34 C
Yangon

အကြမ်းဖက်မင်းအောင်လှိုင်နှင့် တရုတ်အထူးကိုယ်စားလှယ်သစ် Deng Xijun တို့ နေပြည်တော်တွင် တွေ့ဆုံ

Must read

အကြမ်းဖက်မင်းအောင်လှိုင်နှင့် တရုတ်အထူးကိုယ်စားလှယ်သစ် Deng Xijun တို့ နေပြည်တော်တွင် တွေ့ဆုံ

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

အကြမ်းဖက်မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စား လှယ် သစ် Deng Xijun တို့ နေပြည်တော်တွင် တွေ့ဆုံကြောင်း စစ်တပ် ဘက် က တရားဝင်သတင်းထုတ်ပြန်သည်။

တရုတ်အထူးကိုယ်စားလှယ်သည် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံ ရောက်ရှိခဲ့ပြီး ဒီဇင်ဘာလ ၂၉ ရက်နေ့ တွင် အကြမ်းဖက် မင်းအောင်လှိုင် နှင့်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ အပစ်ရပ် NCA လက်မှတ်ရေးထိုးထားသော အဖွဲ့ တချို့နှင့်လည်းတွေ့ရန်ရှိနေပြီး လက်ရှိ ခရီးစဉ်သည် မိတ်ဆက် ခရီးစဉ်အဖြစ် လာရောက်ခြင်းဖြစ်ကြောင်း နေပြည် တော် သတင်းရပ်မြစ်က ပြောသည်။

“ဘာတွေ ဆွေးနွေးလဲဆိုတာ အတိအကျ မသိရသေးဘူး။ မိတ်ဆက် ခရီးစဉ် အဖြစ် လာတယ်လို့ သိထားပါတယ်။ နောက်တစ်ခုကတော့ NCA ထိုးထားတဲ့ အဖွဲ့တချို့နဲ့တွေ့မယ်လို့ သိရပါတယ်တယ်။ NCA မထိုးရသေးတဲ့ လက် နက်ကိုင် တွေနဲ့လည်း တွေ့ခဲ့တယ်လို့ သိရပါတယ်။ ဒီဘက်ကတော့ ရှေ့ဆက်သွားမယ့် စကစ ရဲ့ လုပ်ငန်းစဉ်တွေ၊ ဦးတည်ချက်တွေ ၊ ငြိမ်းချမ်းရေး လမ်းကြောင်း၊ ရွေးကောက်ပွဲကျင်းပမယ့်ဟာတွေကို တရုတ်ကို ရှင်းပြခဲ့တယ်လို့ သိထားပါတယ်” ဟု နေပြည်တော်သတင်းရင်းမြစ်က ပြောသည်။

တရုတ်အထူးကိုယ်စားလှယ်အသစ်ဖြစ်သူ Deng Xijun သည် အာဆီယံ ဆိုင်ရာ တရုတ် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ယခင် တရုတ် အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော့ရှန် (Sun Guoxiang) နေရာကို အစား ထိုး အသစ်ဝင်လာသူလည်းဖြစ်သည်။

တရုတ်အထူးကိုယ်စားလှယ်က စစ်ကောင်စီ နိုင်ငံခြားရေးဌာနမှ ၀ဏ္ဏမောင် လွင်ကိုလည်း သွားရောက်တွေ့ဆုံခဲ့သည်ဟု သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article