30 C
Yangon

အွန်လိုင်း QR CODE စနစ်ဖြင့် နိုင်ငံကူးလက်မှတ် လျှောက်ထားမှု ရပ်ဆိုင်း ပြီးနောက် ပတ်စ်ပို့ လုပ်ရန် ငွေကျပ် ၈ သိန်းအထိ စျေးပေါက်လာ၊ သွေးနှော များ နိုင်ငံကူးလက်မှတ်ရရန် အလွန် ခက်ခဲ

Must read

အွန်လိုင်း QR CODE စနစ်ဖြင့် နိုင်ငံကူးလက်မှတ် လျှောက်ထားမှု ရပ်ဆိုင်း ပြီးနောက် ပတ်စ်ပို့ လုပ်ရန် ငွေကျပ် ၈ သိန်းအထိ စျေးပေါက်လာ၊ သွေးနှော များ နိုင်ငံကူးလက်မှတ်ရရန် အလွန် ခက်ခဲ

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

အကြမ်းဖက်စစ်ကောင်စီက အွန်လိုင်း QR CODE စနစ်ဖြင့် နိုင်ငံကူး လက် မှတ် လျှောက်ထားမှု အစီ အစဉ် ကို ဒီဇင်ဘာလ ၅ ရက်နေ့မှစတင်၍ ရပ်ဆိုင်း လိုက်ပြီးနောက် နိုင်ငံကူးလက်မှတ် လျှောက်ထားရန် မှောင်ခို စျေးကွက်တွင် အနည်းဆုံးငွေကျပ် ၄ သိန်းခွဲမှ ရှစ်သိန်းအထိ စျေးနှုန်းများ ပေါက်နေကြောင်း စုံစမ်းသိရှိရသည်။

နိုင်ငံကူးလက်မှတ် Passport လျှောက်ထားရန် Online မှ QR Code ရယူမှု ဒီဇင်ဘာ ၅ ရက်မှ စတင်ရပ်ဆိုင်းကြောင်း၊ ထိုသို့ ရပ်ဆိုင်းရခြင်းမှာလည်း Online Booking စနစ်ဖြင့် QR Code ရယူ၍ ရက်ချိန်းရယူလျှောက် ထားခြင်း ကို ရက်ချိန်းရယူလိုသူ မည်သူမဆို ကာယကံရှင်ကိုယ်တိုင် ၂၄ နာရီ ပတ်လုံး ပိတ်ရက်မရှိ (24/7) လွယ်ကူစွာလျှောက်ထားနိုင်ရန်အတွက် Online Booking စနစ်ကို ပြင်ဆင်ရေးဆွဲနေခြင်းကြောင့် ရပ်ဆိုင်းခြင်း ဖြစ် ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

QR Code စနစ်ကို ရပ်ဆိုင်းလိုက်ပြီးနောက် ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ အထိ စနစ်သစ်ဖြစ်သော Online Booking မစတင်နိုင်သေးဘဲ နိုင်ငံကူး လက်မှတ် လုပ်လိုလျှင် အနည်းဆုံးငွေကျပ် ၄ သိန်းခွဲမှ ၈ သိန်းအထိ ပေး၍ လုပ်ကြရ ကြောင်း၊ အလိမ်အညာများစွာဖြင့် အလိမ်ခံရသူများလည်း မြောက် မြားစွာ ရှိနေကြောင်း သိရှိရသည်။

“QR ပိတ်လိုက်တာ အခု ရက် ၂၀ ရှိလာချိန်မှာ နိုင်ငံကူးလက်မှတ် လုပ်ချင် တဲ့သူတွေ အတော်ကို ဒုက္ခရောက်ကြတယ်။ ရုံးထဲက သူတွေနဲ့ ပွဲစားတွေ ချိတ်ဆက်ပြီး ၄ သိန်းခွဲကနေ ၈ သိန်းအထိ တောင်းတယ်။ အရင်ထက် ပို စျေးကြီးတယ် လုပ်ရတာ။ အလိမ်အညာတွေလည်းများတယ်။ စနစ်သစ် Online Booking နဲ့ ၂၄ နာရီ လျှောက်လို့ရမယ်ဆိုတာ လည်း ဘာမှ ဖြစ် မလာတော့ လုပ်စားဂွင်ကြီးဖြစ်နေတာ” ဟု နိုင်ငံကူးလက်မှတ်ရရှိရေး ကြိုးပမ်းနေသူတစ်ဦးက ပြောသည်။

နယ်မြို့များသို့ ဆင်း၍ နိုင်ငံကူးလက်မှတ် လျှောက်ထားရယူမှုများ ရှိသော် လည်း နောက်ပိုင်းတွင် စစ်ကောင်စီက နယ်ကျော် နိုင်ငံကူးလက်မှတ် လုပ် ခွင့်များကိုလည်း ပိတ်ပင်လိုက်ကြောင်း သိရှိရသည်။

နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် အိန္ဒိယ၊ ပါကစ္စတန်၊ တရုတ်၊ ဟိန္ဒူ စ သည်ဖြင့် မှတ်ပုံတင်တွင် ဖော်ပြခံထားရသည့် သွေးနှော နိုင်ငံသားများ အနေ ဖြင့် နိုင်ငံကူး လက်မှတ်ရရှိရန် အလွန်ခက်ခဲပြီး အနည်းဆုံး ငွေကျပ် ၁၃ သိန်းမှ သိန်း ၂၀ အထိ ပေးမှ နိုင်ငံကူးလက်မှတ် ရရှိမှုများလည်းရှိကြောင်း သိရှိရသည်။

“အိန္ဒိယ၊ ပါကစ္စတန်၊ ဗမာဆိုပြီး မှတ်ပုံတင်မှာ လ၀ကက ရေးပေးထားတာ နိုင်ငံ ကူးလက်မှတ်လုပ်တော့ ပြန်လွှတ်တယ်။ စိစစ်ရမယ်။စာတင်ရမယ်နဲ့။ နောက် တစ်ခေါက်သွားတော့ လက်ခံထားတယ်။ ဘာမှ မပြောဘူး။ ကြာမယ်ပဲ ပြောတယ်။ ပွဲစားကတော့ လိုင်းရှိတယ်ပြောတယ်။ ၁၅ သိန်းလောက် ကုန် မယ်ပြောတယ်။ ဒါပေမယ့် မလုပ်နိုင်ဘူး။ အဲဒီလောက် မတတ်နိုင်လို့ ” ဟု ရန်ကုန် မြို့ခံတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် QR Code ဖြင့် နိုင်ငံကူးလက်မှတ် လျှောက်ထားသည့်စနစ် ရပ်ဆိုင်းလိုက်ပြီးနောက် နိုင်ငံကူးလက်မှတ်လျှောက်ထားလိုသူ ပြည်သူတိုင်း အလွန်ခက်ခဲနေရပြီး အလိမ်အညာများကြောင့် ငွေကြေးဆုံးရှုံးရမှုများစွာ ရှိနေကြောင်း သိရှိရသည်။

“ပတ်စ်ပို့လုပ်ကြတာ အများစုက ထိုင်း မလေးရှား၊ ဒူဘိုင်း အလုပ်သွားလုပ်ဖို့ တင်ကြတာများတယ်။ အခုက ဘယ်လိုမှ အဆင်မပြေဘူး။ ပတ်စ်ပို့ရုံးကလည်း အခုအချိန်အထိ ဘာမှကို ထပ်မကြေညာသေးတော့ ရန်ကုန် လာစောင့်ပြီး အချိန်ကုန် ငွေကုန်ဖြစ်နေတာ” ဟု စစ်ကိုင်းဒေသခံတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်ပ နိုင်ငံများသို့ လူငယ် များ ထွက်ခွာနေမှု များပြားနေ၍ တင်းကျပ် ကြပ်မတ်ရန်နှင့် ပြည်ပထွက် ခွာသွား သော အလုပ်သမားများအနေဖြင့် လစာ၏ ရာခိုင်နှုန်း မည်မျှကို ပြည် တွင်း ပြန်လည်ပေးပို့ရမည် ဆိုသော စာချုပ်ကို လက်မှတ်ရေးထိုးခိုင်းရန် ယခုနှစ်ဩဂုတ်လ ၁၈ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်ခဲ့သော လုံခြုံ ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီ အစည်းအဝေး အမှတ်စဉ် ၅/၂၀၂၂ တွင် ပြောဆိုခဲ့သည်။

မင်းအောင်လှိုင်က ပြည်ပနိုင်ငံများသို့ လူငယ်များ ဆက်တိုက်ထွက်ခွာ နေမှု ကြောင့် နောင်တွင် ပြည်တွင်းတွင် အလုပ်သမားရှားပါးမှု ပြဿနာ မဖြစ်ပေါ် စေရေးအတွက် ပြည်ပ ထွက်ခွာမှုများနှင့်ပတ်သက်၍ ကြပ်ကြပ်မတ်မတ် ဆောင် ရွက် ရန်နှင့် ပြည်တွင်းတွင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး ဆောင်ရွက်ရန် မင်းအောင်လှိုင်က ညွှန်ကြားခဲ့သည်။

ထို့ပြင် ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်သူ လူငယ်များ အနေဖြင့် ပြည်တွင်းသို့ လစာ၏ ရာခိုင်နှုန်း မည်မျှ ပေးပို့ရန် ဆိုသော အချက်ကိုလည်း စာချုပ်အဖြစ် ထည့်သွင်းကာ ပြည်ပမထွက်ခင်ကတည်းက တစ်ပါတည်း လက်မှတ်ရေးထိုးခိုင်းရန် မင်းအောင်လှိုင်က ပြောဆိုခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် ရန်ကင်း ပတ်စ်ပို့ရုံးတွင် ကြိတ် ကြိတ် တိုး တန်းစီနေကြသည့် လူငယ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article