ရန်ကုန်၊ ဒီဇင်ဘာ ၂
ရန်ကုန်၊ တောင်ဥက္ကလာမြို့နယ် ဝေဇယန္တာလမ်း နှင့်
ဂန္ဓမာလမ်းထောင့်ရှိ အကြမ်းဖက် စစ်တပ် ကင်းဂိတ်ကို မြို့ပြ UG အဖွဲ့များက လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန် UG အဖွဲ့များထံမှ သိရသည်။
ဒီဇင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၇ မိနစ်တွင် တောင်ဥက္ကာလာပမြို့နယ် ဝေဇယန္တာလမ်းနှင့် ဂန္ဓမာလမ်းထောင့်ရှိ အကြမ်းဖက် စစ်တပ် ကင်းဂိတ်ကို GY G အဖွဲ့နှင့် မဟာမိတ်တစ်ဖွဲ့တို့မှ လက်ပစ်ဗုံးဖြင့် ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“စစ်ခွေး ကင်းတဲကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ပါတယ်။ စခများနဲ့လည်း ဝေးဝေးနေပေးကြဖို့လည်း ပြည်သူများအားထပ်မံ တောင်းဆိုလိုက်ပါတယ်။ ပြည်သူတွေရှိတေနေလို့ ဒုတိယတစ်ခု ဖောက်ခွဲမယ့် အစီအစဥ်ကို ရပ်နားလိုက်ရတယ်” ဟု Generation Y Guerilla အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အလားတူ ရန်ကုန်၊ တောင်ဒဂုံမြို့နယ် တစ်နေရာ၌လည်း ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အသံ ကျယ်လောင်သော ပေါက်ကွဲသံ တစ်ချက် ထွက်ပေါ်ခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။
ထို့ပြင် ကမာရွတ်မြို့နယ်တွင်လည်း ဒီဇင်ဘာလ ၁ ရက်နေ့ ည ၇ နာရီ ၃၆ မိနစ်၌ ပေါက်ကွဲသံ ထွက်ပေါ်ခဲ့ပြီး မည်သည့်နေရာ၌ ပေါက်ကွဲမှု ဖြစ်ပွားသည်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။