37 C
Yangon

ဟားခါးတွင် စစ်သား ၃ ဦးနှင့် ရဲ ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

ချင်းပြည်နယ်၊ ဟားခါးမြို့အခြေဆိုက် အကြမ်းဖက် စစ်ကောင်ီတပ် ခမရ ၂၆၆ တပ်ရင်းမှ တပ်သား ၃ဦးနှင့် ဟားခါးမြို့မရဲစခန်းမှ ရဲတပ်သား၁ ဦးတို့ သည် လက်နက်ခဲယမ်းများနှင့်အတူ CDF-Zophei ထံသို့ အလင်း ၀င်ကြောင်း ဒေသ သတင်းရင်းမြစ် The Chin Journal ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီ ခမရ ၂၆၆ တပ်ရင်းမှ တပ်သား ဇင်ကိုထက်၊ အောင် ဖြိုး မင်းနှင့် သက်နိုင်ထွန်းတို့သည် စက်တင်ဘာလအတွင်း၌ သေနတ် ၂ လက်၊ လက်ပစ်ဗုံး ၃ လုံးနှင့် ကျည်ဆန် ၇၀၀ ကျော်ဖြင့် လည်းကောင်း၊ ဟားခါး မြို့မ ရဲစခန်းမှ ရဲတပ်သား အောင်ထန်း G3 သေနတ် ၁ လက်၊ ကျည် ဆန် ၁၃၀ ကျော် ၊ ကျည်ကာတစ်စုံနှင့် အခြားရဲအသုံး အဆောင် ပစ္စည်းများ နှင့်အတူ နို၀င်ဘာလ ၁၅ရက်နေ့တွင် CDF-Zophei ထံသို့ ရောက်ရှိ အလင်းဝင် ခဲ့ ကြောင်း သိရသည်။

CDM ပြုလုပ်ပြီး ပြည်သူနှင့်ပူးပေါင်းလာကြသည့် အကြမ်းဖက်စစ်ကောင်စီ တပ် ဖွဲ့ဝင် ၃ ဦးကို CDF-Zopheiက ကျပ်သိန်း ၁၅၀ ဂုဏ်ပြုချီးမြှင့်ပြီး ရဲတပ် သား အောင်ထန်းကိုလည်း ကျပ်သိန်း ၈၀ ချီးမြှင့်ကာ လုံခြုံသည့်နေရာသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article