30 C
Yangon

ညောင်ဦးမြို့နယ်၊ တက်မမှော်တွင် PDF ကွန်မန်ဒို ၄ ဦးက ဝင်ပစ်သဖြင့် စဉ့်ကူ နယ်မြေ ရဲစခန်းမှူး နှင့် ရဲတပ်သား ၄ ဦး သေဆုံး၊ သေနတ် ၃ လက် သိမ်း ဆည်း ရမိ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂

မန္တလေးတိုင်း၊ ညောင်းဦးမြို့နယ်၊ တက်မမှော်တွင် မတရားအခွန်ကောက်နေ သည့် စဉ့်ကူနယ်မြေရဲစခန်းမှူးနှင့် ရဲတပ်သား ၄ ဦးကို PDF ကွန်မန်ဒို ၄ ဦးက ဝင် ရောက် ပစ်ခတ်ရာ ရဲ ၅ ဦးသေဆုံးပြီး သေနတ် ၃ လက်ရရှိကြောင်း ပခုက္ကူ မြို့ပြ ပြောက်ကျားတပ်ဖွဲ့(တပ်ဖွဲ့-၂)မှ ဗိုလ်ရန်နောင်က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် ညောင်ဦးမြို့နယ်၊တက်မရွာ ရေနံ မှော် နှင့် အလယ်မှော်တွင် မတရားအခွန် ကောက်ခံပြီး ဘီယာဆိုင်တွင် သောက် စား နေကြစဉ် ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့(တပ်ဖွဲ့-၂)မှ ကွန်မန်ဒို ရဲဘော်လေးယောက်ဖြစ်သော ရဲဘော်ဒီး၊ရဲဘော်ပုဂံကြီး၊ရဲဘော် ပုဂံလေး နှင့် ရဲဘော် King တို့က ဝင်ရောက် ပစ်ခတ်ကြောင်း၊ ညောင်ဦး မြို့နယ် စဉ့်ကူ ရဲစခန်း မှူး အပါအဝင် ရဲ ၅ ဦးသေဆုံးကြောင်း ၊ G 3 ၂ လက်နှင့် အူဇီ ၁ လက် သိမ်း ဆည်းရမိကြောင်း သိရှိရသည်။

“ပြည်သူကို မတရားအခွန်ကောက်ခြင်း၊ လက်နက်အားကိုးဖြင့် အနိုင်ကျင့်ခြင်း မတရားဥပဒေများဖြင့် ပြည်သူကို ဖိနှိပ် နှိပ်စက်နေသော ညောင်ဦး​မြို့နယ် စဥ့်ကူ ရဲစခန်းမှ စခန်းမှူးအပါအဝင် ရခ ငါးကောင်တို့အား တက်မမှော်အတွင်း ရှိ ဘီယာ ဆိုင်တစ်ခုတွင် ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့(တပ်ဖွဲ့-၂)မှ ကွန်မန်ဒို ရဲဘော်ဒီး၊ ရဲဘော်ပုဂံကြီး၊ရဲဘော်ပုဂံလေး နှင့် ရဲဘော်King တို့က ဝင်ရောက် ရှင်းလင်းခဲ့ပါသည်။ ထိုတိုက်ပွဲမှ G3 နှစ်လက်နှင့်အူဇီတစ်လက် သိမ်း ဆည်းရရှိခဲ့ပါသည်” ဟု ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့(တပ်ဖွဲ့-၂)မှ ဗိုလ်ရန်နောင်က သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ တပ်ခွဲ-၁ မှ သတင်း အချက်အလက် ထောက်လှမ်းပေးမှုနှင့်အတူ အချိန်တစ်လ​ကျော်ကြာပြင် ဆင်ခဲ့ရကြောင်း၊ ပစ်ခတ်မှုတွင် ရဲဘော်တစ်ဦးပေါင်ကိုကျည်ထိမှန်ခဲ့ကြောင်း၊ စစ်ဆင်ရေးများအတွက် အကြွေးသိန်း ၂၀၀ နီးပါးရှိနေ သည့်အတွက် ပြည်သူ များ အနေဖြင့် ကူညီလှူဒါန်းကြရန်လည်း ပခုက္ကူမြို့ပြ ပြောက်ကျား တပ်ဖွဲ့(တပ်ဖွဲ့-၂)မှ ဗိုလ်ရန်နောင်က ပြောဆိုထားသည်။

“ပုဂံညောင်ဦးမြို့နယ်၊ တက်မရွာရေနံမှော် အလယ်မှော် ဆိုင်မှာ စဥ့်ကူရဲစခန်း မှူး အပါဝင် ရဲ ၅ ဦး ပစ်ခတ်မှုဖြစ်ပြီး သေါပတယ်။ စစ်ကားတွေ ၃ စီး အင် အားအပြည့် ရောက်လာပြီး သောင်းကျန်းနေတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article