34 C
Yangon

သရက်ချောင်း၊ ချောင်းနှစ်ခွကျေးရွာမှ ပြည်သူ ၆၀ ကျော်ကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားပြီး ဖမ်းဆီးခံရသူများ၏ သတင်းအစအန ပျောက်နေ

Must read

ရန်ကုန် ၊ ဒီဇင်ဘာ ၂၀

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ချောင်းနှစ်ခွကျေးရွာမှ ပြည်သူ ၆၀ ဦး ကျော် ကို အကြမ်းဖက်စစ်ကောင်စီမှ ယနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

“ချောင်းနှစ်ခွ ကျေးရွာမှာပါ ။ စစ်ခွေးတွေက လူပေါင်း ၆၀ ကျော်ကို လူသား ဒိုင်း ကာ အဖြစ်ခေါ်သွားတာ။ လမ်းမှာတွေ့တဲ့ လူတွေရောပဲ။ ယောက်ျား သား သီးသန့်ခေါ်သွားတယ်။ ထွန်စက်မောင်းတဲ့ လူတွေရော။ လမ်းတွေ့သမျှ အကုန် ဖမ်း ခေါ်သွားတယ်။ ဘယ်ကို ခေါ်သွားတယ်ဆိုတာ မသိဘူး “ ဟု ဖမ်းဆီးခံရသူတစ်ဦး၏ မိသားစုဝင်က ရန်ကုန်ခေတ်သစ်သို့ ပြောကြား သည်။

လက်ရှိအချိန်အထိ ပြည်သူများကို မည်သည့်နေရာသို့ ဖမ်းဆီး ခေါ်ဆောင် သွားသည်ကို မသိရှိရဘဲ သတင်းအစအန ပျောက်ဆုံးနေကြောင်း၊ ချောင်းနှစ်ခွ ကျေးရွာအနီးအနားတွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဓာတ်ပုံ- ယမန်နှစ် မြိတ်တွင် ပြည်သူများကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးမှု မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article