40.9 C
Yangon

သရက်ချောင်းတွင် စစ်ကောင်စီတပ်က ပြည်သူနေအိမ် ၁၀ လုံးကျော်ကို ဝင်ရောက်ဖျက်ဆီး

Must read

ရန်ကုန်၊ ဒီဇင်ဘာ၂၁

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊သရက်ချောင်းမြို့နယ်၊ ပဲဒတ်ကျေးရွာအုပ်စု၊ ရေပူရွာရှိ ပြည်သူ့နေအိမ် ၁၀ လုံးကျော်ကို ဝင်ရောက်ဖျက်ဆီးပြီး ပစ္စည်းများခိုးယူသွားကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောကြားသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့က အိမ်ခြေ ၅၀ ကျော်ခန့်ရှိ သော ရေပူကျေးရွာရှိ စျေးဆိုင် ၃ ဆိုင်အပါအဝင် ပြည်သူနေအိမ် ၁၀ လုံး ကျော်ကို ဝင်ရောက်ဖျက်ဆီးကာလူသုံးကုန်ပစ္စည်းများ၊ တန်ဖိုးရှိပစ္စည်းများကို အ ကြမ်းဖက်စစ်သားများက ခိုးယူသွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“ရွာထဲက စျေးဆိုင် ၃ ဆိုင်နဲ့ လူနေအိမ် ၇ ဆောင်လောက်က စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ဖျက်ဆီးလို့ ၇၅% ပျက်စီးသွားခဲ့တယ်။ ဆိုင်ကယ် ၂စီးလည်း ရိုက်ဖျက်ထားလို့ လုံးဝပျက်စီးသွားခဲ့ပြီ။ စျေးဆိုင် ၃ ဆိုင်မှာ သူတို့ခိုးယူသွားတဲ့ ပစ္စည်းတွေရဲ့တန်ဖိုးတောင် သိန်း ၈၀ လောက်ရှိတယ်။ နေအိမ်တွေက အိမ်ပေါ်မှာ အားသွင်းထားတဲ့ ဖုန်းတွေလည်းခိုးသွားတာ။အိမ်တွေမှာရှိတဲ့ ထိုင်ခုံတွေကိုလည်း ကန်ချိုးသွားတယ်။နောက်ဆုံးဗျာ အဝတ်ပုံးထဲမှာထည့်ထားတဲ့ ကရင်ရိုးရာအက်ျီတွေကိုကအစ ကတ်ကြေးနဲ့ တစ်စစီညှပ်ဖြတ်သွားကြတယ်” ဟု ဒေသခံရွာသားတစ်ဦးက ပြောကြားသည်။

အဆိုပါ သရက်ချောင်းမြို့နယ် ပဲဒတ်ကျေးရွာအုပ်စုတွင် ကုန်း လမ်း၊ရေလမ်းအပါဝင် စစ်ကောင်စီတပ် သား အင်အား ၃၀၀ ခန့် တပ်ဖြန့်ထားပြီး ပဲချောင်းဝတွင်လည်း စစ်ကောင်စီတပ်ရဲ့ သင်္ဘော ၂ စီး ရှိနေကြောင်း၊ စစ်ကြောင်းထိုးရှာဖွေဖမ်းဆီးမှုများပြုလုပ်နေသဖြင့် သရက်ချောင်းမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မကြာခဏ နှစ်ဖက်ထိတွေတိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

Photo – စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေထားသော ရေပူရွာက နေအိမ်တစ်ချို့ရဲ့မြင်ကွင်း(ဓာတ်ပုံ -CJ)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article