34 C
Yangon

အကြမ်းဖက် မင်းအောင်လှိုင် ရန်ကုန်ရောက်ရှိချိန် တာမွေနှင့် တောင်ဒဂုံတွင် စစ်တပ်ဂိတ်နှင့် ကင်းလှည့်နေသည့် အဖွဲ့ကို ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွား

Must read

အကြမ်းဖက် မင်းအောင်လှိုင် ရန်ကုန်ရောက်ရှိချိန် တာမွေနှင့် တောင်ဒဂုံတွင် စစ်တပ်ဂိတ်နှင့် ကင်းလှည့်နေသည့် အဖွဲ့ကို ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွား

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

အကြမ်းဖက် မင်းအောင်လှိုင်သည် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ စတင်၍ ရန်ကုန် တွင် ရောက်နေရှိချိန် တာမွေနှင့် ဒဂုံမြို့သစ် တောင်ပိုင်း မြို့နယ်တွင် စစ်တပ် ဂိတ်နှင့် ကင်းလှည့်နေသည့် အဖွဲ့ကို ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွားကြောင်း သိရှိရသည်။

ယနေ့ ဒီ ဇင်ဘာ ၂၂ ရက်နေ့ နံနက် ၆ နာရီ ၀န်းကျင်အချိန် ရန်ကုန်တိုင်း၊ တာမွေ မြို့နယ်၊ တာမွေကြီး (ခ) ရပ်ကွတ် အရှေ့မြင်းပြိုင်ကွင်းနှင့် တောင်မြင်း ပြိုင် ကွင်းလမ်းထောင့် မြှားပစ်ကွင်းအမှတ် ၆ ဂိတ်ရှေ့ အကြမ်းဖက် စစ် ကောင်စီ ကင်းတဲကို မြို့ပြပျောက်ကျားတပ်ဖွဲ့က ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို နိုင်ငံရေးအကျဉ်းသားများ ကိုယ်စားပြု တိုက်ခိုက် ရေး အဖွဲ့ Freeland Attack Force (FLA)နှင့်မဟာမိတ်အဖွဲ့များဖြစ်သည့် Emerald Girls Army (EGA) , Revolution of 21 Century အဖွဲ့မှ မဟာ မိတ် အဖွဲ့သားများက လက်ပစ်ဗုံးတစ်လုံး ဖြင့်တိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း သိရ သည်။

ယင်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ်မှ တပ်သားများ ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း၊ ပြည်သူ့ ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များ အားလုံး ဘေးကင်း စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာလ ၂၁ ရက် ည ၉ နာရီ၅၅ မိနစ် အချိန် ရန်ကုန်မြို့၊ ဒဂုံ မြို့သစ် တောင်ပိုင်း မြို့နယ်၊ အမှတ် ၂၂ ရက်ကွက်၊ ရတနာပုံ ၄ လမ်းနှင့် စက်မှုဇုန် လမ်း ထောင့် တွင် ကင်းစောင့်ရှိနေကြသည့် အကြမ်းဖက်စစ်သား၊ ရပ်ကွက် အုပ်ချုပ် ရေးမှူးနှင့် အဖွဲ့ကို ချိန်ကိုက် ဗုံးဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့ကြောင်း Mother Son Yangon Force မှ ဗိုလ်နိုင်က ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များ ကင်းပုန်းချနေသည့် နေရာကို ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သည့် Mother Son Yangon Force အဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေ မသိရသေးကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။

“Hello ဗုံးနဲ့ ကျနော်တို့ တိုက်ခိုက်တာပါ။ အခြေအနေ အသေးစိတ်တော့ မသိရ သေးပါဘူး” ဟု Mother Son Yangon Force မှ ဗိုလ်နိုင်က ပြောဆို သည်။

အကြမ်းဖက်မင်းအောင်လှိုင်သည် မင်္ဂလာဒုံ စစ်ဆေးတက္ကသိုလ် သင်တန်း ဆင်းပွဲ တက်ရောက်ပြီး ရေတပ်နှစ်ပတ်လည် တက်ရောက်ရန် ရန်ကုန်တွင် ရောက်ရှိ နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်တွင် ယမန်နေ့ ရောက်ရှိနေသည့် အကြမ်းဖက် မင်းအောင် လှိုင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article