28 C
Yangon

သပိတ်ကျင်းနှင့် အရာတော်တွင် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၂၃ ဦးသေဆုံး

Must read

သပိတ်ကျင်းနှင့် အရာတော်တွင် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၂၃ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် စစ်သားများ လိုက်ပါလာသည့် ဖောကားများကို မိုင်းဆွဲတိုက်ခိုက်မှု ၂၀ ဦးခန့်သေဆုံးခဲ့ကြောင်း တကောင်း PDF တပ်ဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၈ ရက် နံနက် ၆ နာရီခန့်တွင် ထီးချိုင့်မြို့နယ်အတွင်းရှိ ကျေးရွာများကို မီးရှို့ ဖျက်ဆီးပြီး ရွှေဘိုဘက်သို့ ဆင်းရန်လာသော အကြမ်း ဖက်စစ်သားအင်အား ၁၀၀ ခန့်ပါ ဖောကား ၆ ဘီး ကား ၃ စီး နှင့် ၁၂ ဘီးတွဲကား တစ်စီးကို တကောင်း PDF က တောင်တလုံးရွာနှင့် အင်ပျံရွာအကြားတွင် ပဒေသာမိုင်း ၃ လုံး၊ ရှေ့ထွက်မိုင်း ၂ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ဒုတိယ မြောက်ဖောကားကို ထိမှန်ခဲ့ပြီး အကြမ်းဖက် စစ်သား ၂၀ ခန့်သေဆုံးခဲ့ခြင်းကာ သေဆုံးသွားသော စစ်သား အလောင်းများကို လက်ပံကုန်းကျေးရွာသင်္ချိုင်းတွင် မြေမြှုပ်သွားကြောင်း သိရသည်။

“မနေ့က မြေပြင်က တစ်ယောက်ကြည့်ခိုင်းတာ၊ တကောင်းအောက်ဘက် လက်ပံကုန်းရွာ သင်္ချိုင်းမှာ ခွေးသေ ကောင် ၂၀ လောက် မြေမြှုပ် သွားတယ်၊ ညက တကောင်းလမ်းဆုံမှာ ညအိပ်တယ်၊ ကားပေါ်ကနေ အလောင်းတွေဆွဲချပြီးမြေမြှုပ်သွားတာ၊ မိုင်း ၅ လုံးစလုံးတစ်စီးထဲ ထိတာဆိုတော့ သေနိုင်တာပေါ့” ဟု တကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြော ဆိုသည်။

ယင်းအကြမ်းဖက်စစ်ကောင်စီတပ်သားများသည် တကောင်းလမ်းဆုံရှိ ဂိတ်တွင် အထိုင်ချရပ်နားနေ ကြောင်း၊ စထွက်ကတည်းက ထီးချိုင့်မှ ရွှေဘိုအထိ ဆင်းမည်ဟု သတင်းရထားကြောင်း၊ ညနေပိုင်းတွင် ဆက်လက် ဆင်းသွားနိုင်ကြောင်း သိရသည်။

မိဘပြည်သူများအနေဖြင့် သပိတ်ကျင်းမြို့နယ်အတွင်းတွင် သတ်မှတ်ထားသော အချိန်အတွင်းသာ ကား လမ်းများကို အသုံးပြုပေးရန်၊ အိမ်စီးကားများ မှန်ချမောင်းနှင်ပေးရန်၊ အကြမ်းဖက်စစ်ကောင်စီ တပ် ယာဉ်တန်းကားများနှင့် ဝေးဝေးမှ ရှောင်ကွင်းသွားလာကြရန် တကောင်းမြို့နယ်ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့က ထုတ်ပြန် သတိပေးထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သလဲဘာကျေးရွာနှင့်ငွေတွင်းကျေးရွာချင်းဆက် လမ်း ပေါ်တွင် မနေ့က ဒီဇင်ဘာလ ၂၈ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ဆိုင်ကယ်ဖြင့်ဖြတ်သန်းသွားလာနေသော ပျူစော ထီးများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Zayar 7 Sagaing ARA နှင့် IBEX ပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article