28 C
Yangon

အမေရိကန်ကာကွယ်ရေးဥပဒေ NDAA ကို သမ္မတ ဘိုင်ဒင် လက်မှတ်ရေးထိုး ၊ NUG ၊ NUCC နှင့် CRPH ကို ထောက်ခံ အားပေးရန်၊ PDF နှင့် EAO များကို အကူအညီပေးရန် ဥပဒေ ပြဋ္ဌာန်းချက်များ စတင် အသက်ဝင်ပြီ

Must read

အမေရိကန်ကာကွယ်ရေးဥပဒေ NDAA ကို သမ္မတ ဘိုင်ဒင် လက်မှတ်ရေးထိုး ၊ NUG ၊ NUCC နှင့် CRPH ကို ထောက်ခံ အားပေးရန်၊ PDF နှင့် EAO များကို အကူအညီပေးရန် ဥပဒေ ပြဋ္ဌာန်းချက်များ စတင် အသက်ဝင်ပြီ

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

၂၀၂၃ ခုနှစ် အမေရိကန်အမျိုးသားကာကွယ်ရေးဥပဒေ NDAA ကို သမ္မတ ဘိုင်ဒင် လက်မှတ်ရေးထိုး လိုက်ပြီဖြစ်ပြီး ဥပဒေတွင် ပါဝင်သည့် မြန်မာ့အရေး ဆိုင်ရာ ပြဋ္ဌာန်းချက်များဖြစ်သော NUG ၊ NUCC နှင့် CRPH တို့ကို ထောက်ခံရန်နှင့် PDF နှင့် EAO များကို နည်းပညာအကူအညီပေးရန် ပြဋ္ဌာန်းချက်များမှာ စတင် အသက်ဝင်နေပြီဖြစ်သည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့(မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၄ ရက်နေ့)တွင် အဆိုပါ ဥပဒေကို လက်မှတ် ရေးထိုး အတည် ပြုခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော အကြမ်းဖက် လူသတ် စစ်ကောင်စီ ၏ အာဏာသိမ်းမှုအရေးကို ​ဖြေရှင်းရန် အမေရိကန်က အမျိုးသား ကာကွယ်ရေး ဥပဒေ (NDAA) ၏ အစိတ်အပိုင်းအဖြစ် ပြဋ္ဌာန်းထားသည်။

အမေရိကန်အမျိုးသားကာကွယ်ရေးဥပဒေတွင် စာမျက်နှာ ၄၄၀၈ မျက်နှာ ပါဝင် ပြီး မြန်မာ့အရေး ကိုင်တွယ်ရန် စာ မျက်နှာ ၂၅ မျက်နှာ ပြဋ္ဌာန်းထားကာ အမေရိကန်ပြည်ထောင်စု၏ မြန်မာ့အရေး မူဝါဒ အဖြစ် အချက် ၈ ချက်ပါဝင်သည်။

၁-မြန်မာပြည်သူများ၏ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တရားမျှတမှု တိုက်ပွဲဝင် နေမှုကို ဆက်လက် ထောက်ခံ အားပေးရန်။

၂- စစ်အာဏာရှင်ဆန့်ကျင်ရေး ၊ စစ်အာဏာရှင် အဆုံးသတ်ရေး တိုက်ပွဲဝင် နေသော မြန်မာနိုင်ငံ အတွင်းနှင့် မြန်မာနိုင်ငံ ပြင်ပမှ NUG ၊ NUCC ၊ CRPH နှင့် CDM လှုပ်ရှားမှု၊ အခြားအဖွဲ့ အစည်း များ၏ ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံအားပေးရန်။

၃- လူထုရွေးကောက်ထားသော အရပ်သားအစိုးရလက်သို့ အာဏာပြန်အပ်ရေး၊ စစ်တပ်သည် အရပ် သားအုပ်ချုပ်မှုအောက်တွင် ရှိရမည်ဖြစ်ပြီး ထိုအရပ်သား အုပ်ချုပ်မှုသည် ဖက်ဒရယ် ပြည်ထောင်စု စနစ်နှင့် လူနည်းတိုင်းရင်းသားများ၏ အခွင့်အရေးကို ကာကွယ်သော အခြေခံဥပဒေ ပြုပြင်ပြောင်း လဲရေး၊ နိုင်ငံရေး နှင့်စီးပွားရေး ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်ရန်။

၄-အာဏာသိမ်းပြီးနောက် မြန်မာပြည်သူများအပေါ် ကျူးလွန်သော လူအခွင့် အရေး ချိုးဖောက်မှုများ၊ တိုင်းရင်းသားများအပေါ်ကျူးလွန်သော လူ့အခွင့် အရေးချိုးဖောက်မှုများအတွက် ကျူးလွန်သူများ ကို တာဝန်ခံမှုရှိစေရေး ဆောင် ရွက်ရန်။

၅-စစ်တပ်ကို ထောက်ခံနေသော တရုတ်နှင့်ရုရှားကို တာဝန်ခံမှုရှိစေရေး ဆောင်ရွက်ရန်။

၆-စစ်တပ်၏ ကျူးလွန်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် မြန်မာ ပြည်သူများ အတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ဆက်လက် ပေးရန်။

