30 C
Yangon

အမေရိကန်နိုင်ငံ၊ အော်ရီဂွန်ပြည်နယ် ပေါ်တလန်မြို့ Asian Family Center တွင် “ မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ပြသ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

အမေရိကန်နိုင်ငံ၊ အော်ရီဂွန်ပြည်နယ် ပေါ်တလန်မြို့Asian Family Center တွင် ဒါရိုက်တာကိုပေါက် ရိုက်ကူးထားသည့် “ မသောက်မိသော မိုးခါးရေ” (The Road Not Taken) ရုပ်ရှင်ကို Overseas Democratic Alliance – Oregon အဖွဲ့မှ ဦးဆောင်၍ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ပွဲချိန် သုံးချိန်ခွဲ၍ ပြသခဲ့သည်။

ရုပ်ရှင်ပြသမှုကို ပေါ်တလန်မြို့နှင့်အနီးတဝိုက်တွင်နေထိုင်ကြသော လူဦးရေ ၁၅၀ ကျော်ခန့်ရှိ သည့် မြန်မာပြည်ဖွားတိုင်းရင်းသားမိသားစုများနှင့် အမေရိကန်မိတ်ဆွေမိသားစုများက အားပေးကြည့်ရှုကြပြီး ရုပ်ရှင်ပြပွဲသို့ ဒါရိုက်တာကိုပေါက်က Zoom မှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ေကြာင်း၊ ရရှိထားသော ရန်ပုံငွေအလှူငွေများကို မြန်မာနိုင်ငံအနှံ့ အရေးပေါ်လိုအပ်နေသည့်နေသည့်နေရာများသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ( MOD) မှတဆင့် ညှိနှိုင်းပြီး အမြန်ဆုံး‌ ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article