28 C
Yangon

၂၀၂၃ နှစ်သစ်တွင် စစ်အာဏာရှင် ပစ်မှတ်များကို တိုက်ခိုက်ရန်အတွက် Dark Shadow (UG) မြို့ပြပျောက်ကြားအဖွဲ့ ခွန်အားသစ်ဖြင့် ပြန်လာမည်

Must read

၂၀၂၃ နှစ်သစ်တွင် စစ်အာဏာရှင် ပစ်မှတ်များကို တိုက်ခိုက်ရန်အတွက် Dark Shadow (UG) မြို့ပြပျောက်ကြားအဖွဲ့ ခွန်အားသစ်ဖြင့် ပြန်လာမည်

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

ရန်ကုန်မြို့ပြပျောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သော Dark Shadow (UG) မြို့ပြပျောက်ကြားအဖွဲ့သည် လာမည့် ၂၀၂၃ ခုနှစ်တွင် ရန်ကုန်မြို့တွင်း စစ်အာဏာရှင်နှင့်သက်ဆိုင်သော ပစ်မှတ်များကို တိုက် ခိုက် သွားမည်ဖြစ်ကြောင်း Dark Shadow (UG)အဖွဲ့၏ ခေါင်းဆောင်တစ်ဦးက ရန်ကုန် ခေတ်သစ် ထံသို့ ပြောဆိုသည်။

ရန်ကုန်တွင် အကြမ်းဖက်စစ်အာဏာရှင် အလုံးစုံပျက်သုဉ်းရေး၊ ဒီမိုကရေစီရရှိရေးအတွက် တော်လှန် ရေး Mission များ အောင်မြင်စွာဆောင်ရွက်နိုင်ရန် အကြမ်းဖက်စစ်ကောင်စီ၏ အစွယ်အပွားများပိုင် Bar ၊ Club များအပါအဝင် စစ်ကောင်စီ၏ စီးပွားရေး၊ အုပ်ချုပ်ရေး နှင့် စစ်ရေး ထောက်တိုင်များ၊ စစ်ကောင်စီ၏ လက်ပါးစေ ရဲကင်းစခန်းများ၊ဌာနဆိုင်ရာ ရုံးများ၊ စနှင့် ဝေးရာသို့ ရှောင်ရှားသွားလာ နေထိုင်ခြင်းဖြင့် ပူးပေါင်းပါဝင်ကြရန် Dark Shadow (UG) မြို့ပြပျောက်ကြားအဖွဲ့က ပြည်သူသို့ ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ပန်ကြားထားသည်။

Dark Shadow (UG) မြို့ပြပျောက်ကြားအဖွဲ့သည် ဒီဇင်ဘာ ၁ ရက်နေ့တွင် တစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ် ပြီး တစ်နှစ်အတွင်း စစ်ကောင်စီ၏ ထောက်တိုင်များ၊ ရဲကင်းစခန်းများနှင့် စစ်ကောင်စီနှင့် ပတ် သက်ဆက်နွယ်နေသော စီးပွားရေး ထောက်တိုင်များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး တော်လှန် ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ပြည်သူများ၏ ထိခိုက်မှုကို တွက်ဆပြီး ဖျက်သိမ်းခဲ့ရသော မစ်ရှင်များလည်း ရှိခဲ့ကြောင်းလည်း အဆိုပါအဖွဲ့၏ တာဝန်ရှိသူက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီ၏ စီးပွားရေး၊ အုပ်ချုပ်ရေး နှင့် စစ်ရေး ထောက်တိုင်များကို Dark Shadow (UG) အဖွဲ့အနေဖြင့် ၂၀၂၃ တွင်လည်း ပြင်းထန်စွာ တိုက်ခိုက်သွားမည်ဖြစ်ကြောင်းနှင့် အဖွဲ့အနေဖြင့် တစ်နှစ်တာ ကာလအတွင်း Mission ပေါင်း ၂၃ ခုအထိ လုပ်ဆောင်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။

” နှစ်သစ်မှာစစ်ဆင်ရေးတွေ ပွဲတွေရှယ်ကဖို့အတွက် ပြင်ဆင်နေပါပြီ” ဟု Dark Shadow (UG) မြို့ပြ ပျောက်ကြားအဖွဲ့တာဝန်ရှိသူက ဆက်ပြောသည်။

Dark Shadow(UG) အဖွဲ့သို့ ကူညီထောက်ပံ့လိုသည့် ပြည်သူများ၊ စစ်ကောင်စီနှင့် ပတ်သက်သော သတင်းပေးလိုသူများ၊ သတင်းမီဒီများမှ ဆက်သွယ်လိုပါက တရားဝင် Telegram Channel ဖြစ် သည့် https://t.me/DarkShadowYgnUG သို့ ဆက်သွယ်နိုင်ကြောင်း မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article