35 C
Yangon

အင်းတော်မြို့နယ်၊ စက်တောကုန်းရွာမှ နေအိမ် ၄၁ လုံးနှင့် စပါးကျည် ၃၀ ကို စစ်တပ်က မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဒီဇင်ဘာလ ၂၁

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ စက်တောကုန်းရွာမှ နေအိမ် ၄၁ လုံးနှင့် စပါးကျည် ၃၀ ကို အင်အား ၁၀၀ ကျော်ခန့်ရှိသော အကြမ်းဖက်စစ်ကောင်စီတပ်သားများက ဒီဇင်ဘာလ ၂၀ ရက် နေ့တွင် မီးရှို့ဖျက်ဆီးသွားကြောင်း Indaw Revolution – IR ထံမှ သိရသည်။

အင်းအား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသော မကွေး တိုင်း အခြေစိုက် တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ အ ကြမ်းဖက်စစ် သားများသည် အင်းတော်မြို့နယ်အတွင်း လှည့်ပတ်မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ပြီး စက်တော်ကုန်း ရွာကိုလည်း ညအိပ်တပ်စွဲကာ မီးရှို့သွားခြင်းဖြစ်ကြောင်း သိရသည်။

“စက်တော်ကုန်းရွာက အိမ်ခြေ ၁၀၀ လောက်ရှိတယ်၊ လူဦးရေကတော့ ခန့်မှန်း ၄၀၀ လောက်ပေါ့၊ စစ်ခွေးတွေက စက်တောကုန်းရွာမှာ ညအိပ်တပ်စွဲပြီး မနက်ရောက်တော့ မီးရှို့သွားတာ၊ ပြည်သူတွေကတော့ ရှောင်ရှားနေလို့ အထိအခိုက်မရှိပါဘူး။ မီးရှို့ပြီး ပြန်ထွက်လာတော့ လမ်းမှာ တိုက်ပွဲဖြစ်သေးတယ်၊ တိုက်ပွဲအခြေအနေကတော့ အတိအကျမသိရသေးဘူး၊ စစ်ခွေးတွေ အထိအခိုက်တော့ရှိတယ်” ဟု Indaw Revolution – IR မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောကြားသည်။

အင်းတော်မြို့နယ်အတွင်းတွင် ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီ တပ်သား များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာ ၆ ရွာမှ နေအိမ် ၁၀၀ ကျော်ဆုံးရှုံးခဲ့ပြီး ယခုအချိန်တွင် အကြမ်းဖက်စစ်သားများမှာ နတ်မဟုတ်ကြီးရွာတွင်ရောက်ရှိနေကြောင်း၊ ဖားပန်ရွာနှင့် ပင်ဝယ်ရွာကြားတောထဲ၌လည်း နန့်စီး အောင်ကျေးရွာဘက်မှ ဆင်းလာသော စစ်သား ၁၀၀ ကျော်ခန့်ရောက်ရှိနေကြောင်း သိရသည်။

Photo- CJ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article