29 C
Yangon

အကြမ်းဖက် မင်းအောင်လှိုင် DSAနှင့် DSTA ကျောင်းဆင်းပွဲတက်ရန် ပြင်ဦးလွင် ရောက်ရှိ မည် ဖြစ်ပြီး လုံခြုံရေးအတွက် ခရီးစဉ်အချိန်၊ သွားမည့်လမ်းကြောင်းများ ကြိုမပြောဘဲ လျှို့ဝှက်ထား

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁

အကြမ်းဖက်စစ်တပ်၏ ခေါင်းဆောင် မင်းအောင်လှိုင်သည် DSAစစ်တက္ကသိုလ်အပတ်စဉ် ၆၄ သင် တန်း ဆင်းပွဲတက်ရန် ယနေ့ ပြင်ဦးလွင်ရောက်ရှိမည်ဖြစ်ကြောင်း စစ်ဘက်သတင်း ရင်းမြစ် များထံမှ သိရှိရသည်။

ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပြင်ဦးလွင်ရောက်ရှိမည်ဖြစ်ပြီး ဒီဇင်ဘာ ၂ ရက်နေ့တွင် စစ်တက္ကသိုလ် အပတ်စဉ် ၆၄ သင်တန်းဆင်းပွဲ တက်ရောက်မည်ဖြစ်ကြောင်း ၊ ယင်းနောက် နောက်ရက်များတွင် DSAT စစ်နည်းပညာတက္ကသိုလ် ကျောင်းဆင်းပွဲပါ တက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ မိတ္တီလာလေတပ်တွင် ကျင်းပမည့် အကြမ်းဖက်စစ်တပ်၏ လေတပ် ၇၅ နှစ် မြောက် စိန်ရတုနှစ်ပတ်လည် ပွဲသို့ တက်ရောက်မည်ဖြစ် ကြောင်း၊ယင်းလေတပ် စိန်ရတု နှစ်ပတ် လည်ပွဲတွင် ရုရှားထုတ် SU-30 တိုက်လေယာဉ်သစ်များကို တပ်တော်ဝင်ခြင်းနှင့် အလှပြ ပျံသန်းမှု များ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။

“စိန်ရတုလေတပ်နှစ်ပတ်လည်ကိုတော့ တော်တော်ခမ်းခမ်းနားနားလုပ်မယ်။ ရုရှားအဖွဲ့တွေလည်း ဖိတ်ထားတယ်။ လာမယ်။ လေယာဉ်အသစ်တွေ တပ်တော်ဝင်မယ်” ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။

ခရီးစဉ်များအတွက် ရောက်ရှိချိန်နှင့် ထွက်ခွာမည့်အချိန်၊ သွားမည့် လမ်းကြောင်းခရီးစဉ်များကို ကြိုတင် မပြောဘဲ လုံခြုံရေးအရ အလျဉ်းသင့်သလို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်မင်းအောင်လှိုင်၏ တပြေးညီ ဟန်ဆောင်ထမင်းဝိုင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article