31 C
Yangon

သရက်မြို့ပေါ်တွင် “စစ်ခွေး နိဂုံး ၂၀၂၃” ပိုစတာချိတ်ဆွဲမှု လာရောက်ရှင်း လင်း သည့် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်

Must read

သရက်မြို့ပေါ်တွင် “စစ်ခွေး နိဂုံး ၂၀၂၃” ပိုစတာချိတ်ဆွဲမှု လာရောက်ရှင်း လင်း သည့် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

မကွေးတိုင်း၊ သရက်မြို့၊ တောင်မင်းတည်းရပ်ကွက်အနီး သရက်-ကံမလမ်း ဘေး တွင် ယမန်နေ့ ဒီဇင်ဘာ လ ၂၇ ရက်နေ့ ညပိုင်း “စစ်ခွေး နိဂုံး ၂၀၂၃” ပိုစတာ ချိတ်ဆွဲကာ လာရောက်ဖြုတ်သည့် စစ်သားများကို မိုင်းခွဲတိုက် ခိုက် ခဲ့ ကြောင်း Eagle Force က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၇ ရက် ည ၈ နာရီ မိနစ် ၅၀ အချိန်တွင် “စစ်ခွေး နိဂုံး ၂၀၂၃ “ စာ သား ပါ စစ်အာဏာရှင် တော် လှန်ရေး ပိုစတာချိတ်ဆွဲပြီးနောက် အဝေး ထိန်း မိုင်း တစ်လုံးဖြင့် အသံပေးဖောက်ခွဲခဲ့ပြီးနောက် ည ၉ နာရီ ၁၀ မိနစ်အချိန် တွင် အသံကြားရာဆီသို့ လာရောက်သော အကြမ်းဖက် စစ်ကောင်စီ လက် အောက် ခံ တပ်သားများကို ထပ်မံမိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အသံဗုံးနဲ့မျှားခေါ်လိုက်တာ၊ စစ်ခွေးတွေရောက်လာပြီး ပတ်ဝန်းကျင်ကို ရမ်း သမ်း ပစ်ခတ်နေတုန်း ထပ် ဖောက်ခွဲလိုက်တာ၊ မိုင်းတစ်လုံးနဲ့ပဲ၊ အခြေအနေ အရ စစ်ခွေးသေဆုံးထိခိုက်မှုတော့ မသိရသေးဘူး” ဟု Eagle Force တပ်ဖွဲ့က သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုမြတ်က ပြောသည်။

သရက်မြို့ခံတစ်ဦးကလည်း ယမန်နေ့ ညပိုင်းတွင်း ဗုံးပေါက်ကွဲမှု ၂ ကြိမ် ကြား ရပြီး မြို့ခံပြည်သူများအားလုံး သိရှိကြကြောင်း၊ ဗုံးကွဲပြီးနောက် ပစ်ခတ် သံများ ပါ ကြားရကြောင်း ပြောဆိုကြသည်။

” သရက်၊ တောင်မင်းဂိတ် မနေ့ညပိုင်း ဗုံး ၂ ကြိမ်ပေါက်သံရော သေနတ်ပစ်သံ တွေပါ ကြားရတယ်။ သရက် မှာ စွယ်တော်လှည့်ဖို့ အလှူခံယိမ်းတွေကြောင့် ပေါက်ကွဲသံ မပီပြင်လိုက်ပေမယ့် တစ်မြို့လုံးသိရတယ်။ နောက်ပြီး မနေ့ညက အနောက်ဂိတ် သေနတ်သံတွေကြားရတယ်” ဟု သရက်မြို့ခံတစ်ဦးက ပြော ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article