28 C
Yangon

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ မနုနုအောင်၊ မခက် ခက်အောင် နှင့် ကိုမြတ်သူတို့ကို စစ်ကောင်စီက ထောင်ဒဏ် ၁၅ နှစ်ချမှတ်

Must read

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ မနုနုအောင်၊ မခက် ခက်အောင် နှင့် ကိုမြတ်သူတို့ကို စစ်ကောင်စီက ထောင်ဒဏ် ၁၅ နှစ်ချမှတ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ မနုနုအောင်၊ မခက် ခက်အောင်နှင့် ကိုမြတ်သူတို့ကို အကြမ်းဖက် စစ်ကောင်စီက ထောင် ဒဏ် ၁၅ နှစ် ချမှတ်လိုက်ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ကျိုက် မရော ထောင် တရားရုံးက ၈၈ မျိုး ဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့ အစည်းမှ မနုနုအောင်၊ မခက်ခက်အောင်နှင့် ကိုမြတ်သူတို့ကို ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီက မနုနုအောင်၊ မခက်ခက်အောင်နှင့် ကိုမြတ်သူ တို့ ကို ပုဒ်မ – ၅၀ ည အတွက် ထောင်ဒဏ် – ၁၀နှစ်၊ ပုဒ်မ – ၅၁ (ဂ) အတွက် ထောင် ဒဏ် ၅ နှစ် အသီးသီးချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက မနုနုအောင်နှင့် မခက် ခက်အောင် ၊သားဖြစ်သူ ကိုမြတ်သူ တို့ကို စစ်ကောင်စီ တရားရုံးက ပုဒ်မ- ၅၀ (ည) နှင့် ထောင်ဒဏ် ၁၀ နှစ်၊ ၅၁(ဂ) နဲ့ ထောင်ဒဏ် ၅ နှစ် စီ ဒီဇင် ဘာ ၂၃ ရက် နေ့ အပြီးသတ် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

“သူတို့ဟာ ကျန်းမာရေး မကောင်းလို့ ဘားအံမှာ ဆေးသွားကုရင်း ဧပြီလ ၂၆ ရက်နေ့က စစ်ထောက်လှမ်းရေးအဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံရပြီး ၁၂ ရက်ကြာ စစ်ကြောရေးခံခဲ့ရပါတယ်။ စစ်ကြောရေးကတဆင့် မော်လမြိုင် မြို့မ ရဲစခန်း ကို ရောက်ရှိခဲ့ပြီး မော်လမြိုင် မြို့မ ရဲစခန်းမှူး ဦးလှထွန်းက တရားလို ပြုလုပ် ကာ ပုဒ်မ- ၅၀(ည) ၊ ၅၁(ဂ) တို့နဲ့ အမှုဖွင့်တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ မော်လ မြိုင်ခရိုင်တရားရုံးမှာ ရမန်ယူပြီး ဒီနေ့ ကျိုက်မရောထောင်ကို ပို့ဆောင် လိုက် တာ။ မနုနုအောင်ဟာ ခြေထောက် အရွတ်ပြဲ အကြောရောင်ရောဂါနဲ့ လမ်း ကောင်းကောင်းမလျှောက်နိုင်သလို မခက်ခက်ဟာလည်း အာရုံကြော အား နည်း ရောဂါနဲ့ ခန္ဓာကိုယ် အောက်ပိုင်း ချိနဲ့ နေတာဖြစ်ပါတယ်။ မခက်ခက် အောင် သားကိုမြတ်သူကတော့ သူ့မိခင်ဆေးခန်းပြရာမှာ အဖော် အဖြစ် လိုက် ပါ ရင်း စစ်ထောက်လှမ်းက သူ့ကိုပါ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်” ဟု အမှုဖြစ်စဉ် အကြောင်း သေချာသိရှိထားသူ မိတ်ဆွေတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article