27 C
Yangon

အုတ်ဖိုနှင့် သနပ်ပင်တွင် ပျူစောထီး ခေါင်းဆောင်နှင့် စစ်တပ် သတင်းပေးဟု စွပ်စွဲခံရသူတို့ ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး

Must read

အုတ်ဖိုနှင့် သနပ်ပင်တွင် ပျူစောထီး ခေါင်းဆောင်နှင့် စစ်တပ် သတင်းပေးဟု စွပ်စွဲခံရသူတို့ ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းရွာနေ ပျူစောထီးခေါင်းဆောင် ချစ်မင်း သူကို ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သာယာဝတီ(ခရိုင်) ဂဠုန်တပ်ဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်တွင် ထန်းပင်ကုန်းရွာနေ ပျူ စော ထီး ခေါင်းဆောင် ချစ်မင်းသူသည် တော်လှန်ရေး ရဲဘော်များ၏ လှုပ်ရှားသွားလာမှုများကို လာရောက်ထောက်လှမ်းစဥ် အုန်းတောလမ်းတွင် သာယာဝတီခရိုင် ဂဠုန်တပ်ဖွဲ့ အဖွဲ့ ၂ က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ ကြောင်း သိရသည်။

သေဆုံးသွားသော ပျူစောထီးခေါင်းဆောင် ချစ်မင်းသူထံမှ စစ်ကောင်စီနှင့် ချိတ်ဆက် သတင်းပေးဆောင်ရွက်နေသော အချက်အလက်များ၊ ဖုန်း၊ Power bank၊ ငွေ ၆၇၀၀ ကျပ်၊ နာရီ ၁ လုံးနှင့် အခြားစာရွက်စာတမ်းများ သိမ်းဆည်း ရမိခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုသည် နန်းထိုက်အောင် စစ်ဆေးရေး အဖြစ် တိုက်ခိုက်ခဲ့​ခြင်းဖြစ်ကြောင်း သာယာဝတီ(ခရိုင်) ဂဠုန်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အလားတူ ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်တွင် စစ်တပ် သတင်းပေးဟု စွပ်စွဲခံရသူ တင်မောင် ထွန်း ကို ဒီဇင်ဘာ လ ၂၇ ရက် ည ၁၁ နာရီခန့်က ပစ်ခတ် တိုက် ခိုက် ခဲ့ပြီး သေဆုံးခဲ့ကြောင်း Bago Region PDF ထံမှ သိရသည်။

သေဆုံးသွားသော တင်မောင်ထွန်းသည် ဝေါမြို့နယ်အတွင်းရှိ ပြည်သူ့ကာ ကွယ် ရေးတပ်ဖွဲ့ဝင်များ ဝင်/ထွက်သွားလာရာ လမ်းကြောင်း များကို စုံစမ်းကာ ကိုယ်တိုင်ကျ အကြမ်းဖက်စ စ်တပ်ကို လမ်းပြပေးပြီး လောင်းကစားဝိုင်းများ၊ စစ်‌ တောင်းမြစ်တကြောရှိ တံငါသည်များနှင့် ပြည်သူလူထုထံမှ နည်းမျိုးစုံဖြင့် ဆတ်ကြေးကောက်ကာ စစ်ကောင်စီထံ ပေးသွင်းနေသူဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က နန်းထိုက် အောင်စစ်ဆင် ရေးအဖြစ် သတ်မှတ်ကာ ၎င်းပုန်းရှောင်နေသော သနပ်ပင်မြို့နယ်၊ ကျုံပါ ချောင်း နှင့် ကုလားတဲစုကြားတွင် ဝင်ရောက်ပစ်ခတ်ရှင်း ခဲ့ရာ သေဆုံးသွား ကြောင်း၊ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ ကြောင်း Bago Region PDF ကပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article