28 C
Yangon

၂၀၂၃ ခုနှစ် ကူးပြောင်းမည့် နှစ်သစ်ကူးည ပျော်ပွဲရွှင်ပွဲများအတွက် တစ်ညတာ ပုဒ်မ ၁၄၄ အမိန့်ပယ်ဖျက်ဟု ရန်ကုန် စစ်ကောင်စီက ထုတ်ပြန်

Must read

၂၀၂၃ ခုနှစ် ကူးပြောင်းမည့် နှစ်သစ်ကူးည ပျော်ပွဲရွှင်ပွဲများအတွက် တစ်ညတာ ပုဒ်မ ၁၄၄ အမိန့်ပယ်ဖျက်ဟု ရန်ကုန် စစ်ကောင်စီက ထုတ်ပြန်

ရန်ကုန်၊ ဒီဇင်ဘာလ ၂၉

၂၀၂၃ ခုနှစ် ကူးပြောင်းမည့် နှစ်သစ်ကူးည ပျော်ပွဲရွှင်ပွဲများအတွက် တစ်ညတာ ပုဒ်မ ၁၄၄ အမိန့်ပယ်ဖျက်ဟု ရန်ကုန်တိုင်း စစ်ကောင်စီက စာထုတ်ပြန်သည်။

ရန်ကုန်တိုင်း စစ်ကောင်စီ၏ အစီအစဉ်ဖြင့် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင် နေရာ တွင် နိုင်ငံတကာ နှစ်သစ်ကူးပွဲတော်(Count-Down Party)ကို စည်ကားသိုက် မြိုက်စွာ ကျင်းပပြုလုပ်ရန် စီစဉ်ထား ကြောင်း၊ ယင်းပွဲတော်ကျင်းပမည့် ဒီဇင် ဘာလ ၃၁ ရက်နေ့တွင် မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းနှင့် စတိတ်ရှိုးပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ထို့ကြောင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ထုတ်ပြန်ခဲ့သည့် ညမထွက် ရ အမိန့်ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၁၂ နာရီ မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် နံနက် ၄ နာရီအထိ တစ်ရက်တာ ခေတ္တ ပယ်ဖျက်သည်ဟု စစ်ကောင်စီ၏ အမိန့်စာက ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article