36 C
Yangon

အင်းတကော်တွင် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

အင်းတကော်တွင် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

ပဲခူးတိုင်း၊ အင်းတကော်မြို့နယ်၊ ထုံးကြီးကျေးရွာတွင် အကြမ်းဖက် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ သက်မြင့်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ သက်မြင့်ဦး(ခ)ဖိုးသက် ဆိုသူကို အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

“ရွာက စစ်တပ် အမာခံသတင်းပေး ဒလန်လေ ပျူစောထီးအဖွဲ့ဝင် သေသွားပြီ ဘယ်အဖွဲ့က ရှင်းလိုက်လည်းမသိဘူး သူ့ကြောင့် ဒုက္ခရောက်သွားတဲ့သူ မနည်းတော့ဘူး”ဟု ဒေသခံ ပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ သက်မြင့်ဦး(ခ)ဖိုးသက် ပစ်ခတ်ခံရပြီးနောက် အင်းတကော်-ထုံးကြီး ကားလမ်းတလျောက်တွင် စစ်ကောင်စီတပ်များ လုံခြုံရေး တင်းကြပ်ထားကြောင်း၊ လသာကုန်းကျေးရွာထိပ်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့များက ဆိုင်ကယ်နှင့် မော်တော်ယာဉ်များကို စစ်ဆေးမှုများ ပြုလုပ်ပြီး ကင်းပိုင်ကျုံ – ကျောက်တန်း – ဆယ်မိုင်ကုန်းလမ်းပိုင်းကိုပါ လုံခြုံရေးတင်းကြပ်ထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article