30 C
Yangon

အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း ရန်ကုန်ရောက်နေချိန် လသာမြို့နယ်၊ ထွေအုပ်ရုံးရှေ့ရှိ လုံခြုံရေးကင်းတဲတွင် ဗုံးပေါက်ကွဲ

Must read

အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း ရန်ကုန်ရောက်နေချိန် လသာမြို့နယ်၊ ထွေအုပ်ရုံးရှေ့ရှိ လုံခြုံရေးကင်းတဲတွင် ဗုံးပေါက်ကွဲ

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း ရန်ကုန်ရောက်နေချိန် ရန်ကုန်မြို့၊ လ သာ မြို့နယ်၊ အမှတ် ၄ ရပ်ကွက်၊ လသာလမ်းရှိ လသာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံး ရှေ့ရှိ လုံခြုံရေး ကင်းတဲဂိတ်တွင် ယနေ့ ညနေပိုင်း ဗုံးပေါက်ကွဲ ခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီခွဲခန့်အချိန် လသာမြို့နယ်၊ ထွေအုပ် ရုံးရှေ့ရှိ လုံခြုံရေးကင်းတဲကို လက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ခတ် တိုက် ခိုက်ခဲ့ကြောင်း Freeland Attack Force (FLA) အဖွဲ့က သတင်း ထုတ် ပြန်သည်။

လသာမြို့နယ်တွင် ဗုံးပေါက်ကွဲချိန်သည် အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း ရန်ကုန်ရောက်ရှိ၍ လုံခြုံရေး အထူးတင်းကျပ်ထားချိန်တွင် ဗုံးပေါက် ကွဲခြင်းဖြစ်ပြီး စစ်တပ်၏ သတင်းထုတ်ပြန်ချက်တွင် ဗုံးကွဲမှု ကြောင့် တစ်စုံ တစ်ရာ ထိခိုက်မှုမရှိဟု သိရှိရသည်။

လသာမြို့နယ် ထွေ/အုပ်ရုံး လုံခြုံရေးကင်းတဲ ဗုံးခွဲတိုက်ခိုက်မှုကို Freeland Attack Force (FLA) ၊ Emerald Girls Army(RGA)၊ Revolution of 21 Century အဖွဲ့တို့ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ မစ်ရှင် ဖြစ်မြောက် ရေးအတွက် ဝိုင်းဝန်းပံ့ ပိုးပေးကြသော အလှူရှင်များနှင့် Milk Tea Alliance Yangon အဖွဲ့သားများကို ကျေးဇူတင်ရှိပါကြောင်း FLA အဖွဲ့က ပြောသည်။

ရန်ကုန်မြို့တွင်နေထိုင်သော မိဘပြည်သူများအနေဖြင့် အကြမ်းဖက် စစ် ကောင် စီ တပ်သားများရှိသည့်‌‌ နေရာ၊ ဝန်ကြီးဌာန အဆောက်အအုံများနှင့် အကြမ်း ဖက်စစ်ကောင်စီသစ္စာတော်ခံလောက်ကောင်များနှင့် တတ်နိုင်သမျှ ရှောင်ရှားသွားလာကြရန် အသိပေးနှိုးဆော်ထားသည်။

ဓာတ်ပုံ- လသာမြို့နယ်အတွင်း နေရာတစ်ခု။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article