28 C
Yangon

ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး အဖြစ် ဆက် ခန့်ရန် ဆုံးဖြတ်မှု ကုလညီလာခံက ဒီဇင်ဘာ ၁၆ ရက်နေ့ အတည်ပြုမည်၊ စစ်ကောင်စီက စိတ်ဆိုးမာန်ဆိုးဖြင့် တုံ့ပြန်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံ အမတ်ကြီး ဆက်လက် အတည်ပြုပြီး စစ်ကောင်စီ၏ တင်ပြချက်ကို ကုလ သမဂ္ဂစိစစ်ရေးကော်မတီက ရွှေ့ဆိုင်းလိုက်ကြောင်း ရိုက်တာသတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

နိုင်ငံပေါင်း ၉ ခုမှ ကိုယ်စားလှယ်များ ပါဝင်သော ကုလသမဂ္ဂအရည် အချင်း စိစစ်ရေးကော်မတီက စစ်ကောင်စီ၏ ကုလသမဂ္ဂ အသစ်အဖြစ် အဆိုပြု တင် ပြချက်ကို တစ်စုံတစ်ရာ ဆုံးဖြတ်ခြင်းမရှိဘဲ ရွှေ့ဆိုင်းလိုက်သဖြင့် လက်ရှိ ကုလ သမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဖြစ်နေသည့် ဦးကျော်မိုးထွန်း မှာ ဆက်လက်တည်ရှိ နေပြီး အချိန် ၉ လ ထပ်မံ တာဝန် ထမ်းဆောင်ခွင့်ရရှိသွားခြင်းဖြစ်သည်။

မြန်မာအကြမ်းဖက်စစ်ကောင်စီ၊ အာဖဂန်မှ တာလီဘန်အစိုးရ၊ လစ်ဗျား နိုင်ငံ တို့က တင်ပြသည့် ကုလသမဂ္ဂသံအမတ်အသစ် များ ခန့်အပ်ရေး အဆိုပြု ချက် များကိုလည်း ကုလသမဂ္ဂအရည်အချင်းစိစစ်ရေးကော်မတီက ရွှေ့ဆိုင်း လိုက် ကြောင်း သိရှိရသည်။

ကုလသမဂ္ဂအရည်အချင်းစိစစ်ရေးကော်မတီ၏ ဆုံးဖြတ်ချက်ကို လာမည့် ဒီဇင် ဘာလ ၁၆ ရက်နေ့ ကုလသမဂ္ဂအထွေထွေညီလာခံတွင် ဆက်လက် အတည် ပြု မည်ဖြစ်ကြောင်း သိရှိရသည်။

ကုလသမဂ္ဂအရည်အချင်းစိစစ်ရေးကော်မတီတွင် အဖွဲ့ဝင်နိုင်ငံများအဖြစ် ရုရှား၊
တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့လည်း ပါဝင်လျက်ရှိသည်။

မြန်မာအကြမ်းဖက်စစ်ကောင်စီက ကုလသမဂ္ဂအနေဖြင့် သံအမတ်ကြီး ဦးကျော် မိုးထွန်းကို ဆက်လက် အတည်ပြု ထားခြင်းသည် အကြမ်းဖက်မှုကို ကုလသမဂ္ဂက အားပေးခြင်းဖြစ်သည်ဆိုသော ပြင်းထန်သည့် သတင်း ထုတ် ပြန်မှုကို ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article