33 C
Yangon

အွန်လိုင်း QR CODE စနစ်ဖြင့် နိုင်ငံကူးလက်မှတ် လျှောက်ထားမှု ရပ်ဆိုင်းပြီး နောက် ပတ်စ်ပို့ ရရန် ပိုမိုခက်ခဲလာနိုင်၊ မင်းအောင်လှိုင်က ပြည်ပသို့ လူငယ် များ ထွက်ခွာနေမှု တားဆီးရန်နှင့် လစာများ ပြည်တွင်းသို့ ပြန်ပို့ရေး တင်းကျပ် ရန် အမိန့်ထုတ်ခဲ့

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၅

အကြမ်းဖက်စစ်ကောင်စီက တရားမဝင် ငွေကြေးကုန်ကျမှု အလွန်များပြားပြီး အွန်လိုင်း QR CODE စနစ်ဖြင့် နိုင်ငံကူးလက်မှတ် လျှောက်ထားမှု အစီ အစဉ် ကို ယနေ့မှစ၍ ရပ်ဆိုင်းကြောင်း ကြေညာလိုက်ပြီးနောက် နိုင်ငံကူး လက်မှတ် လျှောက် ထားမှုများ ပိုမိုတင်းကျပ်လာမည်ကို လူငယ်များက စိုးရိမ် နေကြ သည်။

နိုင်ငံကူးလက်မှတ် Passport လျှောက်ထားရန် Online မှ QR Code ရယူမှု ဒီဇင်ဘာ ၅ ရက်မှ စတင်ရပ်ဆိုင်းကြောင်း၊ ထိုသို့ ရပ်ဆိုင်းရခြင်းမှာလည်း Online Booking စနစ်ဖြင့် QR Code ရယူ၍ ရက်ချိန်းရယူလျှောက် ထားခြင်း ကို ရက်ချိန်းရယူလိုသူ မည်သူမဆို ကာယကံရှင်ကိုယ်တိုင် ၂၄ နာရီ ပတ်လုံး ပိတ်ရက်မရှိ (24/7) လွယ်ကူစွာလျှောက်ထားနိုင်ရန်အတွက် Online Booking စနစ်အား ပြင်ဆင်ရေးဆွဲနေခြင်းကြောင့် ရပ်ဆိုင်းခြင်း ဖြစ် ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

ယခုအသုံးပြုနေသော Online Booking စနစ်ဟောင်းမှ ရက်ချိန်းပေးခြင်းကို ဒီဇင်ဘာ ၅ ရက်နေ့မှစတင်၍ ရပ်ဆိုင်းထားမည် ဖြစ်သော်လည်း စနစ် ဟောင်း မှ QR Code ဖြင့် ရက်ချိန်းရယူထားပြီးသူများ အနေဖြင့် ရက်ချိန်း ရရှိထား သည့် ‌နေ့ရက်များတွင် ရုံးတွင်းသို့ ဆက်လက် အသုံးပြုဝင်ရောက် နိုင် ကြောင်း၊ သို့ဖြစ်၍ နိုင်ငံကူးလက်မှတ်လျှောက်ထားလိုသူများ အနေဖြင့် ပွဲစားများမှ တစ် ဆင့် ရက်ချိန်းဝင်ရောက်ခွင့် QR Code များ မတန်တဆဈေးဖြင့် ဝယ်ယူ ခြင်း၊ အခြားသူ၏ QR Code အား လက်လွှဲအသုံးပြုနိုင်ရန် ကြိုးပမ်းခြင်းများ မပြု လုပ်ကြရန်နှင့် Online Booking စနစ်သစ် စတင်အသုံးပြုနိုင်မည့်ရက်ကို ထပ်မံကြေညာပေးမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

“QR CODE ကိစ္စက မအလတွေ မသိတာမှမဟုတ်တာ။ သတင်းစာ ရှင်းလင်း ပွဲတွေမှာကို သူတို့ဘောမတဲ့ သတင်း ထောက်တွေကိုယ်တိုင် မေးကြတာပဲ။ မဖြေဘဲ ဝေ့လည်ကြောင်ပတ်လုပ်ခဲ့ကြတာပဲ။ အခုမှ လွယ်ကူအောင် ၂၄ နာရီ အွန်လိုင်း ဘိုကင်ရမယ်လို့ ပြောနေတာ။ ကျနော်တို့တော့ သံသယရှိတယ်။ အခုက နိုင်ငံခြားထွက်ဖို့ လုပ်ကြတာ အရမ်းများတော့ ပိုပြီးတင်းကျပ်ဖို့ လုပ် တာလားလို့ ထင်မိတယ်” ဟု လက်ရှိတွင် ဂျပန်ဘာသာစကား စာမေးပွဲဖြေဆို နေသူ လူငယ်တစ်ဦးက ဆိုသည်။

မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်ရန် နိုင်ငံကူးလက်မှတ် လျှောက် ထားသူ မန္တလေးတိုင်း၊ အမရပူရ မြို့နယ်၊ တက်ကြီးကျေးရွာမှ လူငယ် တစ်ဦးကမူ QR CODE ရရှိရန် ငွေ ၁ သိန်းကျော်ပေးရပြီး နိုင်ငံကူး လက်မှတ် လုပ်ရန် ၃ လခန့်စောင့်ဆိုင်းရကြောင်း၊ နိုင်ငံကူးလက်မှတ်လုပ်ရန် လက်ရှိ တွင်လည်း ခက်ခဲပြီး ပို၍ ခက်ခဲလာမည်ကို စိုးရိမ်ကြောင်း ပြောဆိုသည်။

“ကိုယ်တိုင် QR CODE ယူတာမရလို့ Agent နဲ့ယူရတယ်။ ၁၂၀၀၀၀ ပေးရ တယ်။ အဲဒါ ရက်ချိန်းပေးထားတာက နောက် ၃ လ။ အခု QR CODE စနစ် ဖျက်တယ်ဆိုတော့ နိုင်ငံကူးလက်မှတ် တွေ ပိုခက်ခဲလာမှာစိုးရိမ်တယ်။ ရွာမှာ လည်း မလေးရှား၊ ထိုင်း သွားကြတာ လူငယ်တောင်မရှိတော့ဘူး။ ရွာရှိ လူငယ် အကုန်ပဲ ပြည်ပထွက်ကြတာ။ အမျိုးသမီး အမျိုးသား အသက် ၂၀ ကနေ ၅၀ အတွင်း ထွက်ကြတယ်။ လုပ်ကိုင်စားလို့ကလည်း အဆင်မပြေကြတော့။ ထိုင်း ကိုတော့ တော်တော်များများ အောက်လမ်း(တရားမဝင်) သွားကြတယ်။ အဲဒါ ငွေကုန်ကျမှုလည်းနည်းတယ်။ ပတ်စ်ပို့အကြာကြီးစောင့်စရာ မလိုဘူး” ဟု ရှင်းပြ သည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်ပ နိုင်ငံများသို့ လူငယ် များ ထွက်ခွာနေမှု များပြားနေ၍ တင်းကျပ် ကြပ်မတ်ရန်နှင့် ပြည်ပထွက် ခွာသွား သော အလုပ်သမားများအနေဖြင့် လစာ၏ ရာခိုင်နှုန်း မည်မျှကို ပြည် တွင်း ပြန်လည်ပေးပို့ရမည် ဆိုသော စာချုပ်ကို လက်မှတ်ရေးထိုးခိုင်းရန် ယခုနှစ်ဩဂုတ်လ ၁၈ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်ခဲ့သော လုံခြုံ ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီ အစည်းအဝေး အမှတ်စဉ် ၅/၂၀၂၂ တွင် ပြောဆိုခဲ့သည်။

မင်းအောင်လှိုင်က ပြည်ပနိုင်ငံများသို့ လူငယ်များ ဆက်တိုက်ထွက်ခွာ နေမှု ကြောင့် နောင်တွင် ပြည်တွင်းတွင် အလုပ်သမားရှားပါးမှု ပြဿနာ မဖြစ်ပေါ် စေရေးအတွက် ပြည်ပ ထွက်ခွာမှုများနှင့်ပတ်သက်၍ ကြပ်ကြပ်မတ်မတ် ဆောင် ရွက် ရန်နှင့် ပြည်တွင်းတွင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး ဆောင်ရွက်ရန် မင်းအောင်လှိုင်က ညွှန်ကြားခဲ့သည်။

ထို့ပြင် ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်သူ လူငယ်များ အနေဖြင့် ပြည်တွင်းသို့ လစာ၏ ရာခိုင်နှုန်း မည်မျှ ပေးပို့ရန် ဆိုသော အချက်ကိုလည်း စာချုပ်အဖြစ် ထည့်သွင်းကာ ပြည်ပမထွက်ခင်ကတည်းက တစ်ပါတည်း လက်မှတ်ရေးထိုးခိုင်းရန် မင်းအောင်လှိုင်က ပြောဆိုခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် ရန်ကင်း ပတ်စ်ပို့ရုံးတွင် ကြိတ် ကြိတ် တိုး တန်းစီနေကြသည့် လူငယ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article