28 C
Yangon

အင်းစိန်BPI ဆေးဝါးစက်ရုံရှေ့ မျက်နှာချင်းဆိုင် အကြမ်းဖက် နှိမ်နင်းရေး တပ် ထဲသို့ ၁၀၇ မမ ရှော့ တိုက် ဒုံးဖြင့် ပစ်ခတ်မှု ဆေးရုံကားများ ဝင်ရောက် သွားသဖြင့် စစ်သားများ ထိခိုက်သေဆုံးမှုများရှိနိုင်ဟုဆို

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ BPI ဆေးဝါးစက်ရုံအနီးရှိ အကြမ်းဖက် နှိမ် နင်း ရေး တပ်ထဲသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးဖြင့် ယမန်နေ့ ညပိုင်း မြို့ပြ UG များက ပစ်ခတ် တိုက် ခိုက်ခဲ့ရာ ပစ်ခတ်ခံရသည့် တပ်အတွင်းသို့ ဆေးရုံ ကားတချို့ ဝင်ရောက်သွားသဖြင့် စစ်သား ထိခိုက်သေဆုံးမှုရှိနိုင်သည်ဟု ဒေသပြည်သူများက ပြောဆိုကြသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန်တွင် အင်းစိန် BPI ဆေးဝါး စက်ရုံအနီးရှိ အကြမ်းဖက်နှိမ်နင်းရေး စစ်တပ်ထဲသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံး ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ် ကြောင်း၊ အဆိုပါ စစ်တပ်သည် ရန်ကုန်တွင် စစ် အာ ဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု များ ကို အဓိက ထားနှိမ်နင်းပြီး ကျောင်း သား လူငယ်များနှင့်ပြည်သူ များ ကို သတ်ဖြတ်သည့် တပ်ဖြစ်ကြောင်း၊ အင်း စိန် ထောင်အတွင်း ဆန္ဒပြမှုများ ကို အကြမ်းဖက် ဝင်ရောက်နှိမ်နင်းသည့် ဗဟိုတပ်ဖြစ်ကြောင်း၊ BPI အနီးရှိ စစ်တပ်ထဲတွင် အထိုင်ချထားသည့် တပ် ဖြစ် ကြောင်း သိရှိရသည်။

“မနေ့ညက ရဲကားတွေ၊ စစ်ကားတွေ၊ ဆေးရုံကားတွေ BPI လမ်းဘက်မှာရှိတဲ့ စစ်တပ်ထဲ ဝင်သွားကြတယ်။ ဆေးရုံကားတွေပါတော့ ခွေးတွေ ထိတယ် ထင်တယ်။ တစ်ညလုံးပဲ။ BPIလမ်း ၊ ဗဟိုလမ်းနဲ့ ဘုရင့်နောင် လမ်းဘက်မှာ လုံခြုံ ရေးတွေ တင်းကျပ်ပြီး စစ်နေတာ။ ပစ်တဲ့နေရာကိုလည်း လိုက်ရှာ ကြတယ်ထင်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ယမန်နေ့ ညပိုင်းအခြေအနေများနှင့်ပတ်သက်ပြီး အင်းစိန်မြို့နယ်တွင် နေထိုင် သူများကလည်း ယမန်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် တွင် အလွန်ကျယ် လောင်သော ပေါက်ကွဲသံကြားရကြောင်း ပြောဆိုကြသည်။

“BPI စစ်တပ်ရှိတဲ့ဘက်က ဗုံးပေါက်တဲ့ အသံက တော်တော်ကျယ်တယ်။ ည ၈နာရီ ၃၀ မိနစ်မှာ တစ်လုံး၊ ည ၈နာရီ ၃၄ မိနစ်မှာ တစ်လုံး ပေါက်တာ။ မြေ ကြီး ပါ တုန်ခါသွားတယ်။ နည်းတဲ့အသံမဟုတ်ဘူး။ BPI စစ်တပ်ဘက်ကို ခု စစ်ကား တွေအများကြီး သွားနေတယ်။ BPI ဘက် အကုန်လုံး ပိတ်ဆို့ ထား တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရသည့်နေရာ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article