36 C
Yangon

အင်းတော်တွင် ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှု များပြား

Must read

အင်းတော်တွင် ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှု များပြား

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် ၂ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်မှ စစ်သား ထိခိုက်သေဆုံးမှုများပြားကြောင်း Indaw Revolution – IR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြား သည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက် နံနက် ၁၀ နာရီခန့်အချိန် အင်းတော်မြို့နယ်၊ ခရမ်းစပ်ကုန်းရွာနှင့် မိုးလှိုင်းကုန်းရွာ အနီးတွင် စစ်တပ်နှင့် ဒေသ ပြည်သူ့ ကာ ကွယ် ရေးတပ်ဖွဲ့များကြား ၁ နာရီ ခန့်တိုက်ပွဲဖြစ်ကာ စစ်တပ်ဘက်မှ ထိခိုက် သေဆုံး မှုများပြားခဲ့ကြောင်း၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ ရဲဘော်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေ ဘယ်လောက်သေတယ်ဆိုတာ အတိအကျတော့ ခန့်မှန်းလို့ မရဘူး ဗျ။ နှစ်ရက်လုံးက ဒဏ်ရာရတဲ့စစ်သားတွေကို မဲဇာရွာထဲ သယ်လာ တယ်လို့ ဒေသခံတွေကပြောတယ်၊ စစ်ခွေးတွေက အင်အား ၁၂၀၊ ၁၃၀ မှာ ရွာထဲ ပြန်ဝင်လာတာ၊ ၇၇ ကောင်လို့ လည်း ပြော တယ်၊ ၈၄ ကောင်လို့လည်း ပြောတယ်၊ လာခဲ့တဲ့အင်အားနဲ့ လက်ရှိကျန်တဲ့ အင်အားအပေါ်မှာပဲ ခန့်မှန်း ရတာ။ ဒီနေ့ဆိုရင် ပြည်သူတစ်ယောက်လှမ်းပြောတယ်၊ ဝါးလုံးမှာ‌ စောင်တွေ ထုပ် ပြီးတော့ ထမ်းခဲ့တာတွေများတယ်၊ နောက်ပြီးတော့ စစ်သား တစ် ယောက် ကို သေနတ် ၂ လက်၊ ၃ လက်ထမ်းပြီးလာခဲ့တာတွေတော့ တော်တော် များတယ်” ဟု Indaw Revolution – IR မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

ယနေ့ဒီဇင်ဘာလ ၂၇ ရက် မဲဇာရွာ၌ အထိုင်ချ တပ်စွဲထားသော စစ်သားများ သည် အလယ်ဆိပ်ရွာဘက်သို့ တက်လာစဉ် KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့များမှ ၃ နာရီကျော်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြား ပြီး လေကြောင်းပစ်ကူပါ ပေးခဲ့ရကြောင်း၊ ပြည်သူ့ကာကွယ်ရေး ရဲ‌ ဘော် ၃ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အင်းတော်မြို့နယ်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် မီးရှို့ဖျက်ဆီးမှု ကြောင့် နေအိမ် ၂၆ လုံး၊ ဈေးဆိုင်ခန်း ၆ ခန်း၊ စာကြည့်တိုက် ၁ လုံးနှင့် စပါး တင်းပေါင်းထောင်ချီ မီး လောင် ပျက်စီးခဲ့ကြောင်း၊ စစ်တပ်က တိုက်ပွဲတွင် သေ ဆုံးသော စစ်သားများ၏ ရုပ်အလောင်းများကိုလည်း နေအိမ်များနှင့်အတူ မီးရှို့ သွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article