘက်ကမ်းမှာရှိတဲ့ ခရမ်းစပ်ကုန်းရွာက ပြည်သူပိုင်၊ ကျွဲ၊နွား ဆိတ် တွေ‌နေ့ခင်းမှာ သယ်တယ်၊ ညပိုင်းကျတော့ ကန့်ဘလူခရိုင် PDF တပ် ရင်း အဖွဲ့တွေ နဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက လက်နက် ကြီးတွေ ပစ်ခတ် တိုက်ခိုက်ခဲ့တာ၊ အကောင် ၂၀ လောက်သေတယ်လို့ ဒေသခံတွေဆီက သိရ တယ်၊ အဲဒီ အသေတွေကို ကြာညှပ်သုဿန်မှာ သင်္ဂြိုလ်တယ်လို့ မြေပြင် သတင်း ရရှိတယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့နံနက် ၉ နာရီခန့်တွင် ခရမ်းစပ်ကုန်းကျေးရွာ၌ တပ်စွဲ ကာ မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက် စစ်သားများသည် ဧရာဝတီမြစ် အရှေ့ ဘက်ကမ်း ရှိ ကြာညှပ်ကျေးရွာမှ အကြမ်းဖက်စစ် သား ၊ ပျူစောထီး များနှင့် ပူးပေါင်းပြီး အင်အား ၂၀၀ ခန့်ဖြင့် မြစ်အနောက်ဘက်ရှိ ဇင်ချောင်းကျေးရွာ ဘက် သို့ ဇက်ဖြင့်ဖြတ်ကူး လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ပဒေသာ ၆ လုံးတွဲ ၊ ၄ လုံးတွဲ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ထိခိုက်သေဆုံးမှုများပြားပြီး သေဆုံးစစ်သား၊ ပျူစောထီး အလောင်း များ ကို ကြာညှပ်သုဿန်သို့ တစ်နေကုန်သယ်နေကြကြောင်း သိရသည်။

“ဇက်ရေယာဉ်က မြစ်ဖြတ် ကူးနေတုန်းလည်း လက်နက်ကြီးမျိုးစုံပ စ်ခတ်တာ ကို ဒီကောင်တွေခံရတယ်၊ ဇက်ရေယာဉ် ကမ်းကို ကပ်တဲ့အချိန်မှာ ကြိုတင်ပြင် ဆင် ထားတဲ့ ပဒေသတွေနဲ့တွေ့တယ်၊ ပဒေသာတွေနဲ့လည်း တွေ့ လိုက်ရော ခွေးအူသံက လုံးဝကို တိတ်သွားတာပဲ၊ ပထမတော အသံတွေ ပေးပြီးတက်လာ တာ၊ အဲဒီအသံ တွေအကုန်ပျောက်ပြီးတော့ ဘာသေနတ်သံမှလည်း မထွက် တော့ ဘူး” ဟု ကန့်ဘူမြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူ တစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောကြားသည်။

အလားတူ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ကိုးကန့် (MNDAA) ထိန်းချုပ်နယ်မြေအတွင်းတွင် တိုက်ပွဲများဖြစ်ပြီး စစ်ကောင်စီ တပ် သား ၇၀ ကျော် သေဆုံးခဲ့သဖြင့် စစ်တပ်က တိုက်လေယာဉ် အသုံး ပြုကာ ဗုံး ကျဲ တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း The Kokang သတင်းဌာနက ပြော သည်။

နိုဝင်ဘာလအတွင်း ကိုးကန့်ဒေသ နမ့်ဖာတောင်တိုက်ပွဲ၌ စစ်ကောင်စီတပ် ဖွဲ့ဝင် ၅၀ ကျော် သေဆုံးခဲ့ပြီး ဒီဇင်ဘာလ ၂၁ ရက်နှင့် ၂၃ ရက်တိုက်ပွဲများတွင် လည်း အကြမ်းဖက်စစ်သား ၂၀ ကျော်ကို ထပ်မံချေမှုန်းနိုင်ခဲ့ကြောင်း၊ နမ့်ဖာ တောင် တိုက်ပွဲပြီးနောက် လောက်ကိုင် စစ်ဆေးရုံတွင် စစ်တပ်ဘက်မှ ဒဏ်ရာ ရသူ အများအပြားဆေးကုနေကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၂၆ ရက် နံနက် ၁ နာရီကျော်အချိန် ကိုးကန့်(MNDAA)တပ်စခန်း ကို စစ်ကောင်စီက Su-30 တိုက်လေယာဉ်ဖြင့် ဗုံးသီး ၁၀ လုံး နှစ်ကြိမ်တိုင်တိုင် လာရောက် ဗုံးကျဲခဲ့ကြောင်း၊ ဗုံးကျဲတိုက်ခိုက်မှုကြောင့် MNDAA တပ်ဖွဲ့ဝင် ၁ ဦး‌ သေဆုံးခဲ့ရပြီး ၅ ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ကိုးကန့် သတင်းဌာန The Kokang ၏ အဆိုအရ သိရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီက ကိုးကန့်ဒေသသို့ တိုက်လေယာဉ်ဖြင့် ကျဲချသည့် ဗုံးခွံ့များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article