31.9 C
Yangon

သပိတ်ကျင်းနှင့် ရေစကြိုတွင် စစ်ကားနှင့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

မန္တလေး၊ သပိတ်ကျင်းမြို့နယ်တွင် စစ်သားများ လိုက်ပါလာသည့် ကား ၁ စီးကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကြာညှပ် အဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ထီးချိုင့်ဘက်သို့ အရပ်သားကားများ အသုံးပြုပြီး အင်အားပို့နေသော အရပ်ဝတ် စစ်သား ၁၀ ဦးကျော်ပါလာသည့် ထရက်ကား ၁ စီးကို သပိတ်ကျင်းမြို့နယ် ဆယ်ဇင်းကုန်းရွာနှင့် မင်းကုန်းရွာ အကြားတွင် မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

” ထိခိုက် သေဆုံးမှု အခြေအနေတော့ မသိရသေးဘူး။ မိုင်း ၂ လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ပါတယ်။ အရပ်သားပြည်သူတွေ အနေနဲ့ သတ်မှတ်ထားတဲ့ အချိန်တွေကိုတိကျ လိုက်နာပေးဖို့ သတိပေးချင်ပါတယ်။ ပြည်သူတွေ ထိခိုက်မှာဆိုးလို့ ဖောက်ခွဲ တိုက်ခိုက်မှု မလုပ်ဆောင်ခဲ့ရတာတွေရှိတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကြာညှပ် အဖွဲ့ထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို သပိတ်ကျင်းမြို့နယ် ပကဖ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့-ကြာညှပ်နှင့် လျှပ်စီးပြောက်ကျား တပ်ဖွဲ့တို့မှ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဗြည်းဘရွာကို မီးရှို့နေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း N – YSO ပြောက်ကျား တပ်ဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၁၇ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ရေစကြိုမြို့နယ်၊ ဗြည်းဘအရှေ့ရွာ အတွင်းသို့ မီးရှို့ဖျက်ဆီးရန် ရောက်ရှိလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို N – YSO ပြောက်ကျားတပ်ဖွဲ့က ရှေ့ထွက်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အကြမ်းဖက်စစ်သားများမှ လက်နက်ကြီးလက်နက်ငယ်များဖြင့် ရမ်းပစ်ခတ်ခဲ့သော်လည်း ပြည် သူ့ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း N – YSO ပြောက်ကျား တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article