၇-နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လည် လွတ်မြောက်ရေးဆောင်ရွက်ရန်။

၈-ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ၊ မြန်မာပြည် တွင်းမှပြည်သူများအတွက် လူသားချင်း စာနာ ထောက် ထားမှု အကူအညီများကို စစ်တပ်ထံ ဖြတ် သန်း ခြင်းမပြုဘဲ ထောက်ပံ့ကူညီနိုင်ရန် တို့ပါဝင်သည်။

စစ်တပ်၊ စစ်ဗိုလ်ချုပ်များ၊ စီးပွားရေးလုပ်ငန်းများကို အရေးယူခြင်း

=====================================

အမေရိကန် အမျိုးသားကာကွယ်ရေးဥပဒေ အတည်ပြုပြီးသည်နှင့် မြန်မာ စစ်တပ်ဗိုလ်ချုပ်များ၊ စီးပွားရေးကုမ္ပဏီများ၊ ဆက်နွယ်နေသော ပြည်ပ ကုမ္ပဏီများနှင့်လူပုဂ္ဂိုလ်များ၊ စစ်တပ်အတွက် ငွေရှာပေးနေသည့် မြန်မာ့ ရေနံနှင့် သဘာ၀ဓာတ်ငွေ့လုပ်ငန်း MOGE အပါအဝင် စီးပွားရေးများ၊ လူပုဂ္ဂိုလ်များ ၊ အဖွဲ့အစည်းများကို အမေရိကန်က အရေးယူရန် ဖော်ပြထားသည်။

ဒဏ်ခတ်အရေးယူမှုများသည် ၈ နှစ်တာကာလအထိ တည်ရှိနေမည်ဖြစ်ပြီး ယင်းအရေးယူမှုများကို ရပ်ဆိုင်းလိုပါက သမ္မတက ကွန်ကရက်ကို တင်ပြ၍ ဆောင်ရွက်ရန်လည်း ပြဋ္ဌာန်းထားသည်။

ထို့ပြင် မြန်မာနိုင်ငံသို့ လက်နက်တင်ပို့မှုကို လုံး၀ ပိတ်ဆို့အရေးယူရန် ကုလ သမဂ္ဂလုံခြုံရေးကောင်စီမှတစ်ဆင့် ရှုတ်ချခြင်း၊ ပိတ်ပင်ခြင်းများ လုပ်ဆောင်ရန် ပါဝင်သည်။

PDF နှင့် EAOများကို အမေရိကန်က နည်းပညာနှင့်လက်နက်မဟုတ်သော အကူအညီပေးမည်

====================================================

မြန်မာနိုင်ငံမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များ(EAO)၊ People’s Defense Forces (PDF) များ၊ ဒီမိုကရေစီရေး လှုပ်ရှား နေကြ သည့် အဖွဲ့ အ စည်း များအတွက် ဆက်သွယ်ရေး၊ အမိန့်ပေး ထိန်းချုပ် ကွပ်ကဲမှုနှင့် ပူး ပေါင်း ဆောင်ရွက်မှုများ ပိုမိုအားကောင်း ခိုင်မာလာ စေရန် နည်းပညာနှင့် လက် နက် မဟုတ်သော အထောက်အပံ့များပေးရန်ဥပဒေတွင် ပါဝင်သည်။

ထို့ပြင် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး အရပ်ဘက်အုပ်ချုပ်ရေး ပြန်ထူ ထောင်ရန်အားပေးသော မြန်မာစစ်တပ်မှတပ်ဖွဲ့ဝင်ဟောင်း များနှင့် ပတ် သက်သည့် အစီအစဉ်များ၊ လှုပ်ရှားဆောင် ရွက်မှု များကို ကူညီရန်လည်း ပါဝင်သည်။

ဖက်ဒရယ်စနစ်အားကောင်းစေရေး အမေရိကန်ကထောက်ပံ့အကူအညီပေးရေး၊ စစ်တပ်၏ လူ့အခွင့် အရေးချိုးဖောက်ကျူးလွန်မှုများကို စုံစမ်းဖော်ထုတ်သည့် CSO များကို အကူအညီပေးရေး၊ နိုင်ငံရေး အ ကျဉ်းသားများကို ကူညီနေသည့် CSO များ၊ ငြိမ်းချမ်းရေးနှင့်ပြန်လည်သင့်မြတ်ရေး လုပ်ဆောင်နေသည့် CSO များကို ကူညီရန်လည်း ပါဝင်သည်။

အဆိုပါအကူအညီများသည် လာမည့် ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ် ဘဏ္ဍာရေး နှစ် အလိုက် ဆောင်ရွက် ရန်ဖြစ်ကြောင်း သိရှိရသည်။

WASHINGTON, DC – JUNE 25: U.S. President Joe Biden signs the Bipartisan Safer Communities Act into law in the Roosevelt Room of the White House on June 25, 2022 in Washington, DC. The legislation is the first new gun regulations passed by Congress in more than 30 years. (Photo by Tasos Katopodis/Getty Images)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